ရှန်ဟိုင်း၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ရောင်းအား ၁၅ ရာခိုင်နှုန်းကျော်မြင့်တက်
ပြီး စတုရန်းမီတာ ၃၂၀,၀၀၀ နီးပါး ရောင်းချခဲ့ရသည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် ဇူလိုင်လ ၂၄ ရက်တွင်
ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၁၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စတုရန်း
မီတာ ၃၁၉,၀၀၀ ရှိခဲ့သည်ဟု Shanghai Centaline အိမ်ခြံမြေကုမ္ပဏီက ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိမ်သစ်များကို ပျမ်းမျှ ၁ စတုရန်းမီတာလျှင် ၃၆,၉၉၃ ယွမ် (၅,၅၂၈ အမေရိကန်ဒေါ်လာ) နှုန်းဖြင့် ရောင်းချခဲ့ရပြီး ထိုရောင်းဈေးသည် ယင်းမတိုင်မီသီတင်းပတ်ကထက် ၁ ဒသမ ၂
ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
"လေးပတ်ဆက်တိုက် ရောင်းအား ကျဆင်းခဲ့ပြီး အခုမှ ပြန်လည်မြင့်တက်လာတာဆိုပေမဲ့ ရောင်းလိုအားထက် ဝယ်လိုအားက အရင်အပတ်တွေကတည်းက ကျော်လွန်ခဲ့တာပါ။ ရောင်းလိုအားကျတဲအထဲမှာ ဆင့်မြင့်အိမ်တွေရောင်းလိုအားက ပိုကျပါတယ်။ ဒါဟာ လာမယ့်သီတင်းပတ်တွေမှာလည်း အိမ်ဈေးတွေ ဆက်မာဦးမယ်လို့ ညွှန်ပြနေတာပါ" ဟု Shanghai Homelink အိမ်ခြံမြေအေဂျင်စီ
ကုမ္ပဏီ၏ သုတေသနဒါရိုက်တာ လုချီလင်ကလည်း ပြောကြားခဲ့သည်။
ရှန်ဟိုင်းတွင် အိမ်သစ်ရောင်းလိုအားသည် စတုရန်းမီတာ ၂၂၈,၀၀၀ ခန့်သာ ကျန်ရှိတော့
သည်။ ယင်းမတိုင်မီသီတင်းပတ်ကကျန်ရှိခဲ့သည့် ရောင်းလိုအားထက် ၂၃ ဒသမ ၆ ရာခိုင်
နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)