အစိုးရသစ်တက်လာသည့် ရက်ပေါင်း တစ်ရာ ကာလအတွင်း အိမ် ခြံ မြေ ကဏ္ဍအတွက်ဆောင်ရွက်ပေးနိုင်မှုအပိုင်းတွင် အားနည်းခဲပြီး ထူးထူးခြားခြား လုပ်ပေးနိုင်မှုမရှိခဲ့ကြောင်း ရန်ကုန်တိုင်း အိမ် ခြံ မြေအသင်း မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောပြခဲ့သည်။
"ဒီ ရက် ၁၀၀ အတွင်းမှာ အစိုးရအနေနဲ့ သိပ် ထူးထူးခြားခြားလုပ်ပေးနိုင်ခဲ့တာ တော့မရှိပါဘူး။သူတို့မရှိသေးဘူး။
အရောင်းအဝယ်တွေကလည်းအများမြင်တဲ့အတိုင်းပဲ။ အရမ်းပါးနေတယ်။လုပ်ငန်းရှင်ကြီးတွေကလည်းအော်နေပြီ။သူတို့ ဒီအပေါ်မှာလည်း စီးပွားရေးနဲ့ပတ်သက်ပြီး သိပ်အာရုံမစိုက်နိုင်ခဲ့ဘူး။တစ်ခြားအရေးကြီးတဲ့အပိုင်းတွေ လုပ်နေတာကြောင့်လို့မြင်တာပဲ။အိမ် ခြံမြေ ကို အထောက်အကူပြုမယ့်ဟာတွေကိုတော့ တိတိကျကျ ကိုင်တွယ်တာမမြင်ရသေးဘူး"ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ အကျိုးဆောင်ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပြောပြသည်။
အိမ်ခြံမြေအား တစ်စုံတစ်ရာ ပြန်လည် လည်ပတ်နိုင်သည့်အခင်အကျင်းတစ်ရပ်အား အစိုးရအနေဖြင့် စဉ်းစားဖော်ဆောင်ပေးသင့်ကြောင်းလည် အိမ် ခြံ မြေ အကျိုးဆောင်များက တိုက်တွန်းပြောဆိုကြသည်။ "ကျွန်တ်ာတို့ပြောတာ အိမ် ခြံ မြေ ဈေးတွေတက်အောင် လုပ်ပေးဖို့တောင်းဆိုတာမျိုးမ ဟုတ်ပါဘူး။အိမ် ခြံ မြေ ပုံမှန်အရောင်းအဝယ်ပြန်လည်ပတ်အောင်ပဲ ပြောတာပါ။ဒါကို စီးပွားရေးပညာရှင်တွေနဲ့တွေ့ပြီး ပူးပေါင်းလုပ်ဆောင်ပေးစေချင်တယ်။အဲဒီလိုလေးဖော်ဆောင်ပေးရင်တော့ တော်တော်လေး ပြန်လည်ပတ်လာမယ်လို့ ယူဆတယ်"ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောပြသည်။
အစိုးရသစ်၏ ရက်တစ်ရာကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်နေသော
အထပ်မြင့်များအား ပြန်လည်စိစစ်ခြင်း၊ အချို့အား ပြန်လည်ပြင်ဆင်ဆောက်လုပ်စေခြင်း ၊နယ်မြို့များတွင် ၁၀ နှစ် ၊နှစ် ၂၀ မြေငှားဂရမ်များ ချထားပေးခြင်းအစရှိသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com