ပုဂံတွင် ဆောက်လက်စ ဟိုတယ် ၂၅ လုံးကို အမြင့်ပေကန့်သတ်ချက်ဖြင့် ဆက်လက်တည်ဆောက်ခွင့်ပြု

ပုဂံတွင် ဆောက်လက်စ ဟိုတယ် ၂၅ လုံးကို အမြင့်ပေကန့်သတ်ချက်ဖြင့် ဆက်လက်တည်ဆောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1 Aug 2016 10:54 am တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး
ပုဂံဒေသတွင် ဆက် လက်ဆောက်လုပ်ခွင့် ရပ်ဆိုင်းခံ ထားရသည့် ဟိုတယ် ၄၂ လုံး အနက် လုံးဝဆောက်လုပ်ရခြင်း မရှိသေးသည့် ဟိုတယ် ၁၇ လုံးမှလွဲ၍ ကျန်ဆောက်လက်စ ဟိုတယ် ၂၅ လုံးကို အမြင့်ပေကန့် သတ်ချက်ဖြင့် ဆက်လက်တည် ဆောက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သို့သော် ဆောက်လက်စ ဟိုတယ်များအားလုံးကို ပေ ၃၀ အမြင့်ထိသာ ခွင့်ပြုမည်ဖြစ်သော ကြောင့် သတ်မှတ်အမြင့်ထက် ကျော်လွန်နေပါက ပြန်လည် လျှော့ချပေးရမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ဆက်လက် ပြောကြားသည်။

‘‘လုံးဝဆောက်လုပ်ရခြင်း မရှိသေးတဲ့ ၁၇ လုံးကိုတော့ တား မြစ်သွားမှာဖြစ်ပြီး ကျန်တစ်ဝက် တစ်ပျက်ပြီးနေတဲ့ ဟိုတယ်တွေ ကိုတော့ ဆက်ပြီးတည်ဆောက် ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စေတီပုထိုးတွေရဲ့ မြင်ကွင်းကို ကာမသွားစေဖို့အတွက် ပေ ၃၀ ထက် ပိုမမြင့်ရဆိုတာ ရှိပါတယ်။ အဲဒီအမြင့်ထက် ကျော်နေတာ တွေကိုတော့ ပြန်ပြီးညှိသွားမှာ ဖြစ်ပါတယ်’’ဟု ဇူလိုင် ၂၉ ရက်ကမန္တလေးမြို့ရှိ ဟိုတယ် မန္တလေး တွင် ပြုလုပ်သည့် ပုဂံကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုလာစေရန် ပြုလုပ်သည့် ဆွေးနွေးပွဲ ခေတ္တရပ်နား ချိန်၌ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက သတင်းထောက် များအား ဖြေကြားခဲ့သည်။

ပုဂံဒေသတွင် ဟိုတယ်များ နှင့် လူနေအိမ်များအပါအဝင် အ ဆောက်အအုံများအားလုံးကို အ မြင့်ပေ ၃၀ ထက်မကျော်စေရန် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး အချို့သော ဟိုတယ်များမှာ ပေ ၄၀၊ ပေ ၅၀ အထိ တည်ဆောက် ထားကြောင်း၊ လူနေအိမ်အချို့မှာ လည်း ခရီးသည်များအား HomeStay အနေဖြင့် ဝန်ဆောင်မှုပေး ရန် အိမ်ကို အထပ်မြင့်မှုများ ဆောက်လုပ်ထားသည့်အတွက် အဆိုပါအဆောက်အအုံများကို ပြန်လည်လျှော့ချပေးရန် ညှိနှိုင်းမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ခွင့်ပြုသည့် ဟိုတယ်များကို အရင်းကျေကာလအဖြစ် ၁၅ နှစ်သာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါကာလကို ကျော်လွန်ပါကဆက်လက်လုပ်ကိုင်ခွင့်မပြုတော့ ဘဲ ရှေးဟောင်းဇုန်နယ်နိမိတ်ဖြင့် ကင်းလွတ်သည့် ဟိုတယ်ဇုန်နေ ရာသစ်သို့ ရွှေ့ပြောင်းလုပ်ကိုင်ရ မည်ဖြစ်ကြောင်း ဝန်ကြီးက ပြော ကြားသည်။

‘‘သက်တမ်းကုန်သွားတဲ့ ဟိုတယ်တွေကို တချို့လည်း ဖျက်သိမ်းရတာ ရှိပါမယ်။ မဖျက်သိမ်း ဘဲနဲ့ လူထုအပန်းဖြေတဲ့နေရာမျိုး၊ စာကြည့်တိုက်မျိုး၊ ပညာပေးတဲ့ နေရာမျိုးတွေကိုလည်း ထားခဲ့မှာ ပါ’’ဟု သူရဦးအောင်ကိုက ပြော သည်။

‘‘ပေ ၃၀နှစ်ထပ်တွေက ရှုပ် တယ်ဗျ။ ပေ ၃၀ဆိုလည်း ပေ ၃၀ မမြင့်ရပြီးရောပေါ့။ ပေ ၃၀မမြင့် ဘဲ သုံးထပ်ဆောက်ရင်တောင် ပြ ဿနာဖြစ်နေပြန်ရော။ ကျွန်တော် တို့လိုချင်တာက ပင်လယ်ရေမျက် နှာပြင်အထက် ဘယ်လောက်အ မြင့်ဆိုပြီး သတ်မှတ်ရမှာ။ ပုဂံ မြို့ထဲမှာကိုပဲ ကုန်းပေါ်ကျတဲ့နေ ရာနဲ့ ကုန်းမြင့်ကျတဲ့နေရာရှိ တယ်။ ခေတ်မမီသေးဘူးလို့ပြော ရမှာပဲ။ ဒုတိယသမ္မတဦးဉာဏ် ထွန်းလက်ထက်တုန်းကတည်း ကပြောနေတာ။ ဒီအတိုင်းပဲ ဆက် သွားနေတာပဲ။ ဇုန်သုံးဇုန်အတွင်း မှာ ဘယ်အဆောက်အအုံမှ ဆောက်လို့မရဘူးဆိုပြီး ပြောနေ တာ ၁၉၉၈ကတည်းကပြောနေ တာ။ ဆောက်နေကြတာပဲ။ အခု လည်း ဒီအတိုင်းပဲပြောနေတာပဲ။ အဲဒါတွေကို ဘာလို့အရေးမယူ တာလဲ။ ၁၉၉၈နောက်ပိုင်းမှာ ဆောက်တဲ့လူတွေကော အရေး မယူတော့ဘူးလား’’ဟု ပုဂံမြို့ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဇော်ဝိတ်ကပြောသည်။

လုံးဝမတည်ဆောက်ရသေး သည့် ၁၇ လုံးသည် ရှေးဟောင်းဇုန် သုံးခု၏ အပြင်ဘက်တွင်သာ တည်ဆောက်ခွင့် ရမည်ဖြစ်ပြီး လက်ရှိတည်ဆောက်ခွင့်ရထား သည့်နေရာများ၌ တည်ဆောက်ခွင့်ကို တားမြစ်မည်ဟု ဆိုသည်။

လက်ရှိတွင် ပုဂံဒေသ၌ ဟိုတယ်ပေါင်း ၁၄၁ လုံးရှိပြီး အားလုံးနီးပါးမှာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ တည်ရှိနေ၍ အချိန်ကာလတစ်ခု သတ်မှတ်ကာ ယဉ်ကျေးမှုနယ်မြေအပြင်ဘက်သို့ ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)နှင့် ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ်တင် သွင်းရေးအတွက် အဆိုပြုစာရေး သားပြုစုရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်း ၀င်းက ပြောသည်။

ဟိုတယ်များ ခွင့်ပြုလိုက် သည့်အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် ဝင်ရောက်ရေးကို မထိခိုက်စေရန် သတ်မှတ်ချက် များကို ယူနက်စကိုနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service