ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရမည့် အိမ်ရာများအတွက် ရွာသာကြီးတွင် ပြန်လည်နေရာချထားရန် စီစဉ်ထား ဟုဆို

ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရမည့် အိမ်ရာများအတွက် ရွာသာကြီးတွင် ပြန်လည်နေရာချထားရန် စီစဉ်ထား ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 10:40 am တွင် တင်ခဲ့သည်
1138 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးရမည့် အိမ်ရာများအတွက် ရွာသာကြီးတွင်ပြန်လည်နေရာချထားရန် ရည်ရွယ်ထားကြောင်း မြန်မာ့ မီးရထားလုပ်ငန်း၊ တိုင်း(၆) အောက်မြန်မာ ပြည်ရုံးမှ အထွေထွေမန်နေဂျာဦးထွန်း အောင်သင်းထံမှ သိရသည်။

ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့ ရှိ ယုဇနဂါးဒင်းဟိုတယ်တွင်ကျင်းပသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များကို ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲအခမ်းအ နားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထွေထွေမန်နေဂျာ ဦးထွန်း အောင်သင်းက "ထိခိုက်မယ့်အိမ်ရာ တွေကို စာရင်းဇယားတွေလုပ်ပြီးပါပြီ။ ဘယ်နေရာမှာ ဘယ်လိုပို့မလဲဆိုရင် အကောင်းဆုံးသောနေရာကိုပို့ပါမယ်။ ဆောင်ရွက်တိုင်း
လည်း တိုင်း ဒေ သကြီး အစိုးရကို တင်ပြပါတယ်။ ရွာသာကြီးနေရာတွေမှာ ရည်ရွယ်ထားပါတယ်။ ရွှေ့ပြောင်းနေရာမှာလည်း ကိုယ့်မိသားစုတွေ ပြောင်းရွှေ့ သလိုပြောင်းပေးမှာပါ။ တိုက်နဲ့လား၊ အိမ်နဲ့လားလို့မေးရင် အကောင်း ဆုံး ဖြစ်အောင်လုပ်မယ်၊ တိုက်နဲ့ဖြစ်ဖို့များ ပါတယ်။ ပို့ပြီးတဲ့အခါ သေသေချာချာ စနစ်ကျကျနဲ့ စည်းကမ်းလိုက်နာပြီးတော့လုပ်မှာပါ။ ရွှေ့မယ့်နေရာက အနီးဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။ ဆောင်ရွက်ချက်များ ကိုလည်း တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး အတည်ယူမယ်" ဟု ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းဆောင်ရွက်ရန် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ဆန်းစစ်မှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ဆန်းစစ်မှု အချက်အလက်ကောက်ယူမှုလုပ်ငန်းအား တာဝန်ယူဆောင် ရွက်နေသော E guard ကုမ္ပဏီမှ ဒါရိုက်တာဦးတင်အောင်မိုးက "အခုကတော့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ဆန်းစစ်မှု၊ လူမှုရေးဆိုင်ရာထိခိုက် ဆန်းစစ်မှုအချက် အလက်ကောက်ယူတဲ့ လုပ်ငန်းတွေပြီးလို့ သုံးသပ်ပြီးပြင် ဆင်နေတဲ့ အဆင့် ရောက်ပါပြီ။ ပတ် ၀န်းကျင်နေရာတွေ ထူးပြီးပျက်သွား တာမရှိပါဘူး" ဟု ပြောသည်။

စီမံကိန်းကြောင့် ထိခိုက်မည့်မိ သားစုဝင်များအတွက် နောက်ဆုံး အကျုံးဝင် မည့်နေ့ (၂၀၁၆ ခုနှစ် မေ ၂၅ ရက်)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စာဖြင့်ကြေညာခဲ့ပြီး ထိုရက်နောက်ပိုင်းတွင် အသစ်ထပ် မံပေါ်ပေါက် လာသော တရားမ၀င် နေထိုင်သူများသည် မည်သည့်ထောက် ပံ့ရေးအကူ အညီမှ ရရှိမည်မဟုတ် ကြောင်း သိရသည်။

ထိခိုက်နစ်နာမှုရှိသောအိမ်ရာများအတွက် မြန်မာ့မီးရထား
လုပ်ငန်း နှင့် စည်ပင်သာယာရေးကော်မတီတို့ညှိနှိုင်းပြီး ထိုက်သင့်သည့်လျော် ကြေးနှင့် ဆောင်ရွက်မှုများကို နိုင်ငံ
တော်အစိုးရက သုံးသပ်လျက်ရှိသည်။

ကြည့်မြင်တိုင်ဘူတာတစ် လျှောက်တွင်နေထိုင်သူ(ရထားဝန်ထမ်း) ဒေါ်လှလှဝင်းက " အဒေါ့်သားက မြန်မာ့မီးရထားရဲ့ တွဲပြင်ဌာနမှာ အလုပ်လုပ်ပါတယ်။ အစ်မတို့ကိုလာ ပြောပါတယ်။ စီမံကိန်းဆောင်ရွက် တဲ့အခါ မှာ ဖယ်ပေးရမယ့်ထဲမှာပါတယ်လို့ အထက်ကဖယ်ဆိုတော့ဖယ်ရမှာပေါ့၊ ဖယ်ပြီးရင် ဘယ်ရွှေ့ ပေးမလဲလို့မေးတော့ ရွာသာကြီးကို ပြောင်းရမယ်တဲ့။ ရွာသာကြီးဆိုတော့ တော်တော်အလှမ်းဝေးသွားပြီလေ" ဟုပြော သည်။

လက်ရှိတွင် ရထားလမ်း ကျောက်များလျော့နည်းခြင်း၊ လမ်းပခုံးများ တိုက်စားနေခြင်း ၊ သံလမ်း အဆက်များအားနည်းခြင်းနှင့် ၀က်အူများ မပြည့်စုံခြင်း ၊ အောက်ခံ ကျောက်များ၊ မြေသားများရော နှောနေခြင်း၊ ရထားလမ်းအတွင်း လူများသွားလာနေခြင်း၊ ရထားလမ်းအနီးကပ် လျက်နေ အိမ်များ၊ အနိမ့်ပိုင်းတွင် ရေဆင်းမြောင်းအား နည်းခြင်းတို့ကြောင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက် ရခြင်းဖြစ်သည်။

မြို့ပတ်ရထားလမ်းပိုင်း တည် ဆောက်မြှင့်တင်ရေးလုပ်ငန်းအတွက် စီမံကိန်းတွင် ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတစ်ခုလုံး ပါဝင်မည်ဖြစ် ကြောင်း ၊ စုစုပေါင်း ၄၆ ကီလိုမီတာရှည်ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service