အိမ်ခြံမြေအဆောက်အအုံနှင့် စက်မှုဇုန် ငှားရမ်းသူများ ၀င်ငွေခွန်ဆောင်ရမည်ဟုဆို

အိမ်ခြံမြေအဆောက်အအုံနှင့် စက်မှုဇုန် ငှားရမ်းသူများ ၀င်ငွေခွန်ဆောင်ရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 10:31 am တွင် တင်ခဲ့သည်
1608 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ မေလမှစ၍ ၂၀၁၇ မေလအထိ တစ်နှစ်အတွင်း စက်မှုဇုန်မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်းနှင့် တိုက်ခန်းငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ၀င်ငွေခွန်ကောက်ခံမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဇူလိုင်ပထမပတ်တွင် ထုတ်ပြန်သည်။


‘‘မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တွေနဲ့ ချိတ်ဆက်ပြီး အိမ်ခြံမြေငှားရမ်းထားတဲ့ စာရင်းတွေကို ကောက်ယူထားပြီးပြီ။ ဒီဘဏ္ဍာနှစ်အစမှာ ငှားရမ်းထားတဲ့သူတွေက တစ်နှစ်ပြည့်ရင် ၀င်ငွေခွန်ဆောင်ရမယ်။ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်တော့ရှိတယ်’’ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြား သည်။

ထိုသို့ ငှားရမ်းခြင်းမှ အနည်းဆုံးတစ်လလျှင် ကျပ်ငါးသိန်း အောက်ဆိုပါက အခွန်ဆောင်ရန် မလိုဘဲ ကျပ်ငါးသိန်းနှင့်အထက် ရရှိပါက အခြေခံသက်သာခွင့်များ ကို နုတ်ပြီး ကျန်ရှိသည့်ဝင်ငွေအ ပေါ်တွင် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြည်တွင်းအ ခွန်များဦးစီးဌာနမှ သိရသည်။

၂၀၁၆ မေလမှ ၂၀၁၇ မေလအထိ စက်မှုဇုန်မြေငှားရမ်းခြင်း၊ အဆောက်အအုံ ငှားရမ်းခြင်းနှင့် တိုက်ခန်းငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ၀င်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါ ငှားရမ်းခြင်းလုပ်ငန်းများ၏ အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး မှူးရုံးများနှင့် ပူးပေါင်းကောက်ယူ ကာ ငှားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်နေသူများက ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။

‘‘အိမ်ခြံမြေငှားစားနေတဲ့သူ ကို ၀င်ငွေခွန်ပေးဆောင်ဖို့ စည်း ရုံးသွားမယ်။ စည်းရုံးပေမယ့် လည်း အခွန်မပေးဆောင်တဲ့သူ တွေကို စာရင်းလုပ်ထားမယ်။ လက်ရှိမှာတော့ တရားစွဲဆိုအရေး ယူတာတွေ မလုပ်သေးပါဘူး’’ ဟု ညွှန်ကြားရေးမှူးကပြောသည်။

‘‘ကျွန်မတို့က တိုက်ခန်း လောက်ပဲ ငှားစားတာပါ။ ဒီလိုလူ တွေဆီက ကောက်တာထက် လုပ် ငန်းကြီးတွေဆီက အခွန်ရအောင် ကောက်သင့်တယ်။ အခွန်ကောက်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကုန်လုံးဆီက အခွန်ရအောင်ကောက်သင့်တယ်’’ဟု ကမာရွတ်မြို့နယ်မှ တိုက်ခန်းငှားရမ်းခြင်း လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးက ပြောသည်။

ထို့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် သမ၀ါယမအသင်းများမှ ငှားရမ်းခြင်းဖြစ်ပါက ရရှိသောဝင်ငွေအပေါ် ကုန်ကျစရိတ်များနုတ်၍ ၂၀၁၆ အခွန်အကောက်ဥပဒေပါ သတ်မှတ်နှုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

‘‘တိုက်ခန်းငှားတဲ့သူတွေဆီ က အခွန်ကောက်မယ်ဆိုရင် အိမ် ငှားတွေဆီပဲ ပြန်ဝန်ပိမှာပဲ။ အခွန် ဆောင်ရတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အိမ်ငှားခတွေ ဈေးတက်သွားမှာကို စိုးရိမ်တယ်’’ဟု ကမာရွတ်မြို့နယ်အတွင်း တိုက်ခန်းငှား ရမ်းနေထိုင်သူ အမျိုးသားကပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service