လှိုင်သာယာ ပြီးလျှင် ကျူးကျော်အများဆုံးမှာ ရန်ကင်း ဖြစ်နေ

လှိုင်သာယာ ပြီးလျှင် ကျူးကျော်အများဆုံးမှာ ရန်ကင်း ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
21 Jul 2016 10:29 am တွင် တင်ခဲ့သည်
9184 ကြိမ် ကြည့်ရှု့ပြီး
ရန်ကင်းရှိ နိုင်ငံပိုင် တိုက်ခန်းများတွင် မြေညီထပ် နေထိုင်သူများသည် နိုင်ငံတော်ပိုင်မြေများအား အရှေ့မျက်နှာစာတွင်သာမက အနောက်ဘေးကွက်လပ်ပါမကျန် စီးပွားဖြစ် ကျူးကျော်နေထိုင်မှုများ ရှိနေကြောင်း ရန်ကင်းတွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''လှိုင်သာယာကျူးကျော်တွေ များတယ်ဆိုတာ နေစရာ မရှိလို့၊ အိမ်မငှားနိုင်လို့ လက်လုပ်လက်စားနဲ့ ပျံကျတွေက လမ်းဘေးမှာ အိမ်ဆောက်နေတာ။ သူတို့မှာ ဒီလိုမနေရရင် နေစရာ၊ ကျောခင်းစရာ မရှိဘူး။ အဲဒါကို လက်ခံနိုင်ပေမယ့် ရန်ကင်းမှာ ခေတ်အဆက်ဆက် အုပ်ချုပ်သူနဲ့ပိုင်ပြီး မြေညီထပ်မှာ အခန်းရထားသူတွေ၊ အရင်ခေတ်က လူကြီးသား၊သမီး မြေညီထပ်ရထားသူတွေက အစပိုင်းမှာ သူတို့ အခန်းရှေ့ကနေ လမ်းနယ်နိမိတ်အထိ အခန်းတွေ ချဲ့ပစ်တယ်။ တချို့က သီးခြားအဆောက်အဦးတွေ ဆောက်တယ်။ ဒီလောက်နဲ့ပြီးသလား ဆိုတော့ မပြီးဘူး။ အိမ်ရှေ့မှာ ကျူးကျော်တာ မြေနေရာကုန်သွားတော့ အိမ်နောက်ဘက်က ရှိသမျှမြေကို ကျူးကျော်ကြပြန်တယ်။

အခုဆို စက်မှု ၁ လမ်းမကြီးမှာ ကားမရပ်ရဘူး။ ဒါပေမယ့် အဲဒီတိုက်ခန်းတွေမှာ နေတဲ့သူတွေအတွက် ကားရပ်စရာ နေရာတွေကို မြေညီထပ် နေသူတွေက အပိုင်စီးပြီး အဆောက်အဦတွေ ဆောက်ထားကြတယ်။ ကျူးကျော်ချင်း တူပေမယ့် လှိုင်သာယာမှာ ကျူးကျော်တာက နေစရာကို မရှိလို့ ကျူးကျော်ရတာ။ ရန်ကင်းမှာ စီးပွားရေး သောင်းကျန်းပြီး ကျူးကျော်ကြတာ။ တကယ့် ပြည်သူစစ်စစ်တွေကတော့ မြေညီထပ်လည်း မရပါဘူး။ မြေညီထပ် ရတဲ့သူတွေကလည်း နာမည်ပေါက်တဲ့သူတွေက မနေဘဲ ရောင်းစားသွားကြပါပြီ။ ဒီရန်ကင်း တိုက်ခန်းတွေက ကျူးကျော်နေတာကို အိုးအိမ်ကလည်း အရေးမယူ၊ စည်ပင်ကလည်း အရေးမယူနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေနဲ့ လှိုင်သာယာက ကျူးကျော်တွေကို ရှင်းဖို့ထက် မြို့လယ်ကောင် ရန်ကင်းက မျက်နှာကြီး ကျူးကျော်တွေကို အရင်ရှင်းစေချင်တယ်။ အမှန်က တိုက်တစ်လုံးစီမှာရှေ့မှာ တိုက်က အခန်းတွေ အားလုံးအတွက် ကားအားလုံး ရပ်နိုင်တဲ့ ကားပါကင်နေရာ မြေအလွတ်ရှိတယ်။ အခုတော့ မြေညီထပ် ကျူးကျော်တွေလက်ထဲ ရောက်နေတယ်''ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက တူမောရိုးသို့ ပြောကြားခဲ့သည်။

ယင်းနှင့်ပက်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာနှင့် အဆောက်အဦးဌာနမှ အရာရှိတစ်ဦးက ''စည်ပင်အနေနဲ့ ရန်ကင်းတိုက်တွေရဲ့ ရှေ့၊ ဘေး၊ နောက်တွေမှာ ကျူးကျော် အဆောက်အဦတွေ ဆောက်လုပ်ထားတာကို ဖျက်ခိုင်းနေပါတယ်။ တချို့က ဖျက်ပေမယ့် အများစုကတော့ မဖျက်ဘဲ ဒဏ်ငွေဆောင်ပြီး ဆက်နေနေကြတယ်။ ဒီကိစ္စမှာ အိုးအိမ်လည်း တာဝန်ရှိတယ်။ သူတို့က ငါတို့တော့ ဆောက်ပြီးသွားပြီ။ ပြဿနာဖြစ်ရင် စည်ပင်ရှင်း ဆိုပြီး သူနဲ့ မဆိုင်သလို လုပ်နေတယ်။ နောက်တစ်ခုက မြို့နယ်တွေထဲမှာရှိတဲ့ ပလပ်မြေတွေ၊ လိုင်စင်မြေတွေကို အိုးအိမ်က ဂရန်တွေ ထုတ်ပေးနေတယ်။ အဲဒီလို မလုပ်ရပါဘူး။ မြေဂရန် ဆိုတာ စည်ပင်ကပဲ ထုတ်ပေးရမှာပါ။ ဒါတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရလည်း သိစေချင်ပါတယ်''ဟု ဖြေကြားသွားခဲ့သည်။

ရန်ကင်း တိုက်ခန်းများတွင် မြေညီထပ်နေသူများသည် တိုက်ခန်းရှေ့နှင့် တိုက်ခန်းနောက်လွတ်သမျှ မြေကို ကျူးကျော်ဆောက်လုပ်နေကြရာ အချို့ဆိုလျှင် ရှေ့တွင် ပေ ၃၀ ခန့်နှင့် နောက်တွင် ပေ ၅၀ မှ ပေ ၁၀၀ အထိ ကျူးကျော် အဆောက်အဦများ ဆောက်လုပ်နေကြောင်းလည်း ထပ်မံသိရသည်။

Credit :Tomorrow News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service