ဂျပန်တွင် အပန်းဖြေလူနေအိမ်များ နိုင်ငံခြားဝယ်လက် ၀ယ်ယူမှုများ စံချိန်တင် မြင့်တက်

ဂျပန်တွင် အပန်းဖြေလူနေအိမ်များ နိုင်ငံခြားဝယ်လက် ၀ယ်ယူမှုများ စံချိန်တင် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
25 Jul 2016 10:38 am တွင် တင်ခဲ့သည်
1162 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံတွင်အပန်းဖြေလူနေအိမ်များကို နိုင်ငံခြား
ဝယ်လက်များမှ ၀ယ်ယူမှုများစံချိန်တင်အောင် မြင့်တက်လာလျက်ရှိကြောင်းဂျပန်အမျိုးသားအကောက်ခွန်ဌာန (NTA) မှ ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြသည်ဟုတိုကျိုအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းသို့ ၀ယ်လိုအားမြင့်တက်လာမှုကြောင့် ကမ္ဘာလှည့်ခရီးသည်များသွားလာလေ့ရှိသည့်နေရာများ၊ နိုင်ငံတစ်ဝန်းရှိလူစည်ကားသောလမ်းမများပေါ်ရှိနေ
အိမ်ဈေးနှုန်းများမှာ ၂၀၁၆ အတွင်းအလွန်မြင့်တက်လာလျက်ရှိကြောင်းလည်းNTA မှ ထုတ်ပြန်သည်။

လူနေအိမ်စီမံကိန်းများများပြားလာလျက်ရှိခြင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကိုစွဲဆောင်နိုင်မည့် အရောင်းဆိုင်သစ်များစွာဖွင့်လှစ်လာကြခြင်းတို့ကလည်း
ပြည်ပ၀ယ်လိုအား မြင့်တက်လာစေခြင်း၏ အကြောင်းရင်းများဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းဂျပန်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာ စံချိန်တင်မြင့်တက်ခဲ့ရာ ၁၉ ဒသမ ၇၃ သန်းအထိရှိခဲ့သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှုကြောင့် ဂျပန်ယန်းငွေခိုင်လာမည်ဆိုလျှင်မူကမ္ဘာလှည့်ခရီး
သည်ဝင်ရောက်မှုကျဆင်းသွားဖွယ်ရာရှိကြောင်းလည်းသုံးသပ်ထားသည်။

နာမည်ကျော်နှင်းလျှောစီးအပန်းဖြေစခန်းများရှိသည့် ဂျပန်နိုင်ငံမြောက်ဘက်စွန်း၊ ဟိုကိုင်းဒိုးကျွန်းရှိကွတ်ချန်မြို့၏ အဓိကလမ်းမကြီးဖြစ်သောနီစီကိုကိုဂန် ဟီရာဖုဆန်လမ်းမကြီးပေါ်တွင် မြေဈေးနှုန်းများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

ယင်းမြင့်တက်နှုန်းမှာဂျပန်နိုင်ငံတစ်ဝန်းတွင် အမြင့်မားဆုံးမြင့်တက်မှုလည်း ဖြစ်သည်။
နီစီကိုအရပ်သည်ကမ္ဘာလှည့်ခရီးသည်များအကြား
နာမည်ကျော်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိခဲ့ပြီဖြစ်ပြီးအထူးသဖြင့် သြစတေးလျ နှင်းလျှောစီးသမားများလာရောက်
အပန်းဖြေလေ့ရှိကြသည်။

ယနေ့ကာလတွင် အမေရိကန်ပြည်ထောင်စု၊ အာရှနှင့် ဥရောပနိုင်ငံများမှကမ္ဘာလှည့်ခရီးသည်များလည်းလာရောက်အပန်းဖြေလေ့ရှိနေသည့်နေရာဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပန်တွင် အပန်းဖြေလူနေအိမ်များ နိုင်ငံခြားဝယ်လက် ၀ယ်ယူမှုများ စံချိန်တင် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
ဂျပန်တွင် အပန်းဖြေလူနေအိမ်များ နိုင်ငံခြားဝယ်လက် ၀ယ်ယူမှုများ စံချိန်တင် မြင့်တက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service