စစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေ အထပ်လျှော့ချပြီး ပြန်ဆောက်ခွင့်ပြု

စစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေ အထပ်လျှော့ချပြီး ပြန်ဆောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
15 Jul 2016 11:37 am တွင် တင်ခဲ့သည်
1520 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ခွင့်ပြုမိန့်(ပါမစ်ကြီး) ကျပြီးတဲ့ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို အထပ်တွေလျှော့ချပြီး ပြန်လည်တည်ဆောက်ခွင့် ပေးလိုက်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က သည်နေ့ထုတ်ပြန်ပါတယ်။

သည်အဆောက်အအုံတွေက နှစ်လနီးပါးကြာတဲ့အထိ တည်ဆောက်ခွင့် ရပ်ဆိုင်းခံထားရတာပါ။မြေပြင်ကွင်းဆင်း စစ်ဆေးမှုကို ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ရက် ၂၀ အကြာမှာ ပြန်လည်ပြုပြင်ရမယ့် အချက်တွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်က ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ပေးရတာပါ၊ အနည်းအများကတော့ တည်ဆောက်ထားတဲ့အပေါ် မူတည်ပြီး ဘယ်လိုမှ အဆင်မပြေတဲ့ အချက်တွေကို ပြန်ပြင်ခိုင်းတာဖြစ်တယ်’ လို့ ပြောပါတယ်။

အထပ်မြင့် အဆောက်အအုံ ၁၂လုံးကို စစ်ဆေးတဲ့ ရလဒ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ စည်ပင်သာယာရေးကော်မတီဆီ ပေးပို့ပြီး စည်ပင်သာယာက ထုတ်ပြန်တာဖြစ်ပါတယ်။

ပြန်လည်ပြုပြင်ရတဲ့ အချက်တွေက ရေမြောင်းတွေ ရေစီးရေလာကောင်းမွန်ဖို့ ကိုယ့်စရိတ်နဲ့ကိုယ် ဆောင်ရွက်ရန်၊ အမှန်တကယ် ရပ်နားနိုင်မယ့် ကားပါကင်ဒီဇိုင်း ပြန်လည်တင်ပြရန်၊ steel structure ဖြစ်လို့ fire rating (1 hour) အတိုင်း ဖြစ်အောင် ဆောင်ရွက်ရန်၊ ရေဆိုးများအတွက် water treatment ပြုလုပ်ပေးရန်၊ လျှပ်စစ်နဲ့ ပတ်သက်ပြီး ထရန်စဖော်မာနဲ့ switch များ indoor ဆောင်ရွက်မယ့် နေရာတင်ပြရန်၊ ကားပါကင်နဲ့ ညီမျှတဲ့ အခန်းအရေအတွက် လျှော့ချရန် စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လူအများ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ဖို့ သဘာဝလေဝင်လေထွက် ရရှိရန်၊ ကားအတတ်အဆင်း လျှောစောက်များ စံမမီတာ၊ မြေအောက်ရေမြောင်းပေါ်မှာ ဆောက်ထားတာ၊ ရေမြောင်းအရွယ်အစားကို ကိုယ့်သဘောနဲ့ကိုယ်လျှော့ချတည်ဆောက်တာ၊ ၉၀ ဒီဂရီ အချိုးအကွေ့များနဲ့ တည်ဆောက်တာကြောင့် အဆောက်အအုံဒီဇိုင်းကို အစဆုံး ဒီဇိုင်းဆွဲပြီး ပါမစ်ပြန်လျှောက်ရန်၊ ကားပါကင် ဒီဇိုင်း ပြန်လည်တင်ပြရန် စတဲ့ အချက်တွေ ပြန်ပြုပြင်ရမှာ ဖြစ်ပါတယ်။

အထပ်မြင့်နဲ့ ပတ်သက်ပြီး လေကြောင်းညွှန်ကြားရေးဌာန(DCA) ထောက်ခံချက် ပြန်လည်တင်ပြရန်၊ Road Building Ratio နဲ့ မကိုက်ညီတာ၊ YHT က အသစ်အဆိုပြုတဲ့ ရွှေတိဂုံ ကန့်သတ်ဇုန် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၀မှာ ပါဝင်နေတာနဲ့ ရှေ့လမ်းအကျယ်နဲ့ အထပ်မြင့် မကိုက်ညီတာ၊ ကပ်လျက်နေရာမှာ အထပ်မြင့်အဆောက်အအုံ စီမံချက် သုံးလုံးရှိနေတာကြောင့် အထပ်မြင့် လျှော့ချဖို့ ထုတ်ပြန်ထားပါတယ်။အချို့အဆောက်အအုံတွေကို လက်ရှိပြီးစီးနေတဲ့ အထပ်မှာပဲ ရပ်တန့်ဖို့ ညွှန်ကြားထားပါတယ်။

အထပ်မြင့်အဆောက်အအုံ ၁၂လုံးကို သက်ဆိုင်ရာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိရပ်ဖ တစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကိုယ်စားလှယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာန၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မြို့နယ်အင်ဂျင်နီယာ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ Urban Environmental ဌာန၊ မီးသတ်ဦးစီးဌာန၊ Geo Tech နဲ့ ပတ်သက်သူ၊ YHT တို့နဲ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အမြင့်တွေ စစ်ဆေးတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘ရန်ကုန်မြို့အတွင်း အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်တာကို ဥပဒေစည်းမျဉ်း စည်းကမ်း မူဘောင်အတွင်း လုံချုံစိတ်ချစွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်’ လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ နောက်ထပ်စစ်ဆေးဖို့ အထပ်မြင့်အဆောက်အအုံ အလုံး ၁၄၀ ကျော် ကျန်ရှိနေပါတယ်။သည်အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီအောင် အသေးစိတ် ပြန်စိစစ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၂၀ရက်နေ့က ကြေညာချက် ထုတ်ထားပါတယ်။

နောက်ထပ် စစ်ဆေးဖို့ အဆောက်အအုံတွေကို လက်ရှိမှာ စာရွက်စာတမ်း စစစ်နေပြီလို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ‘ သတ်မှတ်ထားတဲ့ စည်းမျဉ်း သတ်မှတ်ထားတဲ့ အချက်တွေ မီလို့ရှိရင် အမြဲတမ်း ခွင့်ပြုပေးပါတယ်’ လို့ ပြောပါတယ်။
Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service