အထပ်မြင့် ၅၁ လုံးစစ်ဆေးမှုယနေ့တင်ပြမည်

အထပ်မြင့် ၅၁ လုံးစစ်ဆေးမှုယနေ့တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
4 Aug 2016 9:25 am တွင် တင်ခဲ့သည်
1406 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက် အအုံများဆောက်လုပ်မှု စိစစ်ရေးကော်မတီက
စစ်ဆေးလျက်ရှိသည့် အဆောက်အအုံ ၁၅၈ လုံးအနက် မြေသားလုပ်ငန်းဆောင် ရွက်လျက်
ရှိသည့် ၅၁ လုံးကို လက်ရှိစစ်ဆေး လျက်ရှိရာ ယနေ့ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ဆေးတွေ့ရှိချက်များကို တင်ပြသွားမည်ဟု ကော်မတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောသည်။

"လောလောဆယ်မှာ စစ်ပြီးတာ ၃၁ လုံး ရှိပြီ။ ၅၁ လုံးမှာ အလုံး ၂၀ ကျန်သေးတယ်။
အလုံး ၂၀ မှာ ကျွန်တော်တို့မှန်းတာတော့ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်တွေမှာ
တော်တော်များများပြီးနိုင်တယ်။ ပြီးသွားရင် ကြာသပတေး အစိုးရအစည်းအဝေးမှာ
တင်ပြသွားမယ်"ဟု ၎င်းက ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ စစ်ဆေးပြီးရလဒ်များကို
ကော်မတီ က ညွှန်ကြားချက်ထုတ်ပြန်သွားမည် မဟုတ်ဘဲ အစိုးရအဖွဲ့သို့ တင်ပြပြီးပါက
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ကို
ရလဒ်အဖြေများအတိုင်း ညွှန်ကြား သွားမည်ဖြစ်သည်။

"စစ်ဆေးပြီးရလဒ်တွေကိုတော့ ကော်မတီက မထုတ်ဘူး။ ကျွန်တော်တို့က အစိုးရ အဖွဲ့ကိုပဲ
တင်ပြခွင့်ရှိတာ။ အစိုးရအဖွဲ့က အစည်းဝေးပြန်ထိုင်တယ်။ ပြန်ထိုင်ပြီးမှ စည်ပင်ကို
ညွှန်ကြားချက်ထုတ်ပြီး စည်ပင်သာယာက တစ်ဦးချင်းစီကို စာပို့မယ်" ဟု ဦးရဲမင်းဦးက
ပြောသည်။ စစ်ဆေးမှုရလဒ်များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များဘက်က ကျေနပ်မှုမရှိပါက
သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် စည်ပင်သာ ယာ အင်ဂျင်နီယာဌာနတို့နှင့် ဆွေးနွေး ညှိနှိုင်းသွားနိုင်ပြီး
ကော်မတီက ပါဝင် ဖြေရှင်းမည်မဟုတ်ကြောင်း သိရသည်။

"တချို့လုပ်ငန်းရှင်တွေက လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့နဲ့ စည်ပင်ကြားထဲမှာ
နားလည်မှုလွဲနေတာရှိရင် အစိုးရအဖွဲ့ကို ပြန်တင်ပြဖို့ ရှိတယ်။ အစိုးရအဖွဲ့က ပြန်သုံးသပ်သွားမယ်။
ကျွန်တော်တို့ကော်မတီနဲ့မဆိုင်တော့ဘူး။ ကျွန်တော်တို့ကော်မတီက အမှားတွေ့ရှိ ချက်ကိုပဲ
တင်ပြမှာ" ဟု ၎င်းက ပြောသည်။

လက်ရှိကော်မတီက စစ်ဆေးလျက်ရှိ သည့် စည်းမျဉ်းများသည် ပြီးခဲ့သည့် ခွင့်ပြု မိန့်ရရှိပြီး
အထပ်မြင့်အဆောက်အအုံ ၆၄ လုံးစစ်ဆေးသည့် စည်းမျဉ်းများနှင့် တူညီပြီး ကော်မတီ၏အသုံးပြုစစ်ဆေးနေသည့်စည်းမျဉ်းများမှာ နောက်ပိုင်းတွင် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ လိုက်နာရမည့် မူဝါဒများ ဖြစ်လာမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ထို့ပြင်
စည်ပင်သာယာရေးကော်မတီကလည်း ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဥပဒေမူဝါဒတစ်ခုအဖြစ်
အသက်မသွင်း နိုင်ခဲ့ဘဲ ဥပဒေကြမ်းတစ်ခုဖြစ်သာ ရှိနေ သည့် မြို့မြေအသုံးချမှုဇုန် (Zoning Plan) ကို
လာမည့်သုံးလအတွင်း အပြီးသတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့ပြအင်္ဂါရပ်ကို အဓိကထား စစ်ဆေးသည့် ကော်မတီ၏ စည်းမျဉ်းများသည် မကြာခင်
ပေါ်ထွက်လာနိုင်မည့် မြို့မြေ အသုံးချမှုဇုန်၏ မူဝါဒများတွင် အားလုံး တစုတဝေးတည်း
ပါဝင်သွားမည်ဖြစ်ကာ အထပ်မြင့်ဆောက်လုပ်မည့် လုပ်ငန်းရှင် များသည် ယင်းမူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်ရတော့မည်ဖြစ်သည်ဟု ဦးရဲမင်းဦးက ပြောသည်။

ကော်မတီက အထပ်မြင့်အဆောက် အအုံများကို စစ်ဆေးရာတွင် အဆောက် အအုံတစ်ခုတည်းကို
မူတည်ကာ စစ်ဆေး နေခြင်းထက် ယင်းအဆောက်အအုံ၏ တည်နေရာအရ ဘေးပတ်ဝန်းကျင်
ထိခိုက် နစ်နာနိုင်ခြေ၊ မြို့အင်္ဂါရပ် ထိခိုက်နိုင်ခြေ များကို ထည့်သွင်းစစ်ဆေးရခြင်းမှာ လက်ရှိ
ရန်ကုန်မြို့တွင် ခံစားနေရသည့် ရေကြီးမှု၊ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ကျစေခြင်းကြောင့်ဖြစ်သည်ဟု
ဆိုသည်။

မူအားဖြင့် ခွင့်ပြုချက်ရရှိထားသည့် ၁၅၈ လုံးတွင် ကော်မတီက မြေသားလုပ်ငန်းဆောင်ရွက်လျက်
ရှိသည့် ၅၁ လုံးသာ ပြန်လည် ကွင်းဆင်းစိစစ်ပြီး ကျန် ၁၀၇ လုံးမှာ လုပ် ငန်း စတင်ဆောင်ရွက်ခြင်း
မရှိသေးသည့် အတွက် ၎င်းတို့၏ ဆောက်လုပ်ခွင့်(ပါမစ် ကြီး) ရရှိရန် အင်ဂျင်နီယာ
(အဆောက်အအုံ)ဌာနသို့ သက်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများအတိုင်း ဆောက်လုပ်ခွင့်ပြုမိန့်
ရရန် ဆက်လက်လျှောက်ထားနိုင်သည်ဟု ဇူလိုင် ၂၂ ရက်တွင် စည်ပင်သာယာရေး ကော်မတီက
သတင်းထုတ်ပြန်ခဲ့သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service