ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များတွင် လုပ်ငန်းဆောင်ရွက်ခြင်း မရှိဘဲ ရယူထားသည့် မြေကွက်လပ်ပေါင်း ၁၇ဝဝ ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များတွင် လုပ်ငန်းဆောင်ရွက်ခြင်း မရှိဘဲ ရယူထားသည့် မြေကွက်လပ်ပေါင်း ၁၇ဝဝ ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 10:44 am တွင် တင်ခဲ့သည်
1313 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင်လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်ပေါင်း ၁၇ဝဝ ကျော်ကို စာရင်းပြုစုကာ ဇူလိုင် ၁၅ ရက်တွင် တိုင်းအစိုးရအဖွဲ့ထံတင်ပြသွား မည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန(ရန်ကုန်တိုင်း)မှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်တွင် လုပ်ငန်း ဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များကို
မြောင်း တကာစက်မှုဇုန်တွင် အများဆုံးတွေ့ရှိရကြောင်း သိရသည်။

''ခြံစည်းရိုးတော့ ခတ်ထားတာ ပေါ့။ လုပ်ငန်းဘာမှအကောင်အထည် မဖော်ဘူး။ အလွတ်တွေပဲ။ တချို့ လည်း မြေကွက်က သုံးကွက်၊ စက်ရုံက တစ်ရုံတည်းရှိတာလည်းရှိတယ်။ ကုန်ကြမ်းသိုလှောင်တာ အတွက် မြေ နှစ်ကွက်(သို့မဟုတ်)သုံးကွက် သုံးရတာရှိတယ်။ ကြည့်လိုက်ရင် မြေကွက် အများကြီးယူပြီး လုပ်သလိုလို၊ လုပ်ငန်းတစ်ခုတည်းလို့ပြောတယ်။

ဂို ဒေါင်နဲ့ရုံး၊ အဆောင်နဲ့ဆို ပြည့်သွားတာပေါ့။ ဒီမြေ (၃)ပုံ၊ (၂)ပုံသုံးတဲ့ သဘော သက်ရောက်သွားတာပေါ့'' ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန(ရန်ကုန်တိုင်း)မှ ဦးစီးမှူး ဦးတင်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်မှုဇုန် ၂၉ ခုတွင် လုပ်ငန်း ဆောင်ရွက်ခြင်းမရှိသည့် မြေကွက် လပ်များစာရင်းကို မေ ၁၉ ရက်မှ စတင်၍ ကောက်ယူခဲ့ခြင်းဖြစ်ကာ စက်ရုံတည်ဆောက်မည့်မြေကွက်များ ကို ကုန်ပစ္စည်းသိုလှောင်ရာ ဂိုဒေါင် များနှင့် ရုံးခန်း၊ ဝန်ထမ်း အဆောင်များအဖြစ်အသုံးပြုထားခြင်းတို့လည်း
တွေ့ရှိရကြောင်း သိရသည်။

မြေကွက်လပ်များစာရင်းကောက် ယူရာတွင် စက်ရုံပိုင်ရှင်များအကြား အငြင်းပွားမှုများမဖြစ်ပေါ်စေရန် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင် ရာစက်မှုဇုန်က ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် စနစ်တကျကွင်းဆင်းစစ်ဆေးခဲ့ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ရန်ကုန်တိုင်း)မှ သိရသည်။

မြေကွက်လပ်များ စာရင်းကို ကောက်ယူနေသော် လည်း လုပ်ငန်း ဆောင်ရွက်ခြင်းမရှိသည့် မြေကွက် လပ်များကို မည်သို့ဆောင်ရွက်မည် ဆိုသည်ကို စက်မှုဇုန်ဥက္ကဋ္ဌများထံ ညွှန်ကြားချက် မပေးသေးကြောင်း စက်မှုဇုန်ဥက္ကဋ္ဌများထံမှ သိရသည်။

''အခုလို အစိုးရအဖွဲ့က ဦးစီး ကောက်တော့ နာမည်မေးလို့မရတဲ့ စာရင်းတွေလည်းရသွားတယ်။ သိမ်းမှာလား၊မသိမ်းဘူးလား။ ညွှန်ကြားချက်တစ်စုံတစ်
ရာတော့ မလာသေးဘူး။ စက်မှုဇုန်စကဖော်တည်းက သုံး လပြည့်ရင် အုတ်တံတိုင်းခတ်၊ တစ် နှစ်အတွင်းမှာ အဆောက်အအုံ ဆောက်ရမယ်လို့ ညွှန်ကြားချက်မှာ ပါထားပြီးသား၊ တကယ်လုပ်တဲ့သူ တွေကို စိစစ်ပါ။ ဥပဒေအတိုင်း စိစစ်ပါ''ဟု ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်က ပြောသည်။

စာရင်းကောက်ယူမှုအရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင်လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များတွေ့ရှိရပြီးအရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်ရှိစက် မှုဇုန်များ တွင် မြေကွက်လပ်နည်း ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service