ရပ်နားထားသော ဆောက်လုပ်ရေးလုပ်ငန်းများ ရေရှည် လုပ်ခလစာပေးရန် ခက်ခဲ

ရပ်နားထားသော ဆောက်လုပ်ရေးလုပ်ငန်းများ ရေရှည် လုပ်ခလစာပေးရန် ခက်ခဲ - Property News in Myanmar from iMyanmarHouse.com
22 Jul 2016 9:58 am တွင် တင်ခဲ့သည်
1993 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်နေသည်မှာ
နှစ်လခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် လုပ်ငန်းခွင် ရှိ အလုပ်သမားများအတွက်ရေရှည်လုပ်ခ
လစာပေးရန် အခက်အခဲရှိလာကာ အလုပ်သစ်ရှာဖွေရန် အကြောင်းကြားထားကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

အထပ်မြင့်အဆောက်အအုံစီမံကိန်းများ မှာ သာမန်အဆောက်အအုံ ဆောက်လုပ်သည့်
နည်းစနစ်များနှင့်မတူဘဲ အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်ရေးနည်းပညာများ
အသုံးပြုထားသည်။ ပြည်ပမှ ကျွမ်းကျင် ပညာရှင်အများအပြားကို ခေါ်ယူငှားရမ်း ထားသလို
လုပ်ငန်းခွင်တစ်ခုလျှင် ပြည်တွင်း အလုပ်သမားအင်အား ထောင်နှင့်ချီ အင်အားသုံး
ဆောက်လုပ်နေရခြင်းဖြစ်သည်။

အလုံမြို့နယ်ရှိ ၂၇ ထပ်မြင့် အဆောက်အအုံတစ်ခုကို တာဝန်ယူဆောက်လုပ်နေသူ
တစ်ဦးဖြစ်သည့် ဦးသန်းနိုင်က ယာယီရပ်နား ထားချိန်အတွင်း အလုပ်သမားများကို
လစာ ပေးခဲ့သော်လည်း ရေရှည်အတွက် အဆင် မပြေတော့ကြောင်း ပြောသည်။

"၀န်ထမ်းစရိတ်က ပြည်တွင်းက လူတွေ ကော၊ ပြည်ပက ငှားထားတဲ့ ပညာရှင်တွေပါ
ပေါင်းလိုက်ရင် တစ်လကို ကျပ်သိန်း ၁,၀၀၀ လောက် ရှင်းနေရတယ်။ ခုလုပ်ငန်းတွေ
နားထားပေမဲ့လည်း လစာတော့ ပေးပြီး ထိန်းထားတယ်။ ဒါတောင် ဘဏ်တိုးတွေ မပါသေးဘူး။
"အခု ကျွန်တော့်ပရောဂျက်က ဖောင်ဒေး ရှင်းတူးတဲ့ အချိန်မှာတော့ အလုပ်သမား ၃၀၀ လောက်
သုံးထားရတယ်။ ၀န်ထမ်းတွေ၊ မှီခိုသူ မိသားစုတွေရဲ့ စားဝတ်နေရေးအရ အတတ်နိုင်ဆုံးတော့
ကြည့်ပေးထားတယ်။ ဒါပေမဲ့ ရေရှည်မလွယ်နိုင်တဲ့အတွက် တစ်လ အတွင်း အလုပ်အသစ်ရှာဖို့
ပြောထားတယ် ။ သူတို့လည်း ဆိုဒ်တွေက ရပ်ထားတော့ အလုပ်ရှာရတော့ ခက်လိမ့်မယ်၊
မတတ်နိုင် တော့ဘူး"ဟု ၎င်းကပြောသည်။

ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သော် လည်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်နေမှု
များမှာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးရန် ရန်ကုန် မြို့တော်စည်ပင်
သာယာရေးကော်မတီက ပြီးခဲ့သည့် မေလလယ်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းထားရန်
အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

အပြီးသတ်ဆောက်လုပ်ခွင့်ရ အဆောက်အအုံ ၆၄ လုံးနှင့်
'မူ'အားဖြင့်သာ ခွင့်ပြုထားသည့် အဆောက်အအုံ ၁၂၀ ကျော် တို့ ရပ်နားမှုမှာ လက်ရှိအချိန်အထိ
နှစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။ ဇွန်လကုန်ပိုင်းမှ စတင်ကာ အဆောက်အအုံ ၁၂ လုံးကို
ပထမဆုံးစစ်ဆေးခဲ့ပြီး ယခင်ရက်သတ္တပတ် က အဖြေထွက်ပေါ်လာခဲ့သော်လည်း
ဆက်လက်စစ်ဆေးရန် အဆောက်အအုံများစွာ ကျန်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း
အဆောက်အအုံစီမံ ကိန်းပေါင်း ၃၀ ကျော်ကို တာဝန်ယူဆောက် လုပ်နေသည့် MKT Construction
၏ အုပ် ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်ကမူ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာတွင်
ရှားပါးသည့် ကျွမ်းကျင်ပညာများကို ထိန်း ထားနိုင်ရန် အလုပ်ရပ်နားထားသော်လည်း
လစာပေးနေရဆဲဖြစ်ကြောင်း ပြောသည်။

"တချို့အလုပ်သမားတွေကို စာချုပ်ချုပ် ပြီး ခေါ်ထားတာရှိပေမဲ့ အခုချိန်က ဆောက်လုပ်ရေးတွေ
ရပ်နေတော့ သူတို့တွေ တခြားအလုပ်ကို ပြောင်းမယ်ဆိုလည်း ပြောင်းခွင့်ပေးတယ်။ ကျွန်တော်တို့တောင့်ခံ နိုင်သလောက် လစာပေးထားတယ်။ ပညာ ရှင်ပိုင်းကျတော့ မြန်မာပြည်မှာ အထပ်မြင့်
လုပ်နိုင်တဲ့လူတွေက ရှားတယ်။ သူတို့ကို မဖြစ်မနေ ထိန်းထားရတယ်။ ၀န်ထမ်းတွေ၊ ပညာရှင်တွေ၊
အလုပ်သမားတွေကို အလုပ် မရှိဘဲ လစာပေးထားရတယ်။ ကျွန်တော့် အနေနဲ့တော့ သူများထက်
ဆောက်လုပ်ရေး လုပ်ငန်းတွေ အများကြီးရှိနေသလို တခြား လုပ်ငန်းတွေလည်း ရှိတဲ့အတွက် အလွန်ဆုံး တောင့်ခံနိုင်ရင် ခြောက်လလောက်ပဲရမယ်" ဟု ၎င်းကပြောသည်။

အထပ်မြင့်အဆောက်အအုံစီမံကိန်းကြီး များတွင် တစ်စိတ်တစ်ပိုင်းပါဝင်သော ရေ၊ မီး၊
ကြွေပြား၊ ပိုင်တိုင်စိုက်ထူခြင်း စသည်တို့ အတွက် ကန်ထရိုက်တာကုမ္ပဏီငယ်များကို
ငှားရမ်းအပ်နှံသလို လုပ်ငန်းကြီးများက တိုက်ရိုက်ကြီးကြပ် လုပ်ကိုင်နေမှုများလည်း ရှိ
သည်။ "ကျွန်တော်တို့က အရင်အစိုးရ စံနှုန်း တွေအရ အဆင့်ဆင့်ထောက်ခံချက်တွေနဲ့
ဆောက်ခဲ့တာပါ။ အလုပ်သမားတွေကို သုံးလ စာအထိတော့ လစာပေးထားမယ်၊ သုံးလ
ကျော်ရင်တော့ မပေးနိုင်ဘူး။ သူတို့အလုပ် သစ်ရှာဖို့က မိုးတွင်းဖြစ်နေတာရယ်၊ ဆိုဒ် တွေက
ရပ်နေတော့ သူတို့လည်း ခက်ခဲလိမ့် မယ်၊ သူတို့ကိုလည်း ပြောထား ဆိုထားပြီးပါပြီ"ဟု
I-Green Construction ၏ ဒါရိုက်တာ ဦးကျော်ကျော်နိုင်က ပြောသည်။

စီမံကိန်းများရပ်ဆိုင်းထားမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများ၊အလုပ်သမားများ စသည့်အဖွဲ့ အစည်းတွင် ပါဝင်ပတ်သက်နေသူများ၏ နစ်နာဆုံးရှုံးမှုများ
အတွက်စာရင်းပြုစုကာရန်ကုန်တိုင်းဒေသကြီးအစိုးရ၊
ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့
တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်းနာယက၊ ဇေကမ္ဘာကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက မြန်မာတိုင်း(မ်)ကို
ပြောသည်။

"စစ်ပြီးတဲ့ ၁၂ လုံးကို အထပ်တွေလျှော့ လိုက်တယ်လို့ သိရတယ်။ ကျန်တဲ့အလုံးတွေလည်း
အလားအလာကောင်းမှာ မဟုတ်ဘူး။ အထပ်မြင့်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထား ရတဲ့
ကုန်ကျစရိတ်တွေကလည်း မနည်းဘူး။ ကြိုပွိုင့်ရောင်းထားတာတွေလည်း ရှိကြတယ်။ အားလုံး
နစ်နာတယ်။ အဓိကပြဿနာက အလုပ်သမားတွေ မကြာခင်မှာ အလုပ် လက်မဲ့ဖြစ်မယ့် ပြဿနာတွေ
ကလည်း အများ ကြီး ဖြစ်လာတော့မယ်။ လုပ်ငန်းရှင်တွေ အစည်းအဝေးလုပ်ပြီး ကျွန်တော့်ဆီ
တင်ပြဖို့ ပြောထားပါတယ်။ အားလုံးအဆင်ပြေဖို့ ကြိုးစားကြည့်ဦးမယ်။ အဓိကကတော့ အလုပ်
သမားတွေ အလုပ်လက်မဲ့မဖြစ်ဖို့ အရေးကြီးတယ်"ဟု ၎င်းကပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service