အိမ်ခြံမြေ အရောင်းတင်တဲ့ မြေရှင်တချို့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်းပေးလာ

အိမ်ခြံမြေ အရောင်းတင်တဲ့ မြေရှင်တချို့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်းပေးလာ - Property News in Myanmar from iMyanmarHouse.com
27 Jul 2016 9:43 am တွင် တင်ခဲ့သည်
1805 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ကျဆင်းနေတာကြောင့် အရောင်းတင်တဲ့ မြေရှင်တချို့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်းလောက်အထိ ပေး လာတာ တွေရှိနေတယ်လို့ အကျိုးဆောင် တချို့ဆီက သိရပါတယ်။

“အိမ်ခြံမြေ ရောင်းထွက်ဖို့ မြေရှင်တွေဘက်က အကျိုးဆောင်ကို တိုက်ရိုက်ဆက်သွယ်ကြသလို အွန်လိုင်းက ကြော်ငြာတာတွေလဲ လုပ်ကြတယ်၊ ဘယ်နည်းနဲ့ ထွက်ထွက်အဝယ်လာလို့ ပွဲဖြစ်ရင် ပွဲခကို ငါးရာခိုင်နှုန်းပေးမယ်လို့
ပြောပြီး ရောင်းကြ တယ်” လို့ သုခအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကကိုနန္ဒက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိ အခြေ အနေက တစ်လထက် တစ်လ ဈေးနှုန်းကျ ဆင်းနေတာကြောင့် အွန်လိုင်းက ကိုယ် တိုင် အရောင်းတင်တဲ့ မြေရှင်တွေဟာ ဈေးနှုန်းပြန်လည်ပြင်ဆင်ပြီး ရောင်းချလာကြ ပါတယ်။
ဈေးကွက်အတွင်း ဈေးနှုန်းတွေက ပြီးခဲ့တဲ့  ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အရောင်းဘက်မှာ ၂၀ ရာခိုင်နှုန်းလောက်အ ထိ ကျဆင်းလာပါတယ်။ အရောင်းဈေး သိန်းသောင်းကျော်တန်တဲ့လမ်းမတန်းအနီး အကွက်တွေလည်း ၃၀ရာခိုင်နှုန်း လောက်အထိ တအိအိ ကျဆင်းနေတယ် လို့ သိရပါတယ်။

ဈေးနှုန်းက လအလိုက်ကျဆင်းနေ တာတွေရှိလို့ ဝယ်ယူချင်သူတွေဘက်ကလည်း အဝယ်တွေကို ရပ်နားထားပြီး အနိမ့်ဆုံး ဈေးဖြစ်မယ့်အချိန်အထိဆက်လက်စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ မြို့သစ်ဘက်ကမြေကွက်တွေ
ကိုတော့ အဝယ်လိုက်အောင် မြေကွက်ကျယ်ကြီးတွေ မရောင်းတော့ဘဲ ပိုင်းဖြတ်ပြီး အကွက်သေးရိုက်ရောင်းချလာကြပါတယ်။ အကွက်သေးတွေကိုပေ ၂၀ x ပေ၄၀ လောက် အထိ ခွဲခြမ်းရောင်းချပြီး ဈေးနှုန်းတွေကိုလည်းကျပ်သိန်း  ၁၀ဝ အောက် ဖြစ် အောင် အနည်းဆုံးထားရောင်းချကြပါ တယ်။

‘မြန်မာနိုင်ငံမြေဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်မှာက ဈေးကျလေ အဝယ်မရှိ လေပဲ၊ ဒီက လူတွေက ဈေးကျပြီဆိုရင် ထပ်ကျလာမလား စောင့်ပြီး အဝယ်ရပ်သွားကြတာ”လို့ တော်ဝင်မိသားစုကုမဏီကဥက္ကဋ္ဌဦးကိုကိုထွေးက ပြောပါတယ်။

မြေရှင်တွေဘက်က တရားဝင် ကြော် ငြာထားတဲ့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်း ကို မြေရှင်ဘက်က ပေးတာဖြစ်ပြီး မြေရှင်နဲ့ ဝယ်လက်တိုက်ရိုက်တွေ့ပြီး အရောင်းအဝယ် ဖြစ်တဲ့ နေရာတွေမှာလည်း အကျိုးဆောင်ခကို ဝယ်လက်အတွက် လျှော့ဈေး အနေနဲ့ ပေးတာတွေ ရှိတယ်လို့ သိရပါ တယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service