စစ်ဆေးခံရတဲ့ အထပ်မြင့် အဆောက်အအုံ ၅၂လုံး ပြန်လည်တည်ဆောက်ခွင့်ရ

စစ်ဆေးခံရတဲ့ အထပ်မြင့် အဆောက်အအုံ ၅၂လုံး ပြန်လည်တည်ဆောက်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
19 Jul 2016 10:44 am တွင် တင်ခဲ့သည်
1926 ကြိမ် ကြည့်ရှု့ပြီး
ပြန်လည်စစ်ဆေးခံရတဲ့ အထပ်မြင့် ၆၄ လုံးထဲက ၅၂လုံးကို ပြန်လည်တည်ဆောက်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီက သိရပါတယ်။

အဆောက်အအုံ တည်ဆောက်ဖို့ စည်ပင်သာယာက ခွင့်ပြုမိန့်(ပါမစ်ကြီး) ရပြီးတဲ့ အဆောက်အအုံ ၆၄လုံးကို မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီအောင် အဆောက်အအုံတွေကို အသေးစိတ်ပြန်စိစစ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ၂၀ရက်နေ့က
ကြေငြာချက် ထုတ်ထားတာဖြစ်ပါတယ်။

သည်စစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေထဲက စာရွက်စာတမ်းအချက်အလက်တွေ (on paper) စစ်ဆေးပြီး မြို့ပြအင်္ဂါရပ်နဲ့ မကိုက်ညီတဲ့ အထပ်မြင့် ၁၂လုံးကိုတော့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

နှစ်လနီးပါး အဆောက်အအုံ ဆောက်လုပ်ခွင့် ရပ်နားစစ်ဆေးပြီးနောက် မြေပြင်ကွင်းဆင်းစစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂လုံးကို ရေမြောင်းတွေ ရေစီးရေလာကောင်းမွန်ဖို့ ကိုယ့်စရိတ်နဲ့ကိုယ် ဆောင်ရွက်ရန်၊ အမှန်တကယ်ရပ်နားနိုင်မယ့် ကားပါကင်ဒီဇိုင်း ပြန်လည်တင်ပြရန်၊ steel structure ဖြစ်လို့ fire rating(1 hour) အတိုင်းဖြစ်ရန် ဆောင်ရွက်ရန်၊ ရေဆိုးများအတွက် water treatment ပြုလုပ်ပေးရန်၊လျှပ်စစ်နဲ့ ပတ်သက်ပြီး transformer နှင့် switch များ indoor ဆောင်ရွက်မည့် နေရာတင်ပြရန်၊ ကားပါကင်နဲ့ ညီမျှတဲ့ အခန်းအရေအတွက် လျှော့ချရန် စတဲ့ ပြန်ပြုပြင်ပေးရန် ဆိုပြီး သတ်မှတ်ပါတယ်။

ဒါ့အပြင် လူအများ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့ သဘာဝလေဝင်လေထွက်ရရှိရန်၊ ကားအတတ်အဆင်းလျှောစောက်များ စံမမီတာ၊ မြေအောက်ရေမြောင်းပေါ်မှာ ဆောက်ထားတာ၊ ရေမြောင်းအရွယ်အစားကို ကိုယ့်သဘောနဲ့ကိုယ် လျှော့ချတည်ဆောက်တာ၊ ၉၀ ဒီဂရီ အချိုးအကွေ့များနဲ့ တည်ဆောက်တာကြောင့် အဆောက်အအုံ ဒီဇိုင်းကို အစအဆုံးဒီဇိုင်းဆွဲပြီး ပါမစ်ပြန်လျှောက်ရန်၊ ကားပါကင်ဒီဇိုင်း ပြန်လည်တင်ပြရန် စတဲ့ အချက်တွေ ပြန်ပြုပြင်ရမှာဖြစ်ပြီး အထပ်မြင့်နဲ့ ပတ်သက်ပြီး လေကြောင်းညွှန်ကြားရေးဌာန(DCA) ထောက်ခံချက် ပြန်လည်တင်ပြရန်၊ Road Building Ratio(RBR) နဲ့ မကိုက်ညီတာ၊ YHT က အသစ်အဆိုပြုတဲ့ ရွှေတိဂုံ ကန့်သတ်ဇုန် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၀မှာ ပါဝင်နေတာနဲ့ ရှေ့အလမ်းအကျယ်နဲ့ အထပ်မြင့် မကိုက်ညီတာ၊ ကပ်လျက်နေရာမှာ အထပ်မြင့်အဆောက်အအုံ သုံးလုံးရှိနေတာကြောင့် အထပ်မြင့် လျှော့ချဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ကထုတ်ပြန်ထားပါတယ်။

ပြန်လည်ခွင့်ပြု

ကျန်တဲ့ အထပ်မြင့် ၅၂လုံးကိုတော့ မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီတာကြောင့် ပြန်လည်တည်ဆောက်ခွင့် ပြုလိုက် တယ်လို့ သိရပါတယ်။ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ‘မြို့ပြအင်္ဂါရပ်ကို ဘယ်လိုထိခိုက်နိုင်လဲ၊ သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်နဲ့ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နိုင်လဲ၊ သူ့ရဲ့ရှေ့မှာရှိတဲ့ လမ်းကို ဘယ်လိုထိခိုက်နိုင်လဲ၊ အဲ့ဒါတွေကို အဓိက စစ်တယ်’ လို့ ပြောပါတယ်။

အထပ်မြင့် အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ်တွေအပြင် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်၊ မီးဘေး ကျရောက်ရင် သည်အဆောက်အအုံတွေ အန္တရာယ်ဘယ်လောက်အထိဖြစ်နိုင်လဲ၊ အဆောက်အအုံမှာ နေထိုင်တဲ့ သူတွေရဲ့ လူမှုပုံရိပ်(social image)စတဲ့ အချက်တွေအားလုံးကို စစ်ဆေးတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အဆောက်အအုံတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ခိုင်ခံ့မှုတွေကို စစ်ဆေးတာဖြစ်ပြီး ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီက စည်ပင်သာယာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပြင် မြို့ပြတစ်ခုလုံးကို စစ်ဆေးတာလို့ ဦးရဲမင်းဦးက ရှင်းပြပါတယ်။

အထပ်မြင့်အဆောက်အအုံတွေကို သက်ဆိုင်ရာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိရပ်ဖတစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ဗိသုကာအသင်းက ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းက ကိုယ်စားလှယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က မြို့နယ်အင်ဂျင်နီယာ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ Urban Environmental ဌာန၊ မီးသတ်ဦးစီးဌာန Geo Tech နဲ့ ပတ်သက်သူ၊ YHT တို့နဲ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်စစ်ဆေးဖို့ မူအားဖြင့် ခွင့်ပြုချက်ရပြီး အဆောက်အအုံ ၁၈၅လုံး ရှိပါတယ်။သည်အဆောက်အအုံတွေကို လက်ရှိစာရွက်စာတမ်း စစစ်နေပြီလို့ သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service