တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင်း နိုင်ငံတကာခုံရုံးက တရားမဝင်ဆုံးဖြတ်ထားသော်လည်း ကျွန်းနှင့် ရေပိုင်နက်များအတွင်း တည်ဆောက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဇူလိုင် ၁၉ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ တောင်တရုတ်ပင်လယ်တွင်း သံတမန်ရေးရာကိစ္စရပ်များတွင် တင်းမာမှုများမြင့်တက်နေပြီး တရုတ် နိုင်ငံသည်မဟာဗျူဟာကျသော ရေပြင်စစ်ရေးကိစ္စများ၌ လှုပ်ရှား နေခြင်းဖြစ် သည်။
''နန်ရှားကျွန်းတွေမှာ တစ်ဝက်လောက်ဆောင်ရွက်ပြီးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်မှာပါ''ဟူ၍ တရုတ်လွတ်မြောက်ရေးကြည်းတပ်နှင့်ရေ တပ်တပ်မှူးဖြစ်သူ ဝူရှန်ဂလီက အ မေရိ ကန်ရေတပ်ဗိုလ်ချုပ်ကြီးဂျွန်ရကာဆင်အား ပြောဆိုခဲ့သည်ဟုဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ နန်ရှားကျွန်းသည်စပရက်လီကျွန်းစုအား တရုတ်တို့ကမှည့်ခေါ်ထားသောနာမည်ဖြစ်သည်။ ယင်းကျွန်း သန္တာကျောက် တန်းများအား ဆည်ဖို့ကာကျွန်းများအဖြစ် တည် ဆောက်နေသောနေရာဖြစ်သည်။ တည်ဆောက်ပြီးသော ကျွန်းများနှင့် လေယာဉ်ပြေးလမ်းအပါအဝင် တည် ဆောက်မှုများပြုလုပ်ခဲ့သည်။
''နန်ရှားကျွန်းဟာ တရုတ်နိုင်ငံ ရဲ့အစဉ်အဆက်ဘိုးဘွားပိုင်မြေဖြစ်လို့ ကိုယ့်မြေပေါ်ကိုယ်တည်ဆောက်တာ အကျိုးအကြောင်းဆီလျော် တရားဝင်ပါတယ်''ဟု ဝူကဆက်လက်ပြောကြားခဲ့သည်။ သည်ဟိတ်ဂ်နိုင်ငံ တကာခုံရုံး သည် တောင်တရုတ်ပင်လယ်တွင်း တရုတ်တို့က ၁၉၄ဝ ပြည့်နှစ်ထုတ်မြေ ပုံပေါ်တွင် 'Nine-dash Line' ဖြင့် ပြ၍ ပိုင်ဆိုင်မှုတောင်းဆိုခဲ့ခြင်း သည် အခြားနိုင်ငံများ၏ပိုင်နက် များကိုပါ ထိပါးသည်ဟူ၍ ဖိလစ်ပိုင်နိုင်ငံ၏ တင်ပြမှုကိုလက်ခံကာ လွန်ခဲ့သောရက်သတ္တပတ်က အနိုင် ပေးခဲ့သည်။ ယင်းအပြင် Mischief သန္တာကျွန်းများအပေါ် တရုတ်တို့ကအ ဆောက်အအုံများဆောက်လုပ်နေ ခြင်းသည် ဖိလစ် ပိုင်နိုင်ငံ၏အချုပ် အခြာအာဏာကမ်းဦးရေတိမ်ပိုင်း နှင့်စီးပွားရေးဇုန်များကို ထိပါးရာ ရောက်နေသည်ဟု ဖော်ပြခဲ့သည်။ ခုံရုံး၏ဆုံးဖြတ်ချက်အား မနီလာက ကြိုဆိုခဲ့ပြီး တရုတ်ကမူပယ်ချခဲ့သည်။
Credit: Yangon Media Group