ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ ကျူးကျော်ကိစ္စ ဖြေရှင်းပေးမည်

ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ ကျူးကျော်ကိစ္စ ဖြေရှင်းပေးမည် - Property News in Myanmar from iMyanmarHouse.com
29 Jul 2016 11:08 am တွင် တင်ခဲ့သည်
1582 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း မြေနေရာပေါ်တွင်
ကျူးကျော်နေထိုင်သူ အများအပြားရှိလာခြင်းကို ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေး
ဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက
ပြောကြားသည်။

အဆိုပါစီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီ လမှစတင်ကာ အဆင့်လိုက် ဆောက်လုပ် နေခြင်းဖြစ်ပြီး၊
သတ်မှတ်ကာလအတွင်း ပြီးမြောက်စေရန် အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်
သွားရန်ရှိသည် ဟု ၎င်းက ပြောသည်။ အဆိုပါစီမံကိန်းမှ အခန်းပေါင်း ၃,၀၀၀ ကျော်ထွက်ရှိ
လာမည် ဖြစ်ပြီး ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၁,၂၀၀ ကျော်ပါဝင်
သည်။ လက်ရှိအချိန်ထိ ဈေးနှုန်းအချိုသာဆုံးနှင့် အခန်းအရေအတွက် အများဆုံး ထွက်လာမည့်
အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

"ကျုးတွေရှိနေလို့ တည်ဆောက်ရေးမှာ ကြန့်ကြာမှုတွေ ရှိနေတယ်။ သူတို့နေထိုင်ရေးကို
အခြေခံပြီး ဖြေရှင်းမယ့်နည်းလမ်းနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိပြီး ဖြေရှင်းသွား
ပါမယ်။ အခုစီမံကိန်း ဧရိယာထဲက ကျုးတွေက မေ ၂၅ ရက်မတိုင် ခင်က ကျုးတွေလား၊ နောက်အသစ်ကျုး တွေလားဆိုတာ ပြန်စိစစ်ရအုံးမယ်။ မြေပြင်မှာ
အခက်အခဲတွေ အများကြီးရှိတယ်"ဟု ဦးမင်းအောင်အေးက ပြောသည်။ ဇူလိုင်လကုန်ပိုင်း
စာရင်းအရ စီမံကိန်းဧရိယာအတွင်း ကျူးကျော်တဲပေါင်း ၁၀၀ ကျော်ရှိလာသည်ဟု
၎င်းကပြောသည်။

ကျပ်သိန်း ၁၀၀ အောက် ရောင်းချရန် လျာထားသည့် အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ
၃၂၄ (၁၈ ပေပတ်လည်) ကျယ် ၀န်းပြီး၊ ၁၂ ခန်းတွဲ ငါးထပ်အဆောက်အအုံ
၂၁ လုံးဆောက်လုပ်ရန် လျာထားသည်။ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမကြီးနံဘေး၊
မြို့ပြမြေစာရင်းအရ ကွင်း အမှတ် ၃၇၅ နံပါတ်သတ်မှတ်ထားသည့် အင်ဂလိုင်ကွင်းအတွင်းရှိ
နိုင်ငံပိုင်မြေဧက ၂၉၃ ဧကပေါ်တွင် ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို အပိုင်း နှစ်ပိုင်းခွဲကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက် လုပ်နေခြင်းဖြစ်သည်။
လက်ရှိမြေနေရာမှာ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့က လယ်ယာမြေ
နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အရ မြို့ပြစီမံကိန်းများ ဖော်ဆောင်ရန် ၁၉၈၉ ခုနှစ်ကတည်းက
ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေများကို တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့်
ပေးအပ်ခဲ့သည်။ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လယ်ယာပိုင်ဆိုင်ကြောင်း
ခိုင်လုံသော အထောက်အထား များ ပြသပြီး ကရုဏာကြေးများ ထုတ်ယူရန် နိုင်ငံပိုင်
သတင်းစာများတွင်လည်း ထည့်သွင်း ကြေညာခဲ့သည်။

"ကျုးကတော့ ထုံးစံအတိုင်းပဲ စီမံကိန်း နေရာတိုင်းမှာ ရှိနေတယ်။ တည်ဆောက်ရေး
စီမံကိန်းကိုတော့ သတ်မှတ်ကာလအတွင်း ပြီးအောင်ဆောက်ရမယ်။ ကျုးတွေနဲ့လည်း
အဆင်ပြေအောင် ညှိနှိုင်းရမယ်။ သူတို့ ကျေနပ်အောင်လည်း နည်းနည်းပါးပါးတော့
စီစဉ်ပေးရမယ်။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လည်း ညှိပြီး စကားပြောရဦးမယ်"ဟု မြို့ပြ နှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

စီမံကိန်းပထမအဆင့်အဖြစ် တိုက်ခန်း များကို မြေအကျယ် ၇၈ ဧကပေါ်တွင် ဆောက်လုပ်နေပြီး
ဒီဇင်ဘာလအတွင်း အပြီးသတ်နိုင်ရန် လျာထားသည်။ ပထမအဆင့်တွင် တန်ဖိုးနည်း၊
တန်ဖိုးမျှတနှင့် တန်ဖိုးသင့်အိမ်ရာ တိုက်အလုံးပေါင်း ၆၂ လုံးဆောက်လုပ်လျက်ရှိပြီး
အခန်းပေါင်း ၂,၀၀၀ ခန့် ထွက်ပေါ်လာမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် အခန်းပေါင်း
၁,၂၀၀ ကျော်ရရှိမည်ဖြစ်ကာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ အကြောင်းကြားစာအရ ၀င်ငွေနည်း
ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအတွက် အိမ်ရာများ ဖော်ဆောင်နိုင် ရန် ကျန်စစ်မင်း
တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းကို ဆောက်လုပ်ရန် ခွင့်ပြုချက်များ ရရှိထားခဲ့သည်။ ယခုအခါ
စီမံကိန်းဧရိယာ အတွင်း လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ရေ မြောင်းများနှင့် လမ်းများကိုပါ
တည်ဆောက် ပြီးဖြစ်ကြောင်း ဦးမင်းအောင်အေးက ပြောသည်။

"စီမံကိန်းလျာထားချက်အတိုင်း ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ အခု မြေပြင်မှာဖြစ်နေတဲ့
ကျုးပြဿနာကြောင့် စီမံကိန်းပြီးစီးမယ့်ကာလက အတိုးအလျှော့ လေးတွေတော့ အနည်းအပါး
ရှိနိုင်တယ်။ အခုလောလောဆယ်တော့ တန်ဖိုးနည်းကို ဦးတည်ပြီး ဆောက်နေတာဖြစ်တယ်"ဟု
၎င်းကပြောသည်။

Credit: The Myanmar Times
ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ ကျူးကျော်ကိစ္စ ဖြေရှင်းပေးမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service