သတင်းစာရောင်းသမားဘ၀မှ ဟိုတယ်ပိုင်ရှင်ဖြစ်လာသော ကမ္ဘာကျော်သူဌေးကြီး ကစ်ခါခိုးရီယန်- ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၆)

သတင်းစာရောင်းသမားဘ၀မှ ဟိုတယ်ပိုင်ရှင်ဖြစ်လာသော ကမ္ဘာကျော်သူဌေးကြီး ကစ်ခါခိုးရီယန်- ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၆) - Property News in Myanmar from iMyanmarHouse.com
14 Jul 2016 11:28 am တွင် တင်ခဲ့သည်
30070 ကြိမ် ကြည့်ရှု့ပြီး
ခါခိုးရီယန် ဆိုလျှင် မြန်မာလူမျိုးများတွင် သိရှိသူ အလွန် နည်းပါး မည်ဖြစ်သည်။ခါခိုးရီယန်သည် ကမ္ဘာကျော်ရုပ်ရှင် ကုမ္ပဏီကြီးများ၊မော်တော်ကား ကုမ္ပဏီကြီးများနှင့် ကမ္ဘာ့အကြီးမားဆုံးဟိုတယ်ကြီးများ၏ပိုင်ရှင် သူဌေးကြီးဖြစ်လေသည်။


ဖော့ဘ်မဂ္ဂဇင်းကြီးကမူ ခါခိုးရီယန်ကို ကမ္ဘာ့စိတ်ဝင်စားစရာ အကောင်းဆုံးပုဂ္ဂိုလ်ဟုပင် တင်စားခဲ့ဖူးသည်။
ခါခိုးရီယန်သည် အလွန် ရက်ရောသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ပိုင်ဆိုင်သောဓနဥစ္စာများ၏ ၂၀ ရာခိုင်နှုန်းကို ပေးလှူခဲ့သူတစ်ဦးဖြစ်သည်။
ခါခိုးရီယန်၏ ဘ၀သည် အံ့အားသင့်ဖွယ်၊ အတုယူဖွယ်များဖြင့် အတိပြီးနေသည်။

သူသည် ၈ တန်းသာအောင်၏။ သတင်းစာရောင်းကာ အသက်မွေးခဲ့ရ၏။
ထိုသို့ ၈ တန်းသာအောင်သူ၊ သတင်းစာရောင်းသူတစ်ဦးက မည်သို့မည်ပုံကိုယ့်ဒူးကိုယ်ချွန်ကာ ကမ္ဘာကျော်သူဌေးကြီး ဖြစ်လာပါသနည်း။
ခါခိုးရီယန်ကို အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဖရက်စ်နိုမြို့ငယ်ကလေးတွင် ၁၉၁၇ ခုနှစ်၊ ဇွန်လ ၆ ရက်၌ မွေးဖွားသည်။

မိဘများမှာ အာမေးနီးယားမှ အမေရိကန်သို့ ပြောင်းရွှေ့အခြေချသူများ ဖြစ်ကြသည်။
အာမေးနီးယန်းလူမျိုးတို့သည် သိလိုစိတ်ပြင်းပြသောလူမျိုးများဖြစ်ကြသည်။
၁၉၁၅ ခုနှစ်တွင် အာမေးနီးယန်းလူမျိုးပေါင်း ၁ ဒသမ ၅ သန်း သေဆုံးကာ ကျန်သည့်သန်းပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းကြရသည့် ကပ်ဘေးကြီးဖြစ်ပွားပြီးနောက် အာမေးနီးယားလူမျိုးများစွာ အမေရိကသို့ ခိုလှုံခဲ့ကြသည်။

အာမေးနီးယားတို့သည် ၎င်းတို့နှင့် ရေမြေရာသီဥတုအပူချိန်တူသောဒေသကို အမေရိကတွင်ရှာရာ ကယ်လီဖိုးနီးယားကိုတွေ့ကြသည်။
အဆိုပါဒေသတွင် ဘ၀သစ်ကိုစခဲ့ကြသည်။
ခါခိုရီယန်သည် အာမေးနီးယန်းမြို့ဟုခေါ်ကြသော ဖရက်စ်နို မြို့ကလေးတွင် ၁၉၁၇ တွင် မွေးဖွားသည်။
ဖရက်စ်နိုမြို့ကလေးရှိ နေအိမ်အများစုမှာ ပျဉ်ထောင်အိမ်ငယ်ကလေးများသာဖြစ်ပြီး ၀င်ငွေနိမ့်ပါးသောမြို့လေးဖြစ်၏။
သို့ရာတွင် ချမ်းသာကြွယ်ဝသော ဆရာဝန်များ၊ ရှေ့နေများနှင့် အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်များ၏ နေအိမ်အချို့လည်းရှိလေသည်။

ခါခိုးရီယန်နေ့စဉ်ကျောင်းသွားရာတွင် အဆိုပါသူဌေးများ၏ နေအိမ်ရှေ့မှ လမ်းလျှောက်ရင်း တအံ့တသြ ငေးမောခဲ့ဖူးသည်။
ခါခိုးရီယန်တို့နေအိမ်နှင့် ခပ်လှမ်းလှမ်းတွင် အာမေးနီးယန်းလူမျိုးများစွာ အလုပ်လုပ်ကြသော စပျစ်ဝိုင်စက်ရုံရှိသည်။
ဆန်တာဖီးဘူတာရုံမှာ နေအိမ်မြောက်ဘက်တစ်ခေါ်စာ အကွာအဝေးတွင်ရှိ၏။
နှစ်ပေါင်း ၁၁၆ နှစ်သက်တမ်းရှိပြီဖြစ်သော ရေစင်ကြီးမှာ ဖရက်စ်နိုမြို့ကလေး၏ ထင်ရှားသော အထိမ်းအမှတ်တစ်ခုဖြစ်လေသည်။
ခါခိုးရီယန်တို့နေအိမ်မှ သုံးဘလောက်အကွာတွင် ကမ္ဘာကျော် ဟိုတယ်ကယ်လီဖိုးနီးယား တည်ရှိပြီး ခါခိုးရီယန် ၆ နှစ်သားအရွယ် ၁၉၂၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဟိုတယ်ကြီးနှင့် စပ်လျဉ်း၍ ကမ္ဘာကျော် Eagles တေးဂီတအဖွဲ့ကြီးက Hotel California ဟူသောအမည်ဖြင့် သီဆိုခဲ့ရာတွင် ထူးခြားသောစာသားများနှင့် ကော့ဒ်ဖွဲ့စည်းပုံတို့ကြောင့် ကမ္ဘာကျော်ခဲ့သည်။
အဆိုပါသီချင်းသည် ကမ္ဘာ့နိုင်ငံများစွာတွင် ပိတ်ပင်ခံခဲ့ရဖူးသည်။

ခါခိုးရီယန်၏ မိဘများသည် ၁၉၁၅ အာမေးနီးယန်းမျိုးတုန်းသတ်ဖြတ်မှုကြီးမှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်ကြပြီး အမေရိကတွင် ဘ၀သစ်တည်ထောင်ခဲ့သူများ ဖြစ်သည်။
ဖရက်စ်နိုမြို့ကလေးတွင် ခါခိုးရီယန်သည် ၀ီလျံဆာရိုယန်နှင့် သူငယ်ချင်းဖြစ်လာကြသည်။

ဝီလျံဆာရိုယန်သည် နောင်အခါတွင် 'The Time of Your Life' နှင့် 'The Human Comedy' စာအုပ်များရေးသားကာ ကမ္ဘာကျော်စာရေးဆရာကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။
ခါခိုးရီယန်၏ မိဘများမှာ အလွန်ဆင်းရဲကြသောကြောင့် ခါခိုးရီယန်သည် အသက် ၉ နှစ်သားအရွယ် ၄ တန်းကျောင်းသားဘ၀ကပင် သတင်းစာရောင်းကာ နေအိမ်၏၀င်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာပေးခဲ့ရသည်။

ခါခိုးရီယန်သည် အထက်တန်းကျောင်းသားဘ၀တွင် မိုင်ပေါင်းများစွာဝေးကွာသောကျောင်းသို့ လမ်းလျှောက်ကာ ကျောင်းတက်ခဲ့ရသည်။
မည်မျှဆင်းရဲစေကာမူ ငယ်စဉ်ကပင် စန်းပွင့်သူတစ်ဦးဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
အလယ်တန်းကျောင်းသားဘ၀တွင် ခါခိုးရီယန် စိတ်ဝင်စားလာစေရန် အပြင်းအထန်အားထုတ်ကြသည့် ညီအစ်မ ၇ ဦးရှိပြီး ၎င်းတို့ကို ဆိုလ်ဒိုရီယန်ညီအစ်မများဟု ခေါ်ကြသည်။

ခါခိုးရီယန်သည် တပ်ထဲတွင် ခင်မင်ခဲ့သည့် လေသူရဲတစ်ဦးဖြစ်သူ ဟောင်းဝပ်ဟုခ်ျနှင့်အတူ လာ့စ်ဗီးဂပ်စ်တွင် အိမ်ခြံမြေလုပ်ငန်းသို့ စတင်ခြေချခဲ့သည်။(ဟောင်းဝပ်ဟုခ်ျသည် နောင်အခါကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်လာခဲ့သည်။)
ခါခိုးရီယန်သည် ကျောင်းတွင် “ပြဿနာကောင်လေး”ဟု နာမည်ကျော်လာပြီးနောက်ပိုင်း ၈ တန်းတွင် ကျောင်းမှ ထွက်လိုက်တော့သည်။
ကျောင်းထွက်ပြီးနောက်ပိုင်း ခါခိုးရီယန်သည် အကိုအရင်းဖြစ်သူ နစ်ရှ် ခါခိုးရီယန်၏ သင်ပြမှုဖြင့် လက်ဝှေ့ပညာသင်ယူကာ “ရိုင်ဖယ်ညာလက်ခါခိုးရီယန်”ဟူသောအမည်ဖြင့် လက်ဝှေ့လောကသို့ ၀င်ရောက်ခဲ့သည်။

လက်ဝှေ့သမားဘ၀တွင်လည်း အောင်မြင်မှုများရရှိခဲ့ရာ ၂၉ ပွဲအနိုင်ရခဲ့ပြီး အများစုမှာ အလဲထိုးအနိုင်ရခဲ့ခြင်း ဖြစ်သည်။
ခါခိုးရီယန်သည် အ၀တ်လျှော်ဆိုင်တွင် လုပ်ကိုင်သည့် မိန်းကလေးတစ်ဦးကို အမြဲသွားတွေ့လေ့ရှိသည်။
အ၀တ်လျှော်ဆိုင်တွင်လုပ်ကိုင်သည့် ဧ၀ဟု အမည်ရသောမိန်းကလေးနှင့် လက်ထပ်ခဲ့သည်။
(သူ၏ အတ္ထုပ္ပတ္တိများတွင် လူငယ်ဘ၀အိမ်ထောင်ပြုခဲ့သည့်အဆိုပါဖြစ်ရပ်ကို ထည့်သွင်းဖော်ပြလေ့မရှိကြချေ။)

လက်ဝှေ့သမားလုပ်နေစဉ်တွင်ပင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ဗြိတိသျှတော်ဝင်လေတပ်တွင် စစ်မှုထမ်းခဲ့သည်။
စစ်အပြီးနောက်ပိုင်းတွင် လာ့စ်ဗီးဂပ်စ်တွင် ကာစီနိုလောင်းကစားရုံငယ်စတင်တည်ထောင်ခြင်းဖြင့် စီးပွားရေးလောကသို့ ခြေချခဲ့သည်။
နောက်ပိုင်းတွင်ကား လောင်းကစားလောကမှထွက်ကာ အိမ်ခြံမြေလောကသို့ ၀င်ရောက်ခဲ့သည်။
ယင်းနောက်တွင်ကား မလျှော့သောလုံ့လဖြင့်ကြိုးပမ်းခဲ့ရာ ဟိုတယ်ကြီးများ၊ကမ္ဘာကျော်ရုပ်ရှင်ကုမ္ပဏီကြီးများ၊ မော်တော်ကားကုမ္ပဏီကြီးများကို ပိုင်ဆိုင်သူဖြစ်လာတော့သည်။

ခါခိုးရီယန်တည်ဆောက်ဖွင့်လှစ်ခဲ့သော International Hotel ဟိုတယ်သည် ထိုခေတ်ထိုကာလက အမေရိကတွင်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာအရပါ အကြီးမားဆုံးအပန်းဖြေဟိုတယ်ကြီး ဖြစ်သည်။
သို့ရာတွင် အကြီးမားဆုံးဟိုတယ်ဟူသော စံချိန်မှာ ကြာမြင့်ခဲ့ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုလျှင် ခါခိုးရီယန်သည် အိပ်မက်ကြီးကြီး အမြဲမက်နေလေ့ရှိသူ၊ အမြဲအလုပ်လုပ်နေသူတစ်ဦးဖြစ်သောကြောင့်ပင်တည်း။

ခါခိုးရီယန်နှင့် သူ၏ မိတ်ဆွေ စတိဗ်ဝင်း တို့၏ လုပ်ငန်းယှဉ်ပြိုင်ပုံမှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။
၁၉၇၃ခုနှစ်သည်ကားခါခိုးရီယန်အတွက် အောင်မြင်မှုအ
တိပြီးသော ရွှေရောင်နေ့ရက်များ ဖြစ်လေသည်။
စတိဗ်ဝင်းက ရတနာကျွန်းဟိုတယ် Treaure Island Hotel ကိုဖွင့်လှစ်သောအခါ ခါခိုးရီယန်ကလည်း ရက်ပေါင်း ၅၀ အကြာတွင် MGM Grand ဟိုတယ်ကို ဖွင့်လိုက်၏။

အဆိုပါဟိုတယ်သည် ၀င်း၏ဟိုတယ်ထက်ကြီးမားရုံသာမက တစ်ကမ္ဘာလုံးတွင်လည်း အကြီးမားဆုံးဟိုတယ်စံချိန်တင်ခဲ့သည်။
တဖန်ဝင်းကဘယ်လာဂျီယိုဟိုတယ်ကိုဖွင့်သောအခါတွင်
လည်း ခါခိုးရီယန်က အဆိုပါဟိုတယ်အပြင် ၀င်းပိုင်ဆိုင်သောဟိုတယ်အားလုံးကို ၀ယ်ယူရန် ကမ်းလှမ်းလိုက်ပြန်သည်။
ဝင်းကလည်း သူ၏ဟိုတယ်များကို ခါခိုးရီယန်အားရောင်းချလိုက်၏။

၈တန်းအထိသာ ကျောင်းနေခဲ့ဖူးသူတစ်ဦးသည်
လော့စ်အိန်ဂျလိစ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ၏။
လော့စ်အိန်ဂျလိတွင် ခါခိုးရီယန်ဟုအမည်ပေးထားသော လမ်းများ၊ ဟိုတယ်များမရှိချေ။
သို့ရာတွင်ကာစီနိုလောင်းကစားလောက၊ မော်တော်ကားထုတ်လုပ်ရေးလောက၊ ရုပ်ရှင်လောကတို့ကို ၁၀ တန်းပင်မအောင်သူတစ်ဦးကကိုင်လှုပ်ခဲ့ခြင်းလည်း
ဖြစ်သည်။

သူသည် MGM ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ၃ ကြိမ်တိုင် ၀ယ်ယူခဲ့သူဖြစ်၏။ ခရိုင်စလာ မော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်းကိုလည်း ၀ယ်ယူရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။
ကမ္ဘာ့အကြီးမားဆုံးဟိုတယ်ကြီးများကို တစ်ကြိမ်မဟုတ်၊ သုံးကြိမ်တိုင်ဆောက်လုပ်တည်ထောင်ခဲ့သူဖြစ်သည်။
သူသည် လာ့စ်ဗီးဂပ်စ်တွင် ကမ္ဘာ့အကြီးဆုံးဟိုတယ်စံချိန်တင်သည့် ဟိုတယ်ကြီးသုံးလုံးတည်ဆောက်ခဲ့ရာ the International Hotel (၁၉၆၉ ခုနှစ်တွင်ဖွင့်လှစ်)၊ MGM Grand Hotel (၁၉၇၃ ခုနှစ်တွင်ဖွင့်လှစ်) နှင့် MGM Grand (၁၉၉၃ ခုနှစ်တွင်ဖွင့်လှစ်) တို့ ဖြစ်ကြသည်။.Metro-Goldwyn-Mayer ဟုခေါ်သော MGM ရုပ်ရှင်ကုမ္ပဏီကို ၁၉၆၉ ခုနှစ်တွင် ၀ယ်ယူခဲ့သည်။

ခါခိုးရီယန်နှင့်ပတ်သက်သော အံ့ဖွယ် ၄ ပါးကို ကမ္ဘာ့သတင်းမီဒီယာများတွင် ဖော်ပြကြရာ
(၁) ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီးများကို ၃ ကြိမ်တိုင်ဆောက်လုပ်ခဲ့သူဖြစ်ခြင်း
(၂) ၈ တန်းသာအောင်မြင်ကာ သတင်းစာရောင်း၍ အသက်မွေးခဲ့ရသူဘ၀မှ ကမ္ဘာကျော်သူဌေးကြီးဖြစ်လာခြင်း
(၃) မော်တော်ကားကုမ္ပဏီများ (ကမ္ဘာကျော် General Mortor နှင့် Ford ကုမ္ပဏီများ)၊ လေကြောင်းလိုင်း များ၊ ရုပ်ရှင်ကုမ္ပဏီများစွာ (MGM ကုမ္ပဏီကို သုံးကြိမ်တိုင်ဝယ်ယူရောင်းချ၊ Columbia ရုပ်ရှင်ကိုလည်း ၀ယ်ယူရန် ကြိုးပမ်းဖူး)၀ယ်ယူရောင်းချခဲ့သူဖြစ်ခြင်း
(၄) မိမိနှင့်ရသောရင်သွေးမဟုတ်သည့်ကလေးကို တစ်လလျှင်ကန်ဒေါ်လာ ၁၀၀၀၀၀ ထောက်ပံ့ခြင်း (၂၈ ရက်သာ ပေါင်းသင်းခဲ့သော တင်းနစ်အလှမယ် လီဆာဘွန်ဒါ၏ တရားစွဲဆိုမှုကြောင့် ကလေးစရိတ်ပေးရခြင်းဖြစ်သည်။
အဆိုပါကလေးမှာ ခါခိုးရီယန်၏ ရင်သွေးမဟုတ်ကြောင်း ဒီအင်အေစစ်ဆေးချက်အဖြေထွက်သော်လည်း ကလေးစရိတ်ပေးခဲ့ခြင်းဖြစ်)
၂၀၀၇ ခုနှစ်စာရင်းများအရ ခါခိုးရီယန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၇ ဘီလီယံရှိပြီး ဖော့ဘ်မဂ္ဂဇင်းကြီးက အချမ်းသာဆုံးအမေရိကန် ၄၀၀ စာရင်းတွင် နံပါတ် ၇ နေရာတွင် ဖော်ပြခဲ့သည်။

ခါခိုးရီယန်သည် အာမေးနီးယားနိုင်ငံအတွက် သူတည်ထောင်ထားသော လင်စီဖောင်ဒေးရှင်းမှတစ်ဆင့် ကန်ဒေါ်လာ ၁ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အဓိကအားဖြင့် ၁၉၈၈ ငလျင်ကြီးသင့်ခဲ့သော အာမေးနီးယားမြောက်ပိုင်းကို ပြန်လည်တည်ထောင်ရာတွင် ကူညီရန်ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင် တိုင်းမ်မဂ္ဂဇင်းကြီးက အမေရိကန်ပြည်ထောင်စုရှိ ဒသမမြောက်အလှူဒါန်းဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့သည်။
“သူက ၁၀ ဖိုးစားမယ်၊ စားပွဲထိုးကို တစ်ပ်မန်းနီး ၁၀၀ ပေးမယ်ဆိုတဲ့လူစားမျိုး၊ ကိုယ်ဘယ်ဘ၀က လာခဲ့သလဲဆိုတာ ဘယ်တော့မှမမေ့တဲ့သူ”ဟု ခါခိုရီယန်၏ ပေးကမ်းရက်ရောမှုနှင့်စပ်လျဉ်း၍ MGM အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂျေးရာကောက ပြောကြားသည်။

အာမေးနီးယားသမ္မတ ရောဘတ်ကိုချာယမ်က ၁၉၉၈ စက်တင်ဘာတွင် ခါခိုးရီယန်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ကြေညာဂုဏ်ပြုခဲ့သည်။
၂၀၀၄ ခုနှစ်၊ မေလတွင်လည်း အာမေးနီးယား၏ အမြင့်ဆုံးဆုဖြစ်သော အမျိုးသားသူရဲကောင်းဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။၈ တန်းသာအောင်သော၊ သတင်းစာရောင်းကာအသက်မွေးခဲ့ရသော ၊ ကိုယ့်ဒူးကိုယ်ချွန် ကမ္ဘာကျော်သူဌေးကြီး ခါခိုရီယန်သည် အသက် ၉၈ နှစ်အရွယ် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်လေသည်။

ခါခိုးရီယန်၏ ပြောကြားခဲ့သော မှတ်သားဖွယ်ရာစကားများ
(၁) ဘ၀ဆိုတာ ခေါင်းပန်းလှန်သလို ကစားပွဲမျိုးပဲ
(၂) ကျွန်တော် အလုပ်မလုပ်ဘဲ မနေတတ်ဘူး၊ ကျွန်တော်က စိန်ခေါ်မှုသစ်တွေကို သဘောကျတယ်
(၃) စီးပွားရေးပညာရှင်တွေဟာ စီးပွားရေးလုပ်ငန်းတွေအကြောင်း တကယ်နားလည်မယ်ဆိုရင် သူတို့ဟာ သန်းကြွယ်သူဌေးတွေ ဖြစ်လာမှာပါ။ သန်းကြွယ်သူဌေးတွေရဲ့ အတိုင်ပင်ခံတွေဖြစ်လာစရာမရှိပါဘူး။
(၄) လူတွေကို မေးခွန်းတွေအများကြီးမေးရတယ်၊ အများကြီးနားထောင်ရတယ်၊ ဒါပေမယ့်နောက်ဆုံးမှာ ကိုယ့်အသိစိတ် ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်လုပ်ကြရတာဖြစ်တယ်။
(၅) ကိုယ့်ဒူးကိုယ်ချွန်ချမ်းသာကြွယ်ဝလာသူတွေဟာ ငယ်စဉ်ကတည်းက ငွေရှာတတ်လေ့ရှိကြတယ်။ ကျွန်တော်ဆိုရင် ၉ နှစ်သားကတည်းက မိသားစုအတွက် ၀င်ငွေရှာပေးခဲ့တယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သတင်းစာရောင်းသမားဘ၀မှ ဟိုတယ်ပိုင်ရှင်ဖြစ်လာသော ကမ္ဘာကျော်သူဌေးကြီး ကစ်ခါခိုးရီယန်- ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၆) - Property News in Myanmar from iMyanmarHouse.com
သတင်းစာရောင်းသမားဘ၀မှ ဟိုတယ်ပိုင်ရှင်ဖြစ်လာသော ကမ္ဘာကျော်သူဌေးကြီး ကစ်ခါခိုးရီယန်- ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၆) - Property News in Myanmar from iMyanmarHouse.com
သတင်းစာရောင်းသမားဘ၀မှ ဟိုတယ်ပိုင်ရှင်ဖြစ်လာသော ကမ္ဘာကျော်သူဌေးကြီး ကစ်ခါခိုးရီယန်- ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၆) - Property News in Myanmar from iMyanmarHouse.com
သတင်းစာရောင်းသမားဘ၀မှ ဟိုတယ်ပိုင်ရှင်ဖြစ်လာသော ကမ္ဘာကျော်သူဌေးကြီး ကစ်ခါခိုးရီယန်- ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၆) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service