သီလ၀ါစီးပွားရေးဇုန် ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၂၄၀ ကျော် ရနိုင်ဟုဆို

သီလ၀ါစီးပွားရေးဇုန် ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၂၄၀ ကျော် ရနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Jul 2016 11:44 am တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေး ဇုန်၏ လက်ရှိရင်းနှီးမြှုပ်နှံမှုပမာ ဏသည် ကန်ဒေါ်လာသန်း ၇၆၀ ရှိ ပြီး ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှု များမှ တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၂၄၀ ကျော်ရရှိနိုင်ကြောင်း မြန်မာ-ဂျပန်သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးဇုန် ကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ သီလ၀ါအ ထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ ၇၃ ဦး လာရောက်လုပ်ကိုင်နေကြောင်း သိရသည်။

‘‘မြန်မာနိုင်ငံမှာ လာရောက် အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် စံပြစီမံကိန်းတစ်ခု အဖြစ် ရပ်တည်သွားမယ်’’ ဟု မြန်မာ-ဂျပန် သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးဇုန် ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ၏ ရင်းနှီးမြှုပ်နှံမှုသည် နောင်နှစ် အနည်းငယ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးလာနိုင်ပြီး ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၃၅၀ ရရှိမည်ဟု ကော်မတီ တာဝန်ရှိသူများက ခန့် မှန်းထားသည်။

လက်ရှိတွင် သီလ၀ါအထူး စီးပွားရေးဇုန်၌ အထည်ချုပ်လုပ် ငန်း၊ သံမဏိ အဆောက်အအုံ ပစ္စည်း၊ ဘိလပ်မြေစက်ရုံများကဲ့ သို့ ဆောက်လုပ်ရေးနှင့် ဆက်စပ် ပစ္စည်းများထုတ်လုပ်သည့် စက် ရုံများ၊ ကုန်ပစ္စည်းထုပ်ပိုးသည့် ပစ္စည်းထုတ်လုပ်သည့် စက်ရုံ၊ ဖျော်ရည်လုပ်ငန်းသုံး သံဘူးများ ထုတ်လုပ်သည့် စက်ရုံ၊ စား သောက်ကုန်နှင့် ဖျော်ရည်ထုတ် လုပ်သည့် စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ လယ်ယာသုံးစက်ပစ္စည်း နှင့် လယ်ယာစိုက်ပျိုးရေးဆက်စပ် ပစ္စည်း စက်ရုံ၊ မော်တော်ယာဉ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်းစက်ရုံနှင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာ ထုတ်လုပ်သည့် စက်ရုံတို့သည် လုပ်ငန်း အပြည့်အ၀ လည်ပတ်နေသည်။

သီလ၀ါအထူးစီးပွားရေးဇုန် သည် ၂၀၁၅ အောက်တိုဘာတွင် လုပ်ငန်း စတင်လည်ပတ်နိုင်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံး တည် ထောင်နိုင်ခဲ့သည့် အထူးစီးပွားရေး ဇုန် ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်သည် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်းဖြင့် လည် ပတ်နေသည့် စီမံကိန်းဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service