ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ

ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
27 Jul 2016 10:11 am တွင် တင်ခဲ့သည်
4408 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိုရှေးဂျက်ဆင်ဟုလည်း လူသိများသော အိုက်စ်ကျုက အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။

နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်သည်။

ယင်းနေအိမ်ကြီးကို ၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဗန်ဒိန်းက ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၆ သန်းဖြင့် ၀ယ်ယူထားခဲ့ခြင်းဖြစ်ရာ အိုက်စ်ကျုကို ပြန်လည်ရောင်းချခဲ့ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်း မြတ်စွန်းခဲ့လေသည်။

အီတလီနိုင်ငံ၊ဗင်းနစ်မြို့အသွင် အတုယူကာ လူလုပ်တူးမြောင်းများစွာ ဖောက်လုပ်ထားသည့် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ Grand Canal အနီးတွင် တည်ရှိသည်။

နေအိမ်အကျယ်အ၀န်းမှာ ၇၅၇၄ ပေကျယ်ဝန်းပြီး မော်ဒန်ဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

အိပ်ခန်း ၆ ခန်းမှာ အလွန်ကြီးမားကျယ်ပြန့်မှုရှိပြီး စားတော်ကဲအဆင့် အသုံးပြုနိုင်သော မီးဖိုဆောင်၊ နောက်ဆုံးပေါ်အဆင့်မြင့် စက်ပစ္စည်းများ တပ်ဆင်ထားသော ဇာတ်ရုံ၊ ၀ိုင်သိုလှောင်ခန်းနှင့် အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်လေသည်။

ရွက်လှေများနှင့် ဆည်းဆာချိန်တို့ကို အပေါ်စီးမှ စီးမိုးရှုမြင်နိုင်သည့် ကျယ်ပြောသော လသာဆောင်ပါဝင်သည်။
အမိုးပေါ်တွင် ဆောက်လုပ်ထားသော ရေကန်မှာ ၀န်းကျင်တစ်ခွင်ကို ၃၆၀ ဒီဂရီရှုမြင်နိုင်သည်။

အိုက်စ်ကျုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ အန်စီနိုတွင်တည်ရှိပြီး အဆိုပါနေအိမ်တွင် ၁၉၉၆ ခုနှစ်ကတည်းက စတင်နေထိုင်ခဲ့သည်။

အိုက်စ်ကျုဖြစ်လာမည့် အိုရှေးဂျက်ဆင်ကို ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် လော့စ်အိန်ဂျလိမြို့၌ မွေးဖွားသည်။

သူသည် ရက်ပ်အဆိုတော်၊ တေးထုတ်လုပ်သူ၊ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့သည်။

C.I.A. အမည်ရှိ ဟစ်ပ်ဟော့အဖွဲ့တွင် ပထမဆုံးပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် N.W.A (Niggaz Wit Attitudes) အမည်ရှိအဖွဲ့သို့ ၀င်ရောက်ခဲ့ပြန်သည်။

N.W.A မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာတွင် နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း တစ်ကိုယ်တော်အခွေများ စတင်ထုတ်လုပ်ကာ အောင်မြင်မှုလမ်းပေါ်သို့ စတင်ခြေချခဲ့သည်။

အိုက်စ်ကျုကို အရိုးသားဆုံးရက်ပါအဖြစ် သတ်မှတ်ထားကြသည်။

သူ၏ ရက်ပ်စာသားများမှာ နိုင်ငံရေး (သို့မဟုတ်) လူမှုနိုင်ငံရေးနှင့် နွှယ်သောစာသားများဖြစ်ပြီး ထိပ်တိုက်တွေ့သော၊ ရန်လိုသော စာသားများဖြစ်ခြင်းကြောင့် ရိုးသားပွင့်လင်းသည်၊ ခံစားချက်ကို မကွယ်မ၀ှက် ဖော်ထုတ်သည်ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service