အကြွေး ၂၀၀၀ မျှအတွက် ဒေါ်လာတစ်သန်းကျော်တန်နေအိမ်မှ နှင်ထုတ်ကာ လေလံတင်ရောင်းချခံရသော သြစတေးလျသူက ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု ပြောကြား

အကြွေး ၂၀၀၀ မျှအတွက် ဒေါ်လာတစ်သန်းကျော်တန်နေအိမ်မှ နှင်ထုတ်ကာ လေလံတင်ရောင်းချခံရသော သြစတေးလျသူက ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု ပြောကြား - Property News in Myanmar from iMyanmarHouse.com
29 Jul 2016 10:52 am တွင် တင်ခဲ့သည်
31680 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းမြို့ကြီးဖြစ်သော အဲဒဲလေ့ဒ် Adelaide သည် သြစတေးလျတွင် ပဉ္စမမြောက်လူဦးရေအထူထပ်ဆုံး မြို့ကြီးဖြစ်သည်။

အဆိုပါမြို့ကြီးတွင်နေထိုင်သော မျက်စိအထူးကုဆရာဝန် မိုက်ကယ် ဟန်မာတန်နှင့် ဇနီးဖြစ်သူ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာ ဟယ်လင် မားမယ်နဒီစ်တို့၏ ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကြီးကို အကြွေး ဒေါ်လာ ၂၀၈၄ မပေးဆောင်သောကြောင့် လေလံတင်ရောင်းချခံခဲ့ရကြောင်း သြစတေးလျအခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခု၏ ဇူလိုင် ၂၈ ရက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

နေအိမ်ကြီးမှာ မြင့်မားသောမျက်နှာကျက်၊ မီးလင်းဖိုများ၊ အ၀တ်အစားထားသိုခန်းများ၊ ၀ိုင်သိုလှောင်ခန်း၊ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း တို့ပါဝင်ပြီး ယနေ့ (ဇူလိုင် ၂၉) တွင် လေလံတင်ရောင်းချမည်ဖြစ်သည်။

ဒေါက်တာ မားမယ်နဒီစ်က သူမတို့တွင် အဆိုပါအကြွေးရှိသည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်။
သူမ ပါဝင်ခဲ့ခြင်းမရှိသော ယာဉ်တိုက်မှုတစ်ခုအတွက် ဒဏ်ငွေပေးဆောင်စေခဲ့သည်ကို နားမလည်နိုင်ဖြစ်ရကြောင်း မားမယ်နဒီစ်က သြစတေးလျသတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ယခုအခါတွင် ယင်းနေအိမ်ကြီးကို တရားရုံးက သော့အသစ်ဖြင့် ချိတ်ပိတ်ထားပြီး Barton Terrace property အိမ်ခြံမြေလုပ်ငန်းမှ လေလံတင်ရောင်းချမည် ဖြစ်သည်။

ဒေါက်တာ ဟန်မာတန်တို့၏ မူလအကြွေးမှာ ဒေါ်လာ ၂၀၀၀ ကျော်ဖြစ်သော်လည်း အမှုစစ်ဆေးအပြီးတွင် တရားရုံးစရိတ်အပါအ၀င် ဒေါ်လာ ၁၄၈၀၀ ခန့် ကျသင့်မည် ဖြစ်သည်။

“ဒါ..ဒီမိုကရေစီ (နိုင်ငံ) ပါ..ကျွန်တော်တို့ မြန်မာပြည်ရောက်နေတာမဟုတ်ဘူး။
ဒါသြစတေးလျလို့ ခံစားကြည့်လို့မရဘူး။ တော်တော်ဆိုးတဲ့ အခြေအနေပါပဲ” ဟု မားမယ်နဒီစ်က ပြောကြားသည်။

“တရားမျှတမှုအတွက် လူတွေအားကိုးကြတဲ့ တရားရေးစနစ်ဟာ ကျေနပ်ဖွယ်ရာမရှိဘူးဆိုတာ မီးမောင်းထိုးပြလိုက်တာပဲလို့ ကျမခံစားရတယ်”ဟု မားမယ်နဒီစ်က ဆက်လက်ပြောကြားသည်။

အဆိုပါငွေကို ပေးဆောင်လိမ့်မည်မဟုတ်ကြောင်း၊ သူမအနေဖြင့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည်ဆိုသော ယာဉ်တိုက်မှုတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်းလည်း မားမယ်နဒီစ်က ဆိုသည်။

နေအိမ်ကို လေလံတင်သည့် တန်ဖိုးမှာ ဈေးကွက်ပေါက်ဈေးထက်နည်းပါးလျက်ရှိသည်။

လေလံတင်အရောင်းအ၀ယ်ဖြစ်မြောက်ခဲ့မည်ဆိုပါက ၎င်းတို့ဇနီးမောင်နှံအဖို့ နေအိမ်ရှာဖွေရတော့မည် ဖြစ်သည်။

အဆိုပါနေအိမ်ကို လေလံတင်ရောင်းချမည့် အိမ်ခြံမြေအေဂျင်စီ၏ ပိုင်ရှင်ဖြစ်သူ အိုရန် ကလီမစ်ခ်ျက ပြောကြားရာတွင် သူ၏ဘ၀တွင် ယခုဖြစ်ရပ်မျိုး တစ်ခါမျှ မကြုံခဲ့ဖူးကြောင်း ပြောကြားသည်။

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ မာရီနာအွန်စဘီက ပြောကြားရာတွင်မူ “ဒေါက်တာ မားမယ်နဒီစ်တို့အနေနဲ့ အိမ်ကို လေလံတင်မခံရအောင် ဆောင်စရာရှိတဲ့ငွေကို ဘယ်အချိန်မှာဖြစ်ဖြစ်ဆောင်ခဲ့လို့ ရပါတယ်။ ဒီအမိန့်ကိုထုတ်လိုက်တာ သင့်တော်မှန်ကန်ပါတယ်”ဟု ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အကြွေး ၂၀၀၀ မျှအတွက် ဒေါ်လာတစ်သန်းကျော်တန်နေအိမ်မှ နှင်ထုတ်ကာ လေလံတင်ရောင်းချခံရသော သြစတေးလျသူက ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု ပြောကြား - Property News in Myanmar from iMyanmarHouse.com
အကြွေး ၂၀၀၀ မျှအတွက် ဒေါ်လာတစ်သန်းကျော်တန်နေအိမ်မှ နှင်ထုတ်ကာ လေလံတင်ရောင်းချခံရသော သြစတေးလျသူက ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု ပြောကြား - Property News in Myanmar from iMyanmarHouse.com
အကြွေး ၂၀၀၀ မျှအတွက် ဒေါ်လာတစ်သန်းကျော်တန်နေအိမ်မှ နှင်ထုတ်ကာ လေလံတင်ရောင်းချခံရသော သြစတေးလျသူက ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု ပြောကြား - Property News in Myanmar from iMyanmarHouse.com
အကြွေး ၂၀၀၀ မျှအတွက် ဒေါ်လာတစ်သန်းကျော်တန်နေအိမ်မှ နှင်ထုတ်ကာ လေလံတင်ရောင်းချခံရသော သြစတေးလျသူက ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု ပြောကြား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service