ရက် ၁၀၀ စီမံချက်နဲ့ ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာကို အခုလာမယ့်အပက်လောက်မှုာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုအခန်းပေးအပ်သွားမှာ ဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
စီမံကိန်းမှာ ပါဝင်တဲ့ အခန်းတွေထဲက အခန်းဈေးနှုန်းနဲ့ အခန်းအမျိုးအစားခွဲတာတွေ ကျန်သေးလို့ အခန်းအပ်ဖို့စောင့်နေတာ နည်းနည်းနောက်ကျနေတာ ၊အိမ်ရာတွေဆောက်လုပ်မှုက အားလုံးပြီးနေပြီလို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရက် ၁၀၀ စီမံချက်ကာလက အခုဇူလိုင်လ ၁၀ရက်နေ့က ပြည့်ခဲ့ပြီဖြစ်တာကြောင့် ဌာနဘက်က ဆောက်လုပ်ပြီး ရောင်းချမယ့်အခန်းအားလုံးကို အပ်နှံမှာဖြစ်ပါတယ်။ဒဂုံဆိပ်ကမ်းမြို့နယ်က ကနောင်တန်ဖိုးနည်းအိမ်ရာက အခန်း ၈၄၀၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)ကအိမ်ခန်း ၈၆၄ ခန်းနဲ့ လှိုင်သာယာမြို့နယ်ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာက အိမ်ခန်း ၅၀၄ခန်း စုစုပေါင်း ၂၂၀၈ ခန်းကိုရောင်းချသွားမှာ ဖြစ်ပါတယ်။
ဈေးနှုန်းတွေကတော့ မြေညီထပ်ကို ကျပ်သိန်း ၁၂၀ သတ်မှတ်ထားလို့ သိန်း ၁၂၀ ထက်မများတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။အရစ်ကျရောင်းချမှုတွေကိုတော့ လက်ရှိမှာ ၀ယ်ယူနိုင်မယ့် နှစ်နဲ့ ဘဏ်ကချေးငွေ ထုတ်ချေးနိုင်တဲ့ နှစ်တွေကို ဆေးနွေးလျက်ရှိပြီး အများစုဝယ်ယူနိုင်တဲ့ အရစ်ကျပုံစံနဲ့ ရောင်းချသွားဖို့ဆောင်ရွတ်နေတယ်လို့ သိရပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ကျန်ရှိတဲ့ စီမံကိန်းတွေက အခန်းတွေကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး နောက်ထပ်အိမ်ရာပေါင်း ၃၀၀၀၀ ကျော်အကောင်အထည်ဖော် ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ ၊မဟာဗန္ဓုလအငှားအိမ်ရာတွေကို ရောင်းချငှားရမ်းခဲ့ပြီး အခုကျပ်သိန်း ၁၂၀ ၀န်းကျင် တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
Credit : Modern