အစိုးရအကူးအပြောင်းကာလတွင် ပုဂ္ဂလိကသို့ မြေယာလွှဲပြောင်းပေးခဲ့မှုကို စုံစမ်းစိစစ်ရန် ကော်မတီဖွဲ့မည်

အစိုးရအကူးအပြောင်းကာလတွင် ပုဂ္ဂလိကသို့ မြေယာလွှဲပြောင်းပေးခဲ့မှုကို စုံစမ်းစိစစ်ရန် ကော်မတီဖွဲ့မည် - Property News in Myanmar from iMyanmarHouse.com
25 Jul 2016 9:33 am တွင် တင်ခဲ့သည်
1235 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအကူးအပြောင်း ကာလတွင် စည်ပင်သာယာပိုင် နှင့် အများပြည်သူပိုင်ဆိုင်သော မြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့မှု ဥပဒေနှင့်ညီညွတ်မှုရှိ၊မရှိ ပြန်လည်စိစစ်မည့်ကော်မတီကို မကြာမီရက် ပိုင်းအတွင်း ဖွဲ့စည်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကော်မတီဖွဲ့ဖို့စီစဉ်နေပါ ပြီ။ ဒီတစ်ပတ်ထဲ ဖွဲ့မယ့်သဘော ရှိပါတယ်’’ဟု မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင် ကျော်ဦးကပြောသည်။

အဆိုပါကော်မတီကို တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရန် အ စိုးရအဖွဲ့နှင့် ညှိနှိုင်းနေပြီး မကြာ မီရက်ပိုင်းအတွင်း ဖွဲ့စည်းမည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။

အစိုးရအကူးအပြောင်းကာ လအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်း သော မြေကွက်များ၊ ပလပ်မြေ များကို လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချထားပေးခဲ့မှုများ ပြန်လည်စိစစ်ကာ အများပြည်သူ အကျိုးအတွက် စနစ်တကျစီမံခန့် ခွဲဆောင်ရွက်နိုင်ရေးတိုက်တွန်း ကြောင်းအဆိုကို ပြီးခဲ့သည့်ဇူလိုင် လဆန်းက ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အ စည်းအဝေး၌ အတည်ပြုထားခြင်းဖြစ်သည်။

အစိုးရအဖွဲ့ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များပါ ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်းကာ အဆိုပါ ဖြစ်ရပ်ကို ပြန်လည်စိစစ်မည်ဖြစ် ပြီး အများပြည်သူ အကျိုးမရှိ သော ချထားပေးခဲ့မှု ဖြစ်ပါက အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ရုပ်သိမ်းမည်ဟု ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

‘‘အခုထိတော့ ကော်မတီဖွဲ့ တာမရှိသေးဘူး။ ဒါပေမဲ့လွှတ် တော်က အတည်ပြုပြီးနောက်ပိုင်း တချို့စီမံကိန်းတွေတော့ ရပ်ခိုင်း ထားတဲ့သဘောရှိတယ်’’ ဟု အ ထက်ပါအဆို တင်သွင်းခဲ့သူ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမြင့် အောင်မိုးကပြောသည်။

အစိုးရအကူးအပြောင်းကာ လ ဇန်န၀ါရီမှ မေလအတွင်း အ များပြည်သူပိုင်နေရာများကို ပုဂ္ဂလိကပိုင်အဖြစ်ချထားပေးခဲ့မှု တွင် မန္တလေးခရိုင်တစ်ခုတည်းအ တွင်း၌ပင် အနည်းဆုံးမြေဧက တစ်ထောင်ကျော်ရှိသည်ဟု တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များကပြောသည်။

ကျောင်း၊ ဆေးရုံ၊ အားက စားကွင်းကဲ့သို့ အများပြည်သူပိုင် နေရများအဖြစ်အကောင်အထည် ဖော်ရန် ချန်လှပ်ထားသည့် မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက စီမံခန့်ခွဲနေသည့်မြေကွက်များကို ပြီးခဲ့သည့်အစိုးရက အစိုးရအလွှဲအပြောင်းကာလ လပိုင်းအတွင်း လူ၉၉ဦးထံ ပုဂ္ဂလိကတစ်ဦးတည်းပိုင်မြေများအဖြစ် ချထားခွင့်ပြုပေးခဲ့ခြင်းကို စိစစ်တွေ့ရှိရသည်ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာဦးရဲလွင်ကလည်း ပြောကြားထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service