အိမ်ခြံမြေ အကျပ်အတည်းက အစိုးရကို ဘာခက်ခဲစေမလဲ

အိမ်ခြံမြေ အကျပ်အတည်းက အစိုးရကို ဘာခက်ခဲစေမလဲ - Property News in Myanmar from iMyanmarHouse.com
28 Jul 2016 9:21 am တွင် တင်ခဲ့သည်
3500 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေး ခက်ခဲမှုသည် အစိုးရကို လူမုန်းများစေသည်။မြန်မာနိုင်ငံတွင် ငွေအရင်းအနှီး ကြီးမားစွာဖြင့်ရောင်းဝယ်မြုပ်နှံရသော အိမ် ခြံ မြေ ဈေးကွက်သည် ၂၀၁၅ နှစ်စမှ စတင်၍ အခြေအနေမှာယိုင်နဲ့အေးစက်ခဲ့သည်။ယင်းမှ အစပြုမှုသည် ယခုအစိုးရလက်ထက်တွင် ဈေးကွက်ရပ်လုနီးပါး အခြေအနေအထိဖြစ်လာခဲ့သည်။ယင်းကဲသို့ အိမ်ခြံမြေဈေးကွက် အကျပ်အတည်းသည် အစိုးရအတွက် ဘာခက်ခဲစေမည်နည်း။

"အစိုးရအနေနဲ့ မနိုင်မနင်း ဖြစ်စေနိုင်"

ယင်း ခန့်မှန်းသုံးသပ်ချက်အား ရန်ကုန်တိုင်းအိမ်ခြံ မြေအသင်းဥက္ကဌဖြစ်သူမှ ယခုကဲ့သို့ပြောပြသည်။

"ဒီအတိုင်းဆက်သွားမယ်ဆိုရင် လုပ်ငန်းရှင် အကြီးတွေ၊ ဝယ်ရောင်းတွေရော ၊ Developer ကြီးတွေရောပေါ့လေ။ဒီ လုပ်ငန်းရှင်ကြီးတွေက ၉၉ ရာခိုင်နှုန်းပေါ့ ဘဏ်ချေးငွေမယူဘဲနဲ့ လှုပ်ရှားနေတဲ့သူ မရှိသလောက်ဘဲ။ဆိုလိုတာက ၁၀၀ မှာ ၉၉ ယောက်က ဘဏ်ချေးငွေယူထားကြတာပေါ့လေ။ဒီလို ယူထားကြပေမယ့် ဈေးကွက်က အသေလိုဆက်သွားနေမယ်ဆိုရင် ငွေပြန်မဆပ်နိုင်ကြဘူး။ဒီတော့ ငွေကျပ်ပြီး ထိခိုက်လာမယ်ဆိုရင် ဘဏ်ကို သွားရိုက်ခတ်လိမ့်မယ်။ဘဏ်ရိုက်ခတ်မှုဆိုရင် ၊ တကယ်ပြောရရင် ဘဏ်ဆိုတာက public money လေ။လူတွေက အယုံကြည်ကင်းပြီး ငွေတွေရုတ်တရက် ပြန်ထုတ်တဲ့အခါ ဘဏ်တွေပြိုလဲသွားနိုင်တာပေါ့လေ။အဲဒီလို ပြိုလဲတဲ့အဆင့်အထိဖြစ်လာရင် ဒီ အစိုးရအနေနဲ့ ကြားခံပြီး ဝင်လုပ်ပေးရတဲ့အပိုင်းတွေဖြစ်လာလို့ရှိရင် အကုန်လုံးက အဲဒီအချိန်မှဆိုရင် မနိုင်မနင်းဖြစ်သွားလိမ့်မယ်။""ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောပြသည်။

"ယင်းအခက်အခဲ ကို မည်သို့ဖြေရှင်းမည်နည်း။"

အမှန်တက်တွင်လည်း ဈေးကွက် ကျပ်တည်းလာမှုကို ဖြေရှင်းရန် အချိန်သင့်နေပြီဖြစ်ကြောင်း ပြည်တွင်း အိမ် ခြံ မြေ အကျိုးဆောင်များက ထောက်ပြသည်။

"ဘယ်လိုဖြေရှင်းမလဲ ဆိုတော့ အခုကတည်းက တစ်ချို့လူကြီးတွေလည်း မြင်ပါတယ်။အိမ် ခြံ မြေ က ဒီထက်ပိုပြီးပါးလို့မကောင်းဘူး။ ဈေးတက်ခြင်း ဈေးကျခြင်းကိုပြောတာမဟုတ်ဘူး။အရောင်းအဝယ်လည်ပတ်နေဖို့ကိုပြောတာအခုအိမ်ခြံမြေကငွေကြေးစီးဆင်းမှုနှုန်းကြီးတဲ့အပေါ် မှာ အရောင်းအဝယ်ဟာ လည်ပတ်အား ငွေအား နည်းသွားတယ်။နည်းတာကြောင့်မို့လည်း မ လည်နိုင်ဘူးပေါ့လေ။ဒီအပိုင်းကို အစိုးရ အနေနဲ့ ပြင်ပေးဖို့လိုတယ်။အိမ် ခြံ မြေ နဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေက အများကြီးဘဲ။ အိမ် ခြံ မြေ ပါးရင် devoloper တွေ မရောင်းရဘူး မရောင်းရတော့ မဆောက်ဘူး မဆောက်တော့ အိမ်ဆောက်ပစ္စည်းတွေမရောင်းရဘူး။ ဒီတော့ Import လုပ်တဲ့သူတွေ အလုပ်မဖြစ်ဘူး။အစစ အရာရာ အားလုံးက ဆက်နွယ်မှုရှိနေတာပေါ့လေ။စီးပွားရေးမကောင်းရင် ဇိမ်ခံတဲနေရာတွေက အစ အလုပ်ပါးသွားမယ်။တစစနဲ အောက်ခြေ လူတန်းစားအထိ ထိခိုက်တာပေါ့။ဒါကြောင့်မို့လို့ စီးပွားရေးတစ်ခုလုံးလည်ပတ်နိုင်အောင်ဆိုရင် အိမ် ခြံ မြေကို တစ်စုံတစ်ရာပြန်လည်ပတ်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် အစိုးရအနေနဲ့ စဉ်းစားပြီးဖော်ဆောင်ပေးသင့်တယ်။ အဲဒီလိုဆိုရင်တော့ နည်းနည်းလေးပြန်လ ည်ပတ်လာမှာပေါ့။အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ နဲ ပူးပေါင်းလုပ်ဆောင်ရင် အဆင်ပြေသွားမှာပါ""ဟု ဦးစိုင်းခွန်နောင်မှ ထောက်ပြသည်။

လက်ရှိ အိမ် ခြံ မြေ ဈေးကွက် အေးသည်နှင့်အညီ စက်မှုဇုန်မြေ ဈေးကွက်မှာလည်း ဦးမော့နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်။စက်မှုဇုန်မြေဈေးကွက်၏ လက်ရှိအနေအထားသည် အမေးပင်မရှိကြောင်းဈေးကွက်အတွင်းမှ တစ်ဆင့်စုံစမ်းသိရှိရသည်။"အဓိကကတော့ အရင်တုန်းကလည်း အိမ် ခြံ မြေ ဖြစ်လာအောင်ဆိုရင် ဘာနဲ့စမလဲဆိုတော့ အခွန်နဲ့စရတာပေါ့လေ။အခွန်နှုန်းကိုလျှော့ချလိုက်ခြင်းအားဖြင့် အခြေခံအားဖြင့် လူတွေပြန်ဝယ်လာမယ်ပေါ့လေ။အခုလည်း.စလုပ်မယ်ဆိုရင်တော့ အခွန်ကိုအရင်ကိုင်ရမှာပေါ့။တကယ်လို့သာ လျှော့ချလိုက်နိုင်မယ်ဆိုရင်တော့ အိမ် ခြံ မြေ အနည်းအကျင်းပြန်ဖြစ်လာမယ်။အဝယ်လိုက်လာရင် တစ်ခြား ကဏ္ဍတွေမှာ လုပ်နေတဲ့သူတွေလည်း အိမ် ခြံ မြေ ကို ပြန်အစုံစိုက်လာမယ်။သူတို့တွေလည်း ဝင်လာမယ်။ တစ်ဖြည်းဖြည်းနဲ့ ပြန်လည်ပတ်လာမှာပေါ့။"ဟု အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးအောင်သန်းမှ သုံးသပ်ပြောဆိုသည်။

အစိုးရ အနေဖြင့် အိမ် ခြံ မြေ ဈေးကွက် ပြန်လည်အသက်ဝင်လာရန်အတွက် အလျင်အမြန်ဆောင်ရွက်ပေးရန်လိုအပ်နေပြီး လက်ရှိတွေ့ကြုံနေရသော အိမ် ခြံ မြေ အကျပ်အတည်းအား ဖြေရှင်းရန်လိုအပ်ကြောင်း သုံးသပ်တင်ပြရေးသားလိုက်ရပါသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service