ယခု ဘဏ္ဍာနှစ်အတွင်း ဧရာဝတီ၌ ကျောင်းဆောင်သစ် ၃၂၆ ဆောင် တည်ဆောက်မည်

ယခု ဘဏ္ဍာနှစ်အတွင်း ဧရာဝတီ၌ ကျောင်းဆောင်သစ် ၃၂၆ ဆောင် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1 Aug 2016 10:48 am တွင် တင်ခဲ့သည်
1638 ကြိမ် ကြည့်ရှု့ပြီး
ယခု ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ၂၆ မြို့ နယ်တွင် ကျောင်းဆောင်သစ် ၃၂၆ ဆောင်ကို ကျပ် ၁၁ ဘီလီယံအကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းပညာဦးစီးဌာနမှူးရုံးမှ သတင်းရရှိသည်။

အသစ်တည်ဆောက်မည့် ကျောင်းဆောင်များတွင် မူလ တန်း၊ အလယ်တန်းနှင့် အထက် တန်းကျောင်းအားလုံး ပါဝင်ပြီး ကျောင်းဆောင်များ တည်ဆောက်ရန် မြို့နယ်အလိုက် လုပ်ငန်းတွဲစနစ်ဖြင့် တင်ဒါ ခေါ်ယူနေရှိသည်။

ကျောင်းတည်ဆောက်မည့် တင်ဒါရွေးချယ်ရေးအဖွဲ့ကအမှတ် ပေးစနစ်ဖြင့် ကုမ္ပဏီများ ရွေး ချယ်မည်ဖြစ်ပြီး လုပ်ငန်း ကျွမ်း ကျင်မှုအတွက် အမှတ် ၇၀၊ ဈေး နှုန်းသင့်တင့်မှုအတွက် အမှတ် ၃၀၊ စုစုပေါင်း အမှတ် ၁၀၀ ပေး ထားသည်။

‘‘နာမည်ပျက်ရှိတဲ့ ကုမ္ပဏီ တွေရဲ့စာရင်းတွေကို စုဆောင်း ထားတာရှိပါတယ်။ တင်ဒါစည်း မျဉ်းစည်းကမ်းတွေကိုတင်ဒါကြီး ကြပ်တဲ့အဖွဲ့က ကုမ္ပဏီတွေကို ခေါ်ပြီး ရှင်းပြမယ်။ စိစစ်မှုတွေကို လည်း တင်ဒါရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်မှာပါ’’ဟုတိုင်းပညာ ရေးဦးစီးဌာနမှူး ဦးဝင်းမောင်က ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်များ က ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ထရိုက်စနစ်ဖြင့် ကျောင်းများ စွာ တည်ဆောက်ခဲ့ပြီးအချို့ဒေသ များ၌ တည်ဆောက်ဆဲရပ်တန့်ခဲ့ခြင်း၊ ကန်ထရိုက် ရရှိသူများက အခြားသူတစ်ဦးအား လွှဲပြောင်း ဆောက်လုပ်စေခြင်း၊ သတ်မှတ် ထားသည့် ပစ္စည်းများ အသုံးမပြု ခြင်းစသည့် အကြောင်းများကြောင့် စံချိန်စံညွှန်းမမီသည့် ကျောင်း များ ထွက်ပေါ်ခဲ့သည်။

‘‘တောရွာ တစ်ခုအတွက် ကျောင်းတစ်ကျောင်း ဖြစ်လာဖို့ ဆိုတာ အရမ်းခက်ခဲ့တဲ့ကိစ္စပါ။ ကုမ္ပဏီတွေကို ထိုက်သင့်တဲ့ အ မြတ်အစွန်းလည်း ပေးထားပြီး သားပါ။ မကိုက်ဘူးဆိုရင် စော စောကတည်းက လေလံမဆွဲသင့် ဘူး။ အဆောက်အအုံ ဆောက် တော့မှ ကျေးရွာ၊ရပ်ကွက်တွေက တာဝန်ရှိသူတွေနဲ့ ပေါင်းစားတာ မျိုးတွေ မလုပ်သင့်ဘူး’’ဟု သာ ပေါင်းမြို့နယ် လှည်းထောက်ကုန်း ကျေးရွာနေ ဦးမြင့်စိန်က ပြော သည်။၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၌ မူလတန်း၊ အလယ်တန်း၊ အ ထက်တန်းကျောင်းဆောင် ၄၉၆ ဆောင် တည်ဆောက်ခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်ခွဲဝေမှုအရ တည်ဆောက်မည့် ကျောင်းဆောင် လျော့ကျရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service