ဟိုတယ် ဆောက်လုပ်မှုများအတွက် ဥပဒေပါအတိုင်း ဟိုတယ်ခရီး ဝန်ကြီးဌာနသို့ ကြိုတင် တင်ပြပြီးမှ ဆောက်လုပ်ခွင့်ပြုမည်

ဟိုတယ် ဆောက်လုပ်မှုများအတွက် ဥပဒေပါအတိုင်း ဟိုတယ်ခရီး ဝန်ကြီးဌာနသို့ ကြိုတင် တင်ပြပြီးမှ ဆောက်လုပ်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
28 Jul 2016 10:50 am တွင် တင်ခဲ့သည်
1376 ကြိမ် ကြည့်ရှု့ပြီး
ဟိုတယ်လုပ်ငန်းများအတွက် အဆောက်အအုံဆောက်လုပ်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေး
ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ယူပြီးမှသာ ဆောက်လုပ်ခွင့်ရှိမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပဲ
အဆောက်အအုံ ဆောက်လုပ်ပြီးမှဝန်ကြီးဌာနသို့ လုပ်ငန်းလိုင်စင်တင်ပြခွင့်ပြုချက်တောင်းခံမှုကို
လက်ခံသွားမည်မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူး
ဦးမျိုးဝင်းညွန့်ကပြောသည်။

''ဒါကို မလိုက်နာဘဲ အဆောက်အအုံဆောက်ပြီးမှ လိုင်စင်လာလျှောက်ရင် လိုင်စင်ထုတ်ပေးသွားမှာ
မဟုတ်ဘူး။ အရင်ကတော့ လုပ်ငန်းရှင်တွေ နစ်နာမှာစိုးလို့ ဝန်ခံကတိနဲ့ အဆောက်အအုံ
အားလုံးဆောက်ပြီးမှ လုပ်ငန်းလိုင်စင်တင်တာကို ခွင့်ပြုပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကစပြီး
ဟိုတယ်ခရီးခွင့်ပြုချက်မရှိဘဲ ဆောက်တဲ့ဟိုတယ်အဆောက်အအုံတွေကို လိုင်စင်မပေးတော့ဘူး။
ဒါက ၁၉၉၃ ခုနှစ် ဥပဒေမှာရှိပြီးသား။ အဲဒါကြောင့်ဆောက်လက်စ အဆောက်အအုံတွေကိုလည်း
ခွင့်ပြုချက်တင်ဖို့ အကြောင်းကြားထားပါတယ်'' ဟု ၄င်းက ပြောသည်။

ယင်းသို့ဆောင်ရွက်ခြင်းမှာ လုပ်ငန်းရှင်များသည် ဟိုတယ်ဆောက်ရန် တင်ပြထားသည့် ဒီဇိုင်း၊
အခန်းအရေအတွက်နှင့် ဟိုတယ်အဆင့်အတန်းအတိုင်း ဆောက်လုပ်ရန်အတွက်ဖြစ်ပြီး
မူလပုံစံက ကွဲထွက်ခြင်း၊အခန်းအရေအတွက်တိုးလာခြင်းများ မပြုလုပ်ရန် ဖြစ်သည်ဟု
ဦးမျိုးဝင်းညွန့်က ပြောသည်။

''တချို့လုပ်ငန်းရှင်တွေက ဘာဆောက်မယ်ဆိုတာ အတိအကျမပြောဘဲ သက်ဆိုင်ရာမြို့နယ်
စည်ပင်သာယာလိုင်စင်နဲ့ ဆောက်တယ်။ ပြီးတဲ့အခါကျ ဟိုတယ်ဆိုပြီး လုပ်ငန်းလိုင်စင်တင်တယ်။
အဲဒီအခါကျ ဟိုတယ်ခရီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆောက်ပြီးသား အဆောက်အအုံတွေကို
မနစ်နာစေချင်တာကြောင့် ဝန်ခံကတိနဲ့ ခွင့်ပြုလိုက်ရတယ်။ ဒါကြောင့် ဝန်ကြီးဌာနက
လိုအပ်တာတွေ အကြံပြုလို့ရအောင် မဆောက်ခင် အရင်တင်ပြ ခွင့်ပြုချက်ယူပြီးမှ ဆောင်ရွက်ဖို့
ညွှန်ကြားချက် ထပ်မံထုတ်ပြန်ရခြင်းဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

ဟိုတယ်အဆောက်အအုံ မဆောက်လုပ်မီကပင် ပါဝင်မည့် အခန်းအရေအတွက်၊
ဒီဇိုင်းစတာတွေကိုကြိုတင်တင်ပြရမည်ဟု ဥပဒေက ဆိုထားသော်လည်း ခရီးသွားလုပ်ငန်း
လုပ်ကိုင်သည့် လုပ်ငန်းရှင်အားလုံးနီးပါးကနားလည်မှုဖြင့် နောက်ဆုံးအဆင့် အဆောက်အအုံ
အချောသတ်ဆောက်လုပ်ပြီးစီးမှ တစ်ပါတည်း တင်ပြ၍ လိုင်စင်လျှောက်ထားလျက်ရှိခြင်းဖြစ်သည်ဟု
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ငွေဆောင်ဇုန် တွဲဖက်အတွင်းရေးမှူး
ဦးကျော်မင်းလှိုင်ကပြောသည်။

''နားလည်မှုနဲ့ လုပ်ရင်းနဲ့ နောက်ဆုံး အဆောက်အအုံဆောက်ပြီးမှ လုပ်ငန်းလိုင်စင်
တင်ရသလိုဖြစ်သွားတာပါ။ လုပ်ငန်းရှင်တွေက အကုန်သိပြီးသားပါ။ ခွင့်ပြုချက်အရင်တင်ပြီးမှ
ဆောက်ရင် သူတို့လုပ်ချင်သလို လုပ်လို့မရတဲ့အတွက် အဆောက်အအုံအားလုံးပြီးမှ
လိုင်စင်တင်ကြတာပါ'' ဟု ဦးကျော်မင်းလှိုင်က ပြောသည်။

ယင်းသို့ ဟိုတယ်အဆောက်အအုံဆောက်လုပ်ပြီးမှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင်
သတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် ဟိုတယ်ဆောက်ပြီးမှ လုပ်ငန်းလိုင်စင်မရသည့်
ဟိုတယ်တစ်လုံး ငွေဆောင်ကမ်းခြေတွင် ရှိကြောင်း၊ ကမ်းခြေတွင်သတ်မှတ်ထားသည့်
အထပ်အမြင့်ထက်ကျော်လွန်နေသောကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက
လိုင်စင်မပေးခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

''သူတို့က ဥပဒေချိုးဖောက်တဲ့သူတွေဆိုတော့ တရားမဝင်ဖြစ်မှာပဲ။ အဲဒါဆို အရေးယူလို့ရတယ်။
ဒါပေမဲ့ ဟိုတယ်ခရီးက ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာ ခုထိမသိရသေးဘူး'' ဟု
ဦးကျော်မင်းလှိုင်ကပြောသည်။

''အဓိကတော့ ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ သတ်မှတ်ချက် စံနှုန်းထား မမီမှာစိုးလို့
စစ်ဆေးတာပါ။ ခွင့်ပြုချက် တင်ရတာ ပိုက်ဆံပေးရတာလည်း မဟုတ်ဘူး၊ လာဘ်ထိုးရတာလည်း
မဟုတ်ဘူး။ အဲဒါကို ဘာလို့ ခွင့်ပြုချက်မတင်ဘဲ ပြီးစလွယ်လုပ်နေကျလဲ မသိတော့ဘူး'' ဟု
၎င်းကပြောသည်။

ယခင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံရာတွင်နေပြည်တော်သို့
တိုက်ရိုက်သွားရောက်ရခြင်းကြောင့် နယ်လုပ်ငန်းရှင်များအတွက် အခက်အခဲရှိခြင်းကြောင်း
လုပ်ငန်းလိုင်စင်လျှောက်ထားမှုကို ဇူလိုင် ၁ ရက်ကစ၍ အွန်လိုင်းမှတစ်ဆင့်
လျှောက်ထားခွင့်ပြုခဲ့သည်။

Credit: The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service