အထပ်မြင့် ၁၂လုံးအား အထပ်လျှော့ ဒီဇိုင်းပြင်ဆင်ရန် လုပ်ဆောင်ခြင်းက ဆောက်လုပ်ရေးလောကကို ပိုမို ယိုင်နဲ့စေသည်ဟုဆို

အထပ်မြင့် ၁၂လုံးအား အထပ်လျှော့ ဒီဇိုင်းပြင်ဆင်ရန် လုပ်ဆောင်ခြင်းက ဆောက်လုပ်ရေးလောကကို ပိုမို ယိုင်နဲ့စေသည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 11:18 am တွင် တင်ခဲ့သည်
2063 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့် ၁၂လုံးအား အထပ်လျှော့ ဒီဇိုင်းပြင်ဆင်ရန် ညွှန်ကြားခြင်းမှာ ဆောက်လုပ်ရေး လောကအတွက်ကြီးမားသောထိုးနှက်ချက်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောသည်။

" အခု ၁၂လုံးက အရင်ဆုံး လည်စင်းခံပေးလိုက်ရတာပဲ နောက်ထပ်အလုံး၁၀၀ကျော် စစ်နေ တာ ဘယ်လို အဖြေ ထွက်မယ်ဆိုတာ မှန်းရခက်တယ် " ဟု စီမံကိန်းဒီဇိုင်း များ ပြင်ဆင်ရမည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ရန်ကုန်မြို့တွင် တည် ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ဇူလိုင် ၁၂ ရက်က အထပ်လျှော့ချရန်၊ စီမံကိန်းဒီဇိုင်းပြန်လည်ပြင်ဆင်ရန် တိုင်းဒေသကြီးအစိုးရက ညွှန်ကြားခဲ့ပြီး ညွှန်ကြားချက်
အတိုင်း ပြင်ဆင်ဆောက်လုပ်ပါက အဆိုပါဆောက်လုပ်ရေးကုမ္ပဏီများအတွက် ဆုံးရှုံးမှုပမာဏများစွာ ကြီးမားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ငွေကြေးဆုံးရှုံးမှုများအပြင် မြေရှင်နှင့် အခန်းပေး၊ အခန်းယူ ကိစ္စရပ်များ၊ ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူထားသူများအပေါ်ကိုပါ ပြန် လည်ရှင်းလင်းပေးရမည့်အခက် အခဲများလည်း ကြုံတွေ့နေကြောင်း အထပ်အရေအတွက် လျှော့ချရမည့် ကမ္ဘာအေးဘုရားလမ်းတွင်
၂၉ ထပ်တည်ဆောက်မည့် Living Square ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုဉာဏ်က ပြောသည်။

အိမ်ခြံမြေ ဈေးကွက် ကျဆင်းနေချိန် အရောင်းအ၀ယ် အေးစက်နေချိန်တွင် ယခု လုပ်ရက်က လုပ်ငန်းရှင်များ အပေါ် ပိုမိုယိုင်လဲ စေရန် ကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကဆိုသည်။

ယခုအထပ်မြင့် ၁၂ လုံးအ ပေါ် စစ်ဆေးမှုမှာ မူဝါဒသစ်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး လက်ရှိ ဆောက်လုပ်နေသော အဆောက် အအုံများသည် ပြီးခဲ့သည့်အစိုးရ လက်ထက်က မူအတိုင်းခွင့်ပြုမိန့်တင်၍တည်ဆောက်ခဲ့ခြင်း
ဖြစ်သောကြောင့် ပြန်လည်ထည့် သွင်းစဉ်းစားပေးစေလိုကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ အထပ်မြင့်အ ဆောက်အုံ ၁၄၁ လုံးမှစတင် စစ်ဆေးခဲ့သည့် ၁၂ လုံး၏ ဇူလိုင် ၁၂ ရက်က စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ရာ အထပ်အရေအ တွက် လျှော့ရန်၊ ဒီဇိုင်းပြင်ရန် စသဖြင့် ညွှန်ကြားခဲ့သည်။

နေးရှင်မြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service