ဝန်ကြီးဌာနများက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူမည့်လုပ်ငန်းများတွင် လုပ်ကိုင်လို သည့်ကုမ္ပဏီများအား ကန်ထရိုက် မှတ်ပုံတင်လက်မှတ်များထုတ် ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။
ဝန်ကြီးဌာနများက ကန်ထ ရိုက်စနစ်ဖြင့်ခေါ်ယူမည့် တင်ဒါ များ၊ လေလံများတွင် ဝင်ရောက် ယှဉ်ပြိုင်လုပ်ကိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် ပိုမို စနစ်ကျမှုရှိ စေရန် အဆိုပါ ကန်ထရိုက်မှတ် ပုံတင်လက်မှတ်များထုတ်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါလက်မှတ်များထုတ် ပေးနိုင်ရန် ဆောက်လုပ်ရေးဝန် ကြီးဌာနကကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်း
ကော်မတီကို ဖွဲ့စည်းပြီး အဆိုပါကော် မတီက လိုင်စင်များထုတ်ပေးမည် ဖြစ်သည်။
နောက်ပိုင်းတွင် ယခုကော် မတီက ထုတ်ပေးသည့်လက်မှတ် ရှိမှသာ ပြည်ထောင်စုအဆင့်
ဗဟို အဖွဲ့အစည်းများနှင့် ပြည်ထောင် စုဝန်ကြီးဌာနများက ခေါ်ယူသည့် ကန်ထရိုက်လုပ်ငန်းများတွင် ဝင် ရောက်လုပ်ကိုင်ခွင့် ရှိမည်ဖြစ် ကြောင်း သိရသည်။
‘‘ကုမ္ပဏီတွေက အရမ်းများ နေတော့ ပြန်စိစစ်ချင်တဲ့သဘော ပါ။ ကန်ထရိုက်တွေမှာ လက်သိပ် ထိုးပေးတာမျိုးတွေလည်း မရှိရ အောင် ဒီလိုင်စင်ကနေ အရည် အချင်းကို စိစစ်ပြီးမှ လက်မှတ် ထုတ်ပေးသွားမယ်။ ဒါဆိုရင် ကုမ္ပဏီတွေရဲ့ အရည်အချင်းတွေ လည်း တက်လာမှာပါ’’ ဟု ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင် ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။
လိုင်စင် လျှောက်ထားလိုသူများ အနေဖြင့် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် စတင်ဝယ်ယူလျှောက်ထားနိုင်ပြီး လိုင်စင် ထုတ်ပေးခြင်းကို ယခုလကုန်မှသာ စတင်နိုင်မည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကော်မတီနှင့်တူ သည့် ပုံစံမျိုးကို ၁၉၆၂ နောက်ပိုင်းတွင် ဖွဲ့စည်းဖူးပြီး ပညာရှင်များ ကိုယ်တိုင် ကြီးကြပ်ပါဝင်ခဲ့သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com