ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ်များ စတင်တည်ဆောက်ရန် စီစဉ်နေ

ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ်များ စတင်တည်ဆောက်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
3 Aug 2016 11:12 am တွင် တင်ခဲ့သည်
2151 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့်ဟိုတယ်များစတင်တည်ဆောက်ရန် စီစဉ်နေ ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် မြေနေရာ လေ့လာမှုများကိုပြုလုပ်ထားပြီးဖြစ်ကာ အနည်းဆုံး ဟိုတယ်နှစ်လုံးကို စတင်တည် ဆောက်သွားရန်စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဟားခါးမြို့ပြဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးဦးဆလိုင်းအိုက်ဇက်ခင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဇူလိုင်၃၁ရက်ကပြောသည်။ ဦးဆလိုင်းအိုက်ဇက်ခင်က ''ကျွန် တော်တို့တည်ဆောက်ဖို့ စတင်စစ် ဆေးနေပါပြီ။ စစ်ဆေးပြီးရင်တော့ ခွင့်ပြုပေးသွားမှာပါ။ ဟားခါးမြို့မှာ ပဲတည်ဆောက် သွားမှာပါ။ ဟိုတယ် တစ်လုံးကိုမြေဧကငါးဧကလောက် ပေးဖို့တော့စီစဉ်ထားပါတယ်''ဟု ပြောသည်။

လက်ရှိအချိန်တွင်ဟိုတယ်နှစ်လုံးတည်ဆောက်ရန်စီစဉ်ထားပြီး ပုဂ္ဂလိက ကုမ္ပဏီများကလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ''ဟိုတယ် တည်ဆောက်ရင် တော့အနည်းဆုံးတော့ အခန်း ၂ဝ ရှိရပါ့မယ်။

ဘယ်လိုတည်ဆောက်မယ်ဆိုတာမျိုးကတော့ အသေးစိတ် ပြောလို့မရသေးပါဘူး။ ကျွန်တော် တို့ကမြေနေရာလုပ်ပြီးရင် သူတို့ Proposal တင်မယ်။ အဲဒီအခါမှ သေချာပြောပြနိုင်မယ်''ဟု ၎င်းက ဆက်လက်ပြော သည်။ ချင်းပြည်နယ်၊ ဟားခါးမြို့၌ လက်ရှိအချိန်အထိတွင် ဟိုတယ် လေးလုံးခန့်ရှိသော်လည်း အသေးစားများသာဖြစ်ပြီး အဆင့်မြင့်ဟိုတယ်များ မရှိသေးကြောင်းသိသည်။ ယင်းနှင့်ပတ်သက်ပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဦးတင် ထွန်းအောင်က ''ချင်းပြည်နယ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမယ့် ပြည်နယ်တစ်ခုပါ။

ချင်းလူမျိုးစုတွေ ရဲ့ယဉ်ကျေးမှုတွေ၊ သဘာဝတော တောင်အလှတွေကလည်း အင်မတန်လှပါတယ်။ ဒါတွေကို နိုင်ငံခြား သားတွေကတော်တော်စိတ်ဝင်စားပါတယ်။ ဧည့်သည်စိတ်ဝင်စားမှု ကတော်တော်ရှိပါတယ်။ ခရီးသွား လုပ်ငန်းပွင့်လင်းလာတာနဲ့ဟိုတယ် တွေ၊စားသောက်ဆိုင်တွေလိုအပ်လာမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ တည်းခိုခန်းအဆင့်ပဲရှိပါသေးတယ်၊ ချင်းပြည်နယ်ရဲ့ အဓိကအခက်အခဲကတော့ လမ်းပန်းဆက် သွယ်ရေးပဲ။ လမ်းပန်းဆက်သွယ်ရေးကောင်း လာတာနဲ့ခရီးသွားလုပ်ငန်းလည်း ပွင့်လင်းလာမှာပါ''ဟုပြောသည်။

ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန်အတွက် လက်ရှိအချိန်တွင်လည်း ခရီးသွားလုပ် ငန်းဆိုင်ရာလှုပ်ရှားမှုများအများအပြားလုပ်ဆောင်နေကြောင်း၊ ခရီးသွားလုပ်ငန်းမှဒေသဖွံ့ဖြိုးရေး ကိုအထောက်အကူပြုသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းနှင့်ပတ်သက်ပြီး ဒေသခံများကိုအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်နေကြောင်းလည်းသိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service