တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် တင်ဒါခေါ်ယူမည်

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် တင်ဒါခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
28 Jul 2016 10:38 am တွင် တင်ခဲ့သည်
2303 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြင်ပဆောက်လုပ်ရေး
ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူလုပ်ကိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

အိမ်ရာလိုအပ်ချက် အများဆုံးရှိနေ သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မင်္ဂလာဒုံ မြို့နယ် ပျဉ်းမပင်၊သန်လျင်မြို့နယ် စက်မှု တက္ကသိုလ်အနီး၊ ဒဂုံဆိပ်ကမ်းနှင့် လှိုင် သာယာမြို့နယ်များအတွင်းကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို အစိုးရသစ်လက်ထက်တွင်အကောင် အထည်ဖော်မည်ဖြစ်ရာ အဆိုပါစီမံကိန်း လေးခုက တိုက်ခန်းပေါင်း ၈,၀၀၀ ကျော်ထွက်ရှိပြီး နှစ်နှစ်အတွင်း အပြီးသတ် ဆောက်လုပ်နိုင်ရန် လျာထားသည်။

"အပြင်ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ဖို့ တင်ဒါ စနစ်နဲ့ အလုပ်အပ်ဖို့စီစဉ်ထားပါတယ်။ သတင်းစာထဲမှာလည်း တင်ဒါကြေညာ ချက်တွေ ထုတ်ပြန်ဖို့ ရှိပါတယ်။ တစ်ပေပတ်လည်ကို ဘယ်လောက်နှုန်းနဲ့ ချထား ပေးမယ်ဆိုတာကတော့ အခန်းဖွဲ့စည်းပုံ မတူလို့ ပြောဖို့နည်းနည်းခက်ပါတယ်။ တင်ဒါလာပြိုင်တဲ့ ကုမ္ပဏီတွေကို တင်ဒါ ရွေးချယ်ရေးဘုတ်အဖွဲ့က စိစစ်ပြီး ဆောက်လုပ်ခွင့်ပြုမှာပါ။ နှစ်နှစ်အတွင်း အပြီးလုပ်ပါ့မယ်"ဟု ဦးမင်းအောင်အေးကပြောသည်။ ယခင်အစိုးရလက်ထက်တွင် ဆောက် လုပ်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူ ဆောက်လုပ်ခဲ့ရာ တစ်ပေပတ်လည်လျှင် တည်ဆောက်ရေးကုန်ကျစရိတ် ကျပ် ၁၆,၅၀၀ ဖြင့် လုပ်ကိုင်စေခဲ့သည်။ တန်ဖိုး သင့်အိမ်ရာစီမံကိန်းများတွင် ပျမ်းမျှတစ်ပေပတ်လည်ကုန်ကျစရိတ်မှာ ကျပ် ၁၈,၀၀၀ ခန့်ဖြစ်သည်ဟု သိရသည်။ အိမ်ရာဆောက်လုပ်မည့်လုပ်ငန်း ခွင်သို့ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူ မှုကုန်ကျစရိတ်၊ တင်ဒါခေါ်ယူချိန်တွင် ဆောက်လုပ်ရေးပစ္စည်းများ၏ ဈေးကွက် ပေါက်ဈေးနှင့် အထပ်အနိမ့်အမြင့်အလိုက် ကွာခြားသည့် တည်ဆောက်ရေး နည်းစနစ် စသည်တို့အပေါ်မူတည်၍ နောက်ထပ်အိမ်ရာများတွင် တင်ဒါရွေးချယ် သည့် နှုန်းထားအပြောင်းအလဲ ဖြစ်လာ နိုင်သည်ဟုလည်းဦးမင်းအောင်အေးက ပြောသည်။

"တန်ဖိုနည်းနဲ့ တန်ဖိုးသင့်က နည်းနည်း ဈေးက ကွာတယ်။ အစိုးရက တင်ဒါခေါ်ဖို့ ပြောနေပြီ။
စီမံကိန်း အဆင်သင့်ဖြစ်ရင် ခေါ်တော့မယ်"ဟု ၎င်းက ပြောသည်။ နိုင်ငံတော်က တင်ဒါခေါ်ယူ
ဆောက် လုပ်စေသည့် စီမံကိန်းများအတွက် ကုမ္ပဏီ က ကြိုတင်ငွေစိုက်ထုတ်ရပြီး လုပ်ငန်းပြီး
စီးမှု အခြေအနေအလိုက် သက်ဆိုင်ရာ ၀န်ကြီးဌာနက ပြန်လည်ပေးချေခြင်းဖြစ်သည်။ ပြည်တွင်း
အိမ်ခြံမြေဈေးကွက် တစ်ခုလုံး ထိုင်းမှိုင်းနေချိန်တွင် ငွေကြေး အင်အား တောင့်တင်းသည့် ကုမ္ပဏီများသာဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

"ငွေကို ကြိုထုတ်ပေးရင်တော့ ဆောက် လုပ်ရေးသမားတွေ တင်ဒါဝင်ဆွဲဖို့ဖြစ်နိုင်တယ်။
ခက်တာက တော်တော်များများ အစိုးရစီမံကိန်းတွေက ငွေကြိုစိုက်ပြီး လုပ်ငန်းပြီးစီးမှုအလိုက်
အဆင့်ဆင့် ငွေချေ တဲ့စနစ်သုံးကြတော့ လုပ်ငန်းငယ် တော် တော်များများအတွက်
မလွယ်လောက်ဘူး။ ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါစည်းမျဉ်း စည်းကမ်းနဲ့အညီ
လုပ်ခွင့်ပေးရင်တော့ ပြိုင်မယ့်ကုမ္ပဏီတွေ အများကြီးရှိလာနိုင်ပါတယ်"ဟု ၎င်းက
ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောက်လုပ်နေသည့်
အိမ်ရာစီမံကိန်းများကို တင်ဒါခေါ် ယူလုပ်ကိုင်စေမှုအတွက် တင်ဒါလာရောက်
တင်သွင်းသည့် ကုမ္ပဏီများ၏ နောက်ခံ သမိုင်းကြောင်း၊ ငွေကြေးနှင့် ကျွမ်းကျင်
လုပ်သားအင်အား၊ စက်ကိရိယာသုံးစွဲနိုင်မှု၊ အမည်ပျက်စာရင်းဝင်ခြင်း ရှိ၊ မရှိ
စသည့် အချက်များပေါ်မူတည်ပြီး စိစစ်ရွေးချယ် ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က
ထိုသို့ တင်ဒါခေါ်ယူ လုပ်ကိုင်စေမှုတွင် တင်ဒါအောင် ကုမ္ပဏီများက အခြားကုမ္ပဏီများ
ထံသို့ လက်လွှဲရောင်းချခြင်းများ ရှိသည်။

ဆောက်လုပ်သူများအတွက်လည်း သတ် မှတ်ထားသည့် တစ်ပေပတ်လည် ကြမ်းခင်း
ဈေးနည်းပါးခြင်း၊ အခွန်ဆောင်စရိတ်များ ရှိနေခြင်း၊ ပြည်ပမှ တင်သွင်းနေသည့် ဆောက်လုပ်ရေးသုံးပစ္စည်း ဈေးနှုန်းများ မြင့်မားနေခြင်း စသည့်
အခက်အခဲများ ရှိနေသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း တင်ဒါ များကို ပိုမိုပွင့်လင်းမြင်သာမှု
ရှိစေရန်နှင့် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများကိုသာ ချထားပေးရန် လိုအပ်ကြောင်း
အာရှ ဆောက်လုပ်ရေးက အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"အရင်အစိုးရလက်ထက်တုန်းက တင်ဒါ ရတဲ့လူက တစ်ပေပတ်လည်ကို ၁၀၀ ၊ ၂၀၀ လောက်
အမြတ်ယူပြီး ဆောက်မယ့် လူကို ပြန်လွှဲခိုင်းတာတွေ အများကြီးရှိခဲ့တယ်၊။ အဲဒီတော့
ဆောက်တဲ့ အဆောက်အအုံ အရည်အသွေး ထိခိုက်နိုင်တယ်။ အရည်အသွေးကို
ကိုင်မယ်ဆိုရင် အခုသူတို့ပေး နေတဲ့ တစ်ပေပတ်လည် ၁၄,၀၀၀ ကျပ်၊ ၁၆,၀၀၀ ကျပ်လောက်နဲ့ကမကိုက်နိုင်ဘူး။ အနည်းဆုံး တစ်ပေပတ်လည်ကို နှစ်သောင်း လောက် ချပေးနိုင်မှ ဆောက်တဲ့ကုမ္ပဏီလည်းကိုက်၊ အဆောက်အအုံ အရည်အသွေးလည်း ကောင်းလာမှာ ဖြစ်တယ်" ဟု၎င်းက ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service