လှိုင်သာယာ စက်မှုဇုန်ကို သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ အဆင့်မြှင့်မည်ဟုဆို

လှိုင်သာယာ စက်မှုဇုန်ကို သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ အဆင့်မြှင့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1 Aug 2016 10:13 am တွင် တင်ခဲ့သည်
1905 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ ဖွံ့ဖြိုး ဆုံးစက်မှုဇုန်တစ်ခုဖြစ်သည့် လှိုင် သာယာ စက်မှုဇုန်ကို သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အခြေခံ အဆောက်အအုံပိုင်းအဆင့် တိုးမြှင့်ရန် စီစဉ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇူလိုင် ၃၀ ရက် တွေ့ဆုံပွဲ၌ ပြောကြားကြောင်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူအချို့က ပြောကြားသည်။

လှိုင်သာယာစက်မှုဇုန်သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအကောင်အထည်ဖော်သည့် စက်မှုဇုန် ဖြစ်ပြီး လက်ရှိ၌ ဖွံ့ဖြိုးမှုအကောင်းဆုံးဖြစ်သည်။ သို့သော် သီလဝါ အထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်ပြီး နောက်ပိုင်း အခြေခံအဆောက် အအုံပိုင်းဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ လမ်းပန်းဆက်သွယ်ရေးတို့ မှာ သီလဝါတွင် အကောင်အ ထည်ဖော်နေသည့် အထူးစီးပွား ရေးဇုန်ထက် နိမ့်ကျနေသည်။ ထို့ အပြင် အခွန်အထူးအခွင့်အရေး ပိုင်းတွင် အထူးစီးပွားရေးဇုန်က ငါးနှစ်အထိ ခွင့်ပြုပေးထားသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်မှုနည်းပါးကြောင်း ယခင် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဟောင်း ဦးမြတ် သင်းအောင်က ပြောကြားသည်။

‘‘အခြေခံ အဆောက်အအုံ ပိုင်း အဆင့်မြှင့်တင်ဖို့အတွက် ငွေကြေးပိုင်းကတော့ ကိုယ်ထူ ကိုယ်ထပဲများတယ်။ အသေးစိတ် ကတော့ ဆက်ဆွေးနွေးရဦးမယ်’’ ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းဆိုင် က ပြောသည်။

ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်လာရန် နိုင်ငံ တော်၏ အခြေခံအဆောက်အအုံ ကဏ္ဍတွင် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍကို အသေးစိတ်မူဝါဒတစ်ရပ် ရေးဆွဲမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒထုတ်ပြန် ပွဲ၌ ပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် အခြေခံအ ဆောက်အအုံပိုင်းဖြစ်သော လျှပ် စစ်မီးနှင့် လမ်းပန်းဆက်သွယ် ရေး၊ ရေနှင့် ရေဆိုးစွန့်ပစ်မှု စသည်တို့မှာ အဓိကကျကြောင်း ဦးအုန်း ဆိုင်က ပြောသည်။

လက်ရှိ လှိုင်သာယာစက်မှု ဇုန်သည် မြေအကျယ်အဝန်း ဧက ၁,၄၀၀ ကျော်ရှိပြီး စက်ရုံပေါင်း ၆၅၀ ကျော် လုပ်ငန်းလည်ပတ်နေ သည်။

ထိုအထဲတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု စက်ရုံသည် ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service