ကျုးကျော်စာရင်းကောက်ယူရန် အဖွဲ့ဖွဲ့စည်းထားသော်လည်း လက်တွေ့စာရင်းကောက်ယူမှုများ မရှိသေး

ကျုးကျော်စာရင်းကောက်ယူရန် အဖွဲ့ဖွဲ့စည်းထားသော်လည်း လက်တွေ့စာရင်းကောက်ယူမှုများ မရှိသေး - Property News in Myanmar from iMyanmarHouse.com
22 Jul 2016 10:18 am တွင် တင်ခဲ့သည်
935 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူရန်
ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်
မှုများ မစတင်ရသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ၏ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

"ကျွန်တော်တို့ အဖွဲ့ဖွဲ့ထားပြီးဖြစ်ပေမဲ့ စာရင်းမကောက်ရသေးပါဘူး။ အခုကောက်
နေတာကလည်း လ၀က က အိမ်ထောင်စု စာရင်းကောက်တာဖြစ်ပါလိမ့်မယ်။ အခုချိန်ထိ
ကျုးစာရင်း ဘာမှမကောက်ရသေးပါဘူး။ ဘယ်နေ့ စကောက်မလဲဆိုတာတော့ ပြောလို့
မရသေးပါဘူး"ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရန်ကုန်
မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ၀င်းက ဇူလိုင် ၁၃ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူများ စာရင်းကို
ကွန်ပျူတာစနစ်ဖြင့် ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်လတ်မှတ်ရေးထိုးကာ ကောက် ယူသွား
မည်ဖြစ်ကြောင်း မေ ၂၅ ရက်က စက်မှုဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

သို့သော် မေ ၂၅ ရက် နောက်ပိုင်း တိုးပွားလာသည့် ကျူးကျော်တဲ များကိုမူ စာရင်းကောက်ယူ
သွားမည်မဟုတ် ကြောင်း အသိပေးခဲ့သည်။ စာရင်းကောက်ယူသည့်အဖွဲ့ကို ဇွန်လ ဆန်းမှ
စတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှုး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ
ပါဝင်သည်။

"ထွေအုပ်က ဦးစီးပြီး ကျွန်တော်တို့က လိုအပ်တာ ပံ့ပိုးတဲ့ပုံစံနဲ့ လုပ်မှာဖြစ်ပါတယ်။ ဌာနပေါင်းစုံ
ပါတဲ့အဖွဲ့တွေလည်း ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ထွေအုပ်အစီအစဉ်နဲ့ပဲ ဆက်လုပ်သွားမှာ ဖြစ်ပါ
တယ်"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံ ရေးရာဌာနမှ ဌာနမှူး
ဦးမောင်မောင်ဇော်က ပြောသည်။ ကျူးကျော်နေထိုင်သူများ၏ စာရင်း ကောက်ယူရန်
ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်ပေါများသည့် လှိုင်သာယာ မြို့နယ်မှ စတင်နိုင်ရန်
ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။

တိုးပွားလာသည့် ကျူး ကျော်တဲများကိုမူ တစ်တဲတိုး တစ်တဲဖျက် စနစ်ဖြင့် ဖျက်သိမ်းလျက်ရှိကြောင်း
လှိုင် သာယာမြို့နယ် စည်ပင်သာယာ အုပ်ချုပ် ရေးမှူး ဦးခင်မောင်ကြီးက ပြောသည်။ "ကျုးကျော်တဲ
တိုးတယ်လို့ ကြားတာနဲ့ကို အဖွဲ့ဖွဲ့ပြီး သွားဖျက်တဲ့စနစ်ကို ကျင့်သုံးနေ ပါတယ်။ စာရင်းတော့
မကောက်ရသေး ပါဘူး"ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်မြေများ နှင့် ပုဂ္ဂလိကပိုင်မြေများတွင် ကျူးကျော်နေ ထိုင်သူပေါင်း
၄၃၀,၀၀၀ ကျော်ရှိနိုင်ကြောင်း အစိုးရအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ စက်မှုဇုန်ပေါင်း
ကိုးဇုန်ရှိသည့်အနက် လုပ် သားအင်အား သုံးသိန်းကျော် အသုံးပြုထား သည့် လှိုင်သာယာမြို့နယ်မှာ
အခြားမြို့နယ် များထက် ကျူးကျော်နေထိုင်သူများ ပိုမို များပြားကြောင်း လှိုင်သာယာမြို့နယ် စည်ပင်
သာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးကြည်စိုးက ပြောသည်။

"ကျုးကျော်စာရင်းတွေကောက်မယ့် သတင်းမကြားသေးပါဘူး။ ထွေအုပ်မှာလည်း စည်ပင်က
အဖွဲ့တွေပါနေပါတယ်။ ကျွန်တော် တို့ လှိုင်သာယာမှာ ကျုးကျော်စာရင်းကောက် ရင် တော်တော်
လုပ်ယူရမယ့် အနေအထား ရှိတယ်။ အခုလမ်းမပေါ်ကတိုးလာတဲ့ တဲ တွေတောင် ဖျက်နေတယ်။
တချို့ကလည်း လူလစ်ရင် ပြန်ဆောက်မယ့် သဘောတွေ ရှိတယ်"ဟု ၎င်းကပြောသည်။

တရားဝင်ကျူးကျော်စာရင်းကောက်ယူ မည့် အချိန်နေရာများကို ကြေညာထားခြင်း မရှိသေးသော်လည်း
ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးအဖွဲ့များက ကျူးကျော်တဲများ တိုးပွားလာခြင်းမရှိအောင် ကြပ်မတ်ခြင်း၊
ကျူးကျော်တဲဟောင်းများကို နံပါတ်စဉ်များ ဖြင့် သတ်မှတ်ထားပြီးဖြစ်သည့်အတွက်
ကျူးကျော်တဲဟောင်းများကြားတွင် အသစ် ထပ်မံဆောက်လုပ်ရန် အခက်အခဲများရှိနိုင်သည်။

သို့သော် သွားလာရေးခက်ခဲကာ လူသူအရောက်အပေါက်နည်းပါးသည့် နေရာ များတွင်မူ
ကျူးကျော်တဲသစ် တိုးပွားလာမှု များရှိနိုင်ကြောင်း လှိုင်သာယာမြို့နယ် ဘီအိုစီ မှတ်တိုင်အနီး
စက်မှုဇုန်မြေကွက်တွင် ကျူး ကျော်နေထိုင်သူ ကိုဆံရှည်က ပြောသည်။ "စာရင်းတော့
မကောက်သေးပေမဲ့ သူ့အစုနဲ့သူတော့ တဲနံပါတ်ကလေးတွေလုပ် ထားတာတော့ ရှိကြပါတယ်။
ကျုးတဲဟောင်း ကြားမှာ အသစ်တိုးဖို့ထက်၊ လူမရောက် မပေါက်တဲ့နေရာမှာ ကျုးတဲသစ်တွေတော့
တိုးတယ်ကြားတယ်။ အခုစည်ပင်ဘက်က တော့ တစ်လုံးတိုးတာနဲ့ တစ်လုံးဖျက်လုပ်နေတယ်"ဟု
၎င်းကပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service