အစိုးရဟောင်းခွင့်ပြုခဲ့တဲ့ ၉ထပ်နဲ့ အထက် အဆောက်အဦ ၁၈၅ လုံးကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေဟုဆို

အစိုးရဟောင်းခွင့်ပြုခဲ့တဲ့ ၉ထပ်နဲ့ အထက် အဆောက်အဦ ၁၈၅ လုံးကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Jul 2016 11:29 am တွင် တင်ခဲ့သည်
1441 ကြိမ် ကြည့်ရှု့ပြီး
အရင်အစိုးရလက်ထက်က ရန်ကုန်မြို့မှာ တည်ဆောက်ဖို့ မူအားဖြင့် ခွင့်ပြုချက်ရရှိထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေကို ပြန်လည်စီစစ်နေဆဲကာလမှာ ခဏရပ်ဆိုင်းရမယ်လို့ ဒီဘက်အစိုးရသစ်လက်ထက်မှာ နိုင်ငံပိုင်သတင်းစာကနေ ကြေညာချက်ထွက်လာခဲ့တာကြောင့် အဲဒီ့ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်က သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန် မြို့မှာ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မူအားဖြင့် တည်ဆောက်ဖို့ ခွင့်ပြုခဲ့တာဆိုပေမယ့် ဒီဘက် အစိုးရကတော့ တည်ဆောက်မယ့်စံနှုန်းတွေကို အသေးစိတ်စစ်ဆေးမှု ပြန်လုပ် ဦးမယ်ဆိုပြီး ခဏရပ်ဆိုင်းထားဖို့ ကြေညာချက် တစ်စောင်ကို နိုင်ငံပိုင် သတင်း စာကနေ လွန်ခဲ့တဲ့ ၂ လက ကြေညာခဲ့ပါတယ်။

ဒီလိုမျိုးရပ်ဆိုင်းထားရမယ့် ၉ ထပ်နဲ့အထက်ရှိတဲ့ အဆောက်အဦးပေါင်း ၁၈၅ လုံးအထိ ရှိတာပါ။

"အခုကျမှ မလျောညီဘူးလို့ပြောတာ ကျွန်တော်တို့ စဉ်းစားမရတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ မူဝါဒအရ အောင်မြင်တယ်ဆိုတာလည်း ကျွန်တော်တို့ လွယ်လွယ် ကူကူနဲ့ အောင်မြင် ထားတာမဟုတ်ပါဘူး။ ဒါကို အောင်မြင်ဖို့ အနည်းဆုံး တစ်နှစ် လောက် လုပ်ကိုင်ရပါတယ်။ ၁၂ ထပ်ခွဲဆိုရင် မြို့တော်ဝန်နဲ့ ကော်မတီဝင်တွေဆီ သွားရတယ်။ ၁၂ ထပ်ကျော်တာနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပါတဲ့ အစိုးရအဖွဲ့ဆီ တင်ပြရတယ်။" လို့ MKT Construction Co., Ltdက ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ဒီလိုမျိုး အစိုးရဘက်က အကြောင်းပြချက်နဲ့အတူ တည်ဆောက်ဆဲလုပ်ငန်းတွေ ခဏရပ်ဆိုင်းထားရမယ့် အခြေအနေမှာ တည်ဆောက်သူတွေ ဘက်ကလည်း ရှေ့ဆက်တိုးဖို့ တုံ့ဆိုင်းနေရတဲ့ အခြေအနေပါ။

အရင်အစိုးရလက်ထက်က ခွင့်ပြုချက်မူအားဖြင့် ရန်ကုန်မြို့မှာ ၃၁ ထပ်အထိ တည်ဆောက်ခွင့်ရထားပေမယ့် ရွှေတိဂုံဘုရားကန့်သတ်ကြားခံနယ်မြေဇုန်ထဲမှာ ကျရောက်နေတယ်ဆိုပြီး အထပ်လျှော့တည်ဆောက်ရမယ့် ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိအချိန်အထိ သူတို့ကုမ္ပဏီအနေနဲ့ အမေရိကန် ဒေါ်လာ ၉ သန်းကျော်ကုန်ကျထားတာဖြစ်ပြီး ဒီလိုမျိုးသာ ပြန်လည်ပြင်ဆင် တည်ဆောက်ရမယ်ဆိုရင် ဆုံးရှုံးမှုတွေရှိကုန်မယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ကို ၃၁ ထပ် ခွင့်ပြုထားပြီးတော့မှ ကျွန်တော်တို့ကို ၁၉ ထပ် လောက် ဖြတ်ပြီး ၁၂ ထပ်လောက်ပဲ ဆောက်ရမယ်လို့ရှိရင် အချိန် ၂ နှစ်ကျော် ၃ နှစ် လောက် လူအင်အား၊ငွေအင်အား ရင်းနှီးပြီးလုပ်ထားတာတွေက အလကားနီးပါးလောက် ဖြစ်သွားပါတယ်။" လို့ PSWN DEVELOPMENT CO.,LTD ရဲ့ အထွေထွေမန်နေဂျာ ဦးသီဟဇော်ကလည်းေ ပြာပါတယ်။

လက်ရှိအချိန်မှာ ခွင့်ပြုချက်ကျပြီး အဆောက်အဦး ၆၄ လုံးထဲက ၅၂ လုံးကို ခွင့် ပြုခဲ့ပြီး ကျန် ၁၂ လုံးကို အထပ်နိမ့်ဆောက်လုပ်ဖို့အတွက် အစိုးရက တားမြစ်စာ ပို့ထားတာဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က မူဝါဒပြင်ဆင်တယ်အထပ်မြင့် အဆောက်ဦးတွေကို ခွင့်ပြုချက်ရပ်ဆိုင်းတာတွေကို လက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နဂိုဆောက်လုပ်ခွင့်ပြုပြီးသားကို ဆက်လက်ခွင့်ပြုဖို့ တောင်းဆိုတာဖြစ်တဲ့ အကြောင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆို လိုက်တာပါ။

"ဒါတွေကို ဆက်လက်ခွင့်ပြုပေးလိုက်ရင် ကျတော်တို့လည်း ရှင်သန်မယ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျတော်တို့ဘက်က ဘာကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ နှစ်ဦးနှစ်ဘက် အောင်မြင်အောင်လုပ်ကိုင်သွားရင်တော့.. ပြည်သူတစ်ထောင်၊ နှစ်ထောင်ကတော့ နစ်နာစေ ဟိုလူကတော့ သာစေ ဒီလိုမျိုး တော့ မဖြစ်သင့်ပါဘူး နိုင်ငံအတွက် တကယ်ကို ကြီးမားစွာသော ဆုံးရှုံးမှု ဖြစ်စေ မယ်ဆိုရင်တော့ တစ်မျိုးပေါ့ .." လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ခဏရပ်နားခံထားရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်က ပြု လုပ်တာဖြစ်လို့ အစိုးရတာဝန်ရှိသူတွေ လာရောက်တာကိုတော့ အဲဒိမှာ မတွေ့မြင်ရဘူးလို့သိရပါတယ်။ ဒီလိုမျိုးအလား သဏ္ဍာန်တူတဲ့ဖြစ်ရပ်အနေနဲ့ အရင်အစိုးရတုန်းကလည်း ရွှေတိဂုံဘုရားအနီး ဦးထောင်ဘိုးအ၀ိုင်း ဒဂုံစီးတီးအိမ်ရာစီမံ ကိန်းကို ကန့်ကွက်နေရာ ဖယ်ရှားခံရတာမျိုးမှာလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါမျိုးသာ ကြိမ်ဖန်များစွာ ဖြစ်လာရင်တော့ နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေဘက်က အစိုးရအပေါ် ယုံကြည်မှုတွေလျှော့နည်းတာမျိုးလည်း ဖြစ်ပေါ်နိုင်တယ် လို့ သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service