အခွန်မဆောင်ပါက ကား၊ အိမ်ခြံမြေနှင့် တန်ဖိုးကြီးပစ္စည်းများ ၀ယ်ယူခွင့်မပြုသော စနစ် သမ္မတထံတင်ပြရန်စီစဉ်

အခွန်မဆောင်ပါက ကား၊ အိမ်ခြံမြေနှင့် တန်ဖိုးကြီးပစ္စည်းများ ၀ယ်ယူခွင့်မပြုသော စနစ် သမ္မတထံတင်ပြရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 10:38 am တွင် တင်ခဲ့သည်
3703 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်သို့ တရားဝင် အခွန်ပေးဆောင်ခြင်း မရှိပါက ကား၊ အိမ်ခြံမြေအပါအ၀င် တန် ဖိုးကြီးကုန်ပစ္စည်းများဝယ်ယူခွင့် မပြုသည့်အခွန်စနစ်ကို ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတထံသို့ တင် ပြရန်စီစဉ်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနညွှန်ကြားရေး မှူးချုပ်ဦးမင်းထွဋ်ကပြောသည်။

နိုင်ငံတကာတွင် ကျင့်သုံး ခြင်းမရှိသည့် အိမ်ခြံမြေ၊ ကားစ သည့် တန်ဖိုးကြီးကုန်ပစ္စည်းများ ရောင်းဝယ်ရာ၌ တရားဝင်ငွေရလမ်းမဖော်ပြနိုင်သည့်(စည်းကြပ်မှုကင်းလွတ်ခြင်း)အတွက် ကောက်ခံနေသော အခွန်စနစ်ကို ပယ်ဖျက်ရန်စီစဉ်ခြင်းဖြစ်သည်။

ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က ယခုအခါကားဝယ်ယူရာတွင် ၁၅ရာခိုင်နှုန်းနှင့် အိမ်ခြံမြေ၀ယ် ယူရာ၌အများဆုံး၃၀ရာခိုင်နှုန်းနှင့်အထက် အခွန်ပေးဆောင်ရန်ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တရားဝင်အခွန်ဆောင်ထားခြင်းမရှိသော စည်းကြပ်မှုကင်းလွတ်နေသည့် ငွေဖြင့်ဝယ်ယူခြင်း(တစ်နည်းငွေမည်းဖြင့် ၀ယ်ယူခြင်း)များကို မြန်မာတစ်နိုင်ငံသာလက်ရှိအချိန်၌ ခွင့်ပြုထားခြင်း ဖြစ်သည်ဟုဆိုသည်။

‘‘မြန်မာနိုင်ငံအနေနဲ့ ငွေ ကြေးခ၀ါချမှုကို ခွင့်ပြုသလိုဖြစ် နေတော့ နိုင်ငံတကာမှာ ပုံရိပ်မ ကောင်းဘူး။ ဒါကြောင့် ဒီစနစ်ကို ပယ်ဖျက်ဖို့ကြိုးစားတာပါ’’ဟု ဦး မင်းထွဋ်ကပြောသည်။

ထိုစနစ်ကို ဖျက်သိမ်းမည် ဆိုပါက လာဘ်စားမှုမှရရှိသော ငွေများဖြင့်ဝယ်ယူမှုများ၊ မူးယစ် ဆေးဝါးရောင်းဝယ်မှုမှ ရရှိသောငွေများဖြင့် ၀ယ်ယူမှုများအပါအ ၀င် အစိုးရကိုအခွန်ဆောင်ထား ခြင်းမရှိသောငွေများဖြင့်ဝယ်ယူမှု ကို တားဆီးနိုင်လာမည်ဖြစ် ကြောင်းဦးမင်းထွဋ်ကဆက်လက် ပြောကြားသည်။

တရားမ၀င်ငွေမည်းများကို ခ၀ါချမှုများရှိခဲ့သော မြေကစားမှု များကြောင့် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှု၊ တရားမ၀င်ငွေကြေး ဈေးကွက်တွင် နိုင်ငံခြားငွေရောင်း ၀ယ်ခြင်းဖြင့် ငွေကစားမှုနှင့်ငွေ ကြေးဖောင်းပွမှုတို့ကို ထိန်းသိမ်း လာနိုင်မည်ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရ၏ ၀င်ငွေ သည် အခွန်အပေါ်တွင် အဓိက ထားသဖြင့် စည်းကြပ်မှုမှကင်း လွန်ခွန်စနစ်ကို ဖျက်သိမ်းလျှင် တရားဝင်အခွန်ဆောင်သည့် ဒီမို ကရေစီ အလေ့အကျင့်ကောင်း များလည်းဖြစ်လာမည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့ကထောက်ခံပြောကြားသည်။

ထိုစနစ်ကို စတင်ဖျက်သိမ်း ချိန်တွင် စီးပွားရေးတုံ့နှေးနိုင်သော် လည်း အချိန်ကာလတစ်ခုကြာ မြင့်ပါက ပုံမှန်ပြန်ဖြစ်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းကပြောသည်။

‘‘ပြောင်းတဲ့အချိန်မှာတော့ ၀ယ်မရ၊ ရောင်းမရနဲ့ လုပ်ငန်း တွေ ရပ်သွားနိုင်တယ်’’ဟု ၎င်းကပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service