ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား

ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား - Property News in Myanmar from iMyanmarHouse.com
25 Jul 2016 11:26 am တွင် တင်ခဲ့သည်
1709 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်နိုင်ငံဥရောပသမဂ္ဂကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရုတ်ချည်းဆိုသလိုအင်္ဂလန်ပေါင်ငွေ တန်ဘိုးစံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်တွေထဲမှာလည်း ကမောက်ကမ အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ကြံကြံဖန်ဖန်ဆိုသလို ဒီဂယက်က မြန်မာ့စီးပွားရေးကို သက်ရောက်မှုရှိနိုင်သလားဆိုတဲ့ မေးခွန်းတစ်ချို့ထွက်ပေါ်လာပြီး အခုလိုပွင့်ကာစ မြန်မာနိုင်ငံစီးပွားရေးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိဘူးလို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီကရွှေလုပ်ငန်းတွေထဲမှာတော့ ဗြိတိန်-ဥရောပသမဂ္ဂ သက်ရောက်မှုကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်တဲ့အတိုင်းဈေးမြင့်တက်မှုရှိလာနေပါတယ်။

ဇူလိုင်လထဲမှာတော့ မြန်မာ့ရွှေတစ်ကျပ်သားတန်ဖိုးက ကျပ် ၈ သိန်းခွဲလောက်အထိ အမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။ ဒီဈေးကလက်ရှိ မြန်မာနိုင်ငံရွှေဈေးကွက်မှာ စံချိန်တင်ဈေးဖြစ်ခဲ့တာပါ။

"နိုင်ငံတကာရွှေဈေးပေါ်မှာ မူတည်ပြီးတော့ ဦးတို့နိုင်ငံရဲ့ ရွှေဈေးက ထောက်လျှောက် တက်သွားတဲ့သဘော ဘယ်လောက်ထိတက်လဲဆိုတော့ ရှစ်သိန်းခွဲအထိ တက်တယ် ရှစ်သိန်းခွဲတက်ပြီးတော့ နိုင်ငံတကာရွှေဈေးကအေးတော့ နည်းနည်းအေးနေတယ် အခုရှစ်သိန်းသုံးသောင်းကျော် ရှစ်သိန်းလေးသောင်းအဲဒီပတ်ချာလည်မှာဖြစ်နေတာပေါ့၊ ဆိုတော့ အမြင့်ဈေးမှာပဲရှိနေပါတယ်။" လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

မြန်မာ့ရွှေဈေးက ဇူလိုင်လဒုတိယပတ်ထဲမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၈ သိန်းခွဲဝန်းကျင်အထိ ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးဆိုရင်လည်း တစ်အောင်စကို ၁၃၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒါဟာလည်း ဗြိတိန်-ဥရောပကနေ ခွဲထွက်လိုက်ပြီဆိုတာကြောင့် ဇွန်လနောက်ဆုံးသီတင်းပတ်အတွင်း မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးနှုန်းလည်း မြင့်တက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

"ဈေးတက်လာတွေကတော့ ဗြိတိန်ကအီးယူကထွက်တဲ့ ကိစ္စနဲ့ ပါတ်သတ်ပြီးကမ္ဘာ့ ရွှေဈေးတွေ တက်သွားတယ်။တက်လိုက်ကျလိုက် မတည်မငြိမ်ဖြစ်နေတယ်။အဲဒါကြောင့် ပြည်တွင်းဈေးကလည်း လိုက်တက်သွားတာပေါ့နော်။" လို့ တိတ်စိန်ရွှေဆိုင်က ကိုဇော်အောင်က ပြောပါတယ်။

လတ်တလော ပြည်တွင်းရွှေဆိုင်တွေရဲ့ အရောင်းအဝယ်ဈေးကွက်က အရောင်းထက် အဝယ်ပိုများနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ အမြင့်ဆုံးဈေးတစ်ကျပ် သား ၈ သိန်းခွဲနီးပါးရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးနှုန်းအနေနဲ့ ဇူလိုင်လတတိယပတ်ထဲမှာ ကျပ် ၈၃၆၅၀၀ အတွင်း ဈေးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service