အဆောက်အအုံများ ဒုတိယအသုတ်စစ်ဆေးမှုတွင် အထပ်မြင့် အလုံး ၂၀ ပြီးစီး

အဆောက်အအုံများ ဒုတိယအသုတ်စစ်ဆေးမှုတွင် အထပ်မြင့် အလုံး ၂၀ ပြီးစီး - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 10:13 am တွင် တင်ခဲ့သည်
1293 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့် အစိုးရလက် ထက်က မူအားဖြင့်ခွင့်ပြုခဲ့သောအဆောက်အအုံများစစ်ဆေးမှု၏ ဒုတိယအသုတ်အဖြစ် အထပ်မြင့် အလုံး ၂၀ စစ်ဆေးမှုပြီးစီးပြီဖြစ် ကြောင်း ရန်ကုန်မြို့တော် အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မ တီမှ သတင်းရရှိသည်။

‘‘အလုံး ၂၀ ထပ်စစ်ပြီးသွား ပါပြီ။ စစ်ဆေးမှုရလဒ်ကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို တင်ပြ သွားပါ့မယ်။ ပြီးရင် အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကတစ်ဆင့် လုပ် ငန်းရှင်တစ်ဦးချင်းစီကို စာပို့သွား မှာပါ’’ဟု အထက်ပါကော်မတီမှ ကော်မတီဝင်ဦးရဲမင်းဦးက 7Day Daily အား ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်က အဆို ပါကော်မတီက စစ်ဆေးမှုဖြင့် ရန်ကုန်မြို့မှ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို အထပ်အရေအတွက်များ လျှော့ချခြင်း၊ စီမံကိန်းဒီဇိုင်းများ ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခြင်းများ ထုတ်ပြန်ခဲ့သောကြောင့် ဆောက်လုပ်ရေးလောကတွင် လုပ်ငန်းရှင်များ၏ ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။

‘‘အခု ထပ်ထုတ်မဲ့ အလုံး၂၀ ကလည်း အထပ်အရေအတွက် လျှော့ဖို့၊ ကားပါကင် ဒီဇိုင်းတို့ ဒါ တွေကိုပဲ ပြန်ပြင်ခိုင်းမယ် ထင် တယ်။ ကျွန်တော်တို့က တည် ဆောက်ခွင့်ပါမစ်ရဖို့ ၂ နှစ်၊ သုံး နှစ်လောက် ကြိုးစားခဲ့ရတာကို ရက်ပိုင်းလပိုင်းအတွင်း ဖျက်ဆီး ပစ်တယ်လို့ပဲမြင်တယ်။ အရင် အစိုးရလက်ထက်က သတ်မှတ် ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက် ခဲ့တာပါ’’ဟု ပထမအသုတ် ၁၂ လုံးတွင် စီမံကိန်းပြင်ဆင်ရန် ညွှန် ကြားခံခဲ့ရသည့် KBS ဆောက် လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဘိုဆန်းက ပြောကြား သည်။

ယခု ထပ်မံစစ်ဆေးပြီးပြီဖြစ် သော ရလဒ်ကို ထုတ်ပြန်မည့် အ လုံး ၂၀ သည် စီမံကိန်း မစတင်ရ သေးဘဲ အများစုမှာ မြေပြင်တွင် သာ လုပ်ငန်းအနည်းငယ်စတင်ရ သေးသည့် အဆောက်အအုံများ ဖြစ် သည်ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ဆိုသည်။

‘‘အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းရှင်တွေအတွက် နစ်နာ တော့ အမြန်ဆုံးစစ်ဆေးမှုတွေကို တွန်းပြီးလုပ်နေကြပါတယ်’’ဟု အထက်ပါကော်မတီမှ ဦးရဲမင်းဦးက ပြောသည်။

ယခင် အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မူ အားဖြင့်ခွင့်ပြုခဲ့သော ၁၃ ထပ်နှင့် အထက် အထပ်မြင့်အဆောက်အ အုံ ၁၈၅ လုံးကို မေလ ၂၀ ရက် တွင် ပြန်လည်စစ်ဆေးမှုများပြု လုပ်ရန် တိုင်းအစိုးရအဖွဲ့က ညွှန် ကြားချက်ထုတ်၍ လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့သည်။

အဆိုပါအဆောက်အုံများ ကို ပြန်လည်စစ်ဆေးရန် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ညွှန်ကြားကာ ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service