ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ

ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
28 Jul 2016 10:06 am တွင် တင်ခဲ့သည်
2295 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ သည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ အယ်လ်ဖိုင်းမြို့ရှိ၎င်း၏နေအိမ်ကို ဈေးအကြိမ်ကြိမ်လျှော့ပေးကာ ရောင်းထုတ်လျက်ရှိသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပါ့ဖ်ဒက်ဒီသည် ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ယင်းနေအိမ်ကြီးကို ရောင်းထုတ်ခဲ့သော်လည်း ၀ယ်ယူမည့်သူမရှိခဲ့ချေ။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းကလည်း ကန်ဒေါ်လာ ၅ သန်းလျှော့ကာ ရောင်းခဲ့သည့်တိုင် ရောင်းမစွံခဲ့ချေ။
ယခုအခါတွင် ထပ်မံဈေးလျှော့ကာ အရောင်းဈေးကွက်သို့ တင်လာပြန်သည်။ယခုအကြိမ်တွင် ကန်ဒေါ်လာ တစ်သန်းကျော်ထပ်မံဈေးလျှော့ပေးလိုက်ပြီး ကန်ဒေါ်လာ ၇၉၈၈၈၈၈ ဈေးခေါ်ထားသည်ကို တွေ့ရသည်။

ပါ့ဖ်ဒက်ဒီသည် အဆိုပါနေအိမ်ကြီးကို ၂၀၀၄ ခုနှစ်တွင် ကန်ဒေါ်လာ ၄ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ကြီးအတွက် ပေးဆောင်ခဲ့ရသည့် အခွန်ပမာဏမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၄၇၀၀၀ ခန့်ရှိခဲ့သည်ဟု ဆိုသည်။

ယင်းနေအိမ်ကြီးကို ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်ပြီး ခြံဝန်းအကျယ်အ၀န်းမှာ ၃ ဒသမ ၂၅ ဧက ကျယ်ဝန်းကာ နေအိမ်အကျယ်အ၀န်းမှာ ၈၈၀၀ စတုရန်းပေ ရှိသည်။
ကျယ်ဝန်းလှသော ခြံဝန်းအတွင်းတွင် မြက်ခင်းမှာ ဂရုတစိုက်မွမ်းမံထိန်းသိမ်းထားသောကြောင်း စိမ်းလန်းလှပနေပြီး ရင်သပ်ရှုမောဖွယ် နေ၀င်ချိန်အလှကို ရှုမြင်ရသည့် ၀န်းကျင်တွင် တည်ရှိသည်။

နေအိမ်အတွင်း မဟော်ဂနီသားဖြင့် ပြုလုပ်ထားသည့် စာကြည့်တိုက်၊ စားတော်ကဲအဆင့် ပစ္စည်းကိရိယာများ တပ်ဆင်ထားသော မီးဖိုဆောင်၊ အိမ်တွင်းဇာတ်ရုံ၊ ငါးကန်၊ အိမ်တွင်း ဘတ်စကက်ဘောကစားကွင်း၊ ပစ္စည်းကိရိယာအပြည့်အစုံထည့်သွင်းထားသော အားကစားလေ့ကျင့်ရေးခန်းမ တို့ပါဝင်သည်။

Master bedroom ၃ ခန်းတွင် သီးသန့် ဧည့်ခန်းနှင့် အ၀တ်အစားထားသည့်အခန်းတို့အပြင် မီးလင်းဖိုလည်း ပါဝင်သည်။ဒုတိယထပ်ရှိ အိပ်ခန်းပို ၃ ခန်းတွင်လည်း သီးသန့်ရေချိုးခန်းနှင့် အ၀တ်အစားထားသိုခန်းတို့ ပါဝင်သည်။မြေအောက်ခန်းတွင်လည်း မီးဖိုဆောင်ပါဝင်သည်ဟု ဆိုသည်။
ခြံဝန်းအတွင်းတွင် ရေတံခွန်ပါဝင်သည့် ရေကူးကန်၊ တင်းနစ်ကွင်း၊ ကား ၆ စင်း ၀င်ဆံ့သည့် ကားဂိုဒေါင်တို့လည်း ပါဝင်သည်။

ပါ့ဖ်ဒက်ဒီသည် ၂၀၁၄ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ၌ ဥရောပဟန်ဆောက်လုပ်ထားသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၄၀ ဖြင့်ဝယ်ယူခဲ့သည်။

ပါ့ဖ်ဒက်ဒီဟူသော အမည်မှာ အနုပညာအမည်ဖြစ်ပြီး အမည်ရင်းမှာ ရှောင်ဂျွန်ကုမ်းဖြစ်ပြီး နယူးယောက်မြို့တွင် ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် မွေးဖွားသည်။

ပါ့ဖ်ဒက်ဒီ၏ ပထမဆုံးတေးအယ်လ်ဘမ်မှာ No Way Out ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ပလက်တီနမ်ဆု၇ကြိမ်ရရှိခဲ့သည်။ဆက်လက်ထွက်ရှိသော
တေးအယ်လ်ဘမ်များမှာ Forever (1999) The Saga Continues... (2001) နှင့် Press Play (2006) တို့ ဖြစ်ကြသည်။

ပါ့ဖ်ဒက်ဒီသည် ဂရမ်မီဆု ၃ ကြိမ်၊ MTV ဗွီဒီယိုဂီတဆု ၂ ကြိမ်ရရှိခဲ့သည်။ပါ့ဖ်ဒက်ဒီသည် တေးသီချင်းသီဆိုခြင်းသာမက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှင့် စားသောက်ဆိုင် ၂ ဆိုင်လည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီးက ၂၀၁၅ ခုနှစ်အတွင်း ခန့်မှန်းခဲ့မှုအရ ပါ့ဖ်ဒက်ဒီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇၃၅ သန်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရက်ပ်အဆိုတော် ပါ့ဖ်ဒက်ဒီ နေအိမ်ကို အကြိမ်ကြိမ်ဈေးလျှော့ရောင်းချလျက်ရှိသော်လည်း ရောင်းမထွက်ဘဲရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service