စစ်ဆေးပြီးအဆောက်အအုံများ အထပ်လျှော့ချခံရ

စစ်ဆေးပြီးအဆောက်အအုံများ အထပ်လျှော့ချခံရ - Property News in Myanmar from iMyanmarHouse.com
14 Jul 2016 10:47 am တွင် တင်ခဲ့သည်
8148 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အထပ်မြင့်အဆောက်အအုံများ စိစစ်ရေးကော်မတီက
အဆောက်အအုံ ၁၂ လုံးကို စစ်ဆေးပြီးနောက် ထုတ်ပြန်ချက် တစ်ရပ်အရ အထပ်များလျှော့ချဆောက်
လုပ်ရမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) တာဝန်ရှိသူတစ်ဦးက ပြောကြား
လိုက်သည်။

အဆိုပါစီမံကိန်း ၁၂ ခုမှာ ယခင်အစိုးရ လက်ထက်တွင် ဆောက်လုပ်ခွင့်ပါမစ် (ဆိုင်းဘုတ်စိမ်း)
ရရှိပြီး စီမံကိန်းများဖြစ်ကာ တည်ဆောက်ရေး လုပ်ငန်းများမှာလည်း အတန်သင့် ပြီးစီးနေပြီဖြစ်
သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ယခင်အစိုးရ
လက်ထက်က ခွင့်ပြုထားသည့် ဆောက်လက်စ ရန်ကုန်မြို့တွင်း အထပ် မြင့်အဆောက်
အအုံအားလုံးကို ပြန်လည်စိစစ်မည်ဆိုသည့် ညွှန်ကြားချက်များကြောင့် ပါမစ်ရအဆောက်အအုံ ၆၄ လုံးနှင့် မူအား ဖြင့် ခွင့်ပြုချက်ရ အဆောက်အအုံ ၁၂၀ ကျော်တို့၏ တည်ဆောက်မှုလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရသည်။

ကော်မတီ ပြန်လည်စိစစ်ခြင်း
ခံရသည့် အပြီးသတ်ခွင့်ပြုမိန့်ရ အဆိုပါအဆောက် အအုံ ၁၂ လုံးမှာလည်း ဆောက်လုပ်မှုခေတ္တ
ရပ်နားခံရပြီး စစ်ဆေးပြီး သုံးပတ်အကြာ ဇူလိုင် ၁၂ ရက်မှသာ ရလဒ်များကို ထုတ်ပြန်
နိုင်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ ကြည့်မြင်တိုင်မြို့နယ် ရှိ ၁၂ ထပ်မြင့် အဆောက်အအုံစီမံကိန်းမှာ
အထပ်မြင့်လျှော့ရန်မလိုဘဲ ကားပါကင် ဒီဇိုင်းများကို ပြန်တင်ပြရန် ညွှန်ကြားခြင်း၊
စတီးကိုယ်ထည်ဖြစ်သဖြင့် မီးဒဏ် ခံနိုင်မှုရှိရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အလုံမြို့နယ်
သစ်တောရပ်ကွက်ရှိ ၂၇ ထပ် ဆောက်လုပ်ရန် လျာထားသော အဆောက် အအုံမှာမူ
ခန့်မှန်းအထပ် ၂၀ သို့ လျှော့ချ ရမည်။

ဗိုလ်တထောင်မြို့နယ်အတွင်း ၁၉ ထပ် ရှိ
ရုံးခန်းအဆောက်အအုံကို ရပ်နားရန် ကားအရေအတွက်နှင့်ညီမျှသော အခန်း
အရေအတွက်ဖြစ်ရန် ခန့်မှန်း ၁၅ ထပ်အထိ လျှော့ချရန် ညွှန်ကြားခဲ့သည်။

ဗဟန်းမြို့နယ်အတွင်းရှိ ၂၇ ထပ်မြင့် အဆောက်အအုံကိုမူ အဆောက်အအုံဒီဇိုင်းအစအဆုံးပြန်ဆွဲပြီး ဆောက်လုပ်ခွင့်
ပါမစ် ပြန်လည်လျှောက်ထားဆောင်ရွက်ရန်
ညွှန်ကြားခဲ့သည်။ တာမွေမြို့နယ်ရှိ ၂၃ ထပ်အမြင့်ရှိ သည့်အဆောက်အအုံကိုလည်း
ရပ်နားရန် ကားအရေအတွက်နှင့် ညီမျှသော အခန်း အရေအတွက်အဖြစ် ခန့်မှန်း ၁၆ ထပ်သို့
လျှော့ချရန် ညွှန်ကြားခဲ့သည်။

အလားတူ တာမွေမြို့နယ်ရှိ ၃၂ ထပ် အထိလျာထားသည့် နောက်ထပ် အဆောက်အအုံကိုမူ
အမွေအနှစ်'က အသစ်အဆိုပြု ထားသော ရွှေတိဂုံ ကန့်သတ်နယ်မြေ၏ ကြားခံနယ်မြေ ပေ
၁၉၀ အမြင့်တွင်ပါဝင် နေခြင်း စသည်တို့ကြောင့် အထပ်လျှော့ချရန် ညွှန်ကြားထားသည်။

လှိုင်မြို့နယ်ရှိ အမြင့် ၁၈ ထပ်ဆောက် မည့် လူနေအခန်းကျယ်များပါ အဆောက် အအုံကို
လမ်းနှင့် အဆောက်အအုံအချိုး တို့ ကိုက်ညီမှုမရှိခြင်း၊ အဆောက်အအုံ တစ်ခုနှင့် တစ်ခု
အကြား နေရာချန်ရာတွင် အဆောက်အအုံအကျဉ်းဆုံးအပိုင်းဘက်မှ ချန်၍ အထပ်မြင့်ကိုတွက်ချက်မှုပြုလုပ် ထားခြင်း စသည့်အချက်များကြောင့် အမြင့် ၁၆၅ ပေထက်ကျော်လွန်၍
မဆောက်ရန် ညွှန်ကြားခဲ့သည်။

ကမာရွတ်မြို့နယ်ရှိ အမြင့် ၁၂ ထပ်ခွဲ ကွန်ဒိုအဆောက်အအုံမှာမူ လမ်းသွယ်ထဲတွင်ရှိသော်လည်း
လမ်းနှင့် အဆောက်အအုံ အချိုးကိုတွက်ချက်ရာတွင်မူ အင်းစိန်လမ်းမ ကြီး၏ အချိုးအစားအတိုင်း
တွက်ချက်ထားပြီး စည်းမျဉ်းကိုက်ညီမှုမရှိသည့်အတွက် လက်ရှိပြီးစီးနေသည့် ခန့်မှန်း
ရှစ်ထပ်တွင်သာ ရပ်တန့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

လှိုင်မြို့နယ်ရှိ ၁၂ ထပ်ခွဲ အဆောက်အအုံ အား ကားပါကင်လိုအပ်ချက် ၅၈ စီးတွင် ၄၈ စီးသာ
ရပ်၍ရခြင်း၊ ၁၂ ပေလမ်းဖြင့် ၀င်ထွက် ရခြင်းတို့ကြောင့် လက်ရှိပြီးစီးနေသော နေရာခန့်မှန်း ခုနှစ်ထပ်တွင် ရပ်တန့်ရန် ညွှန်ကြား ခဲ့သည်။

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ
၂၂ ထပ်အမြင့်ရှိသော အဆောက်အအုံကို ကားပါကင်လိုအပ်ချက်အရ ၁၇၁ စီးတွင် ၁၂၉ စီးသာ
ရပ်၍ရသဖြင့် ဖော်ပြထားသည့် အတိုင်း အမှန်တကယ် ကားပါကင်ရပ်နား နိုင်မည့် ဒီဇိုင်းကို
ပြန်လည်တင်ပြရန် ညွှန် ကြားခဲ့သည်။

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ
မြေညီထပ်အပါအ၀င် ၃၂ ထပ် အမြင့်ရှိ အဆောက်အအုံမှာမူ လမ်းအကျယ် ၇၂ ပေတွင်
မျက်နှာစာချန်ထားသည့် နေရာမှာ ပေ ၂၀ သာရှိသည့်အတွက် အမြင့်ပေ ၁၈၈ ပေခွဲထက်
မကျော်လွန်စေဘဲ လက်ရှိပြီးစီးသော အထပ်ထက် မပိုစေရန် ညွှန်ကြားခဲ့သည်။

ရန်ကင်းမြို့နယ်
အတွင်းရှိ ၁၂ ထပ်ခွဲ အမြင့်ရှိ အဆောက်အအုံမှာလည်း ၁၆ ပေ လမ်းကျဉ်းဖြစ်ပြီး အတွင်း
ကွက်ဖြစ်ခြင်း၊ ကပ်လျက်တွင် အထပ်မြင့်အဆောက်အအုံ စီမံကိန်း သုံးလုံး တည်ရှိနေခြင်း
တို့ကြောင့် ပြီးစီးနေသော ခန့်မှန်းခြောက်ထပ်နေရာတွင်သာ ရပ်တန့်ရန် ညွှန်ကြားခဲ့သည်။


ဆောက်လုပ်ရန် လျာထားသည့် အထပ် များ လျှော့ချခံရသည့် ယင်းကဲ့သို့ စစ်ဆေး ဆုံးဖြတ်မှုမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း i-Green ဆောက်လုပ်ရေးလုပ်ငန်းရှင် ကိုကျော်ကျာ်နိုင်က
ပြောသည်။

"ကျွန်တော်တို့ကတော့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မြင်ပါတယ်။ ဒီအရပ်သား
အစိုးရ က ပွင့်လင်းမြင်သာမှုရှိမယ်လို့ ယုံကြည်ခဲ့ တယ်။ အခုလုပ်ရပ်ကတော့ ပွင့်လင်းမြင်သာမှု
လုံးဝမရှိဘူးလို့ ပြောလို့ရပါတယ်။ ဘယ်လိုစံနဲ့ ဘယ်လိုတိုင်းတာတယ်ဆိုတာ နားမလည်ဘူး။
အခု ကျွန်တော်တို့ကို ဘာမှခေါ်ယူမေးမြန်းမှုမရှိဘဲ အမိန့် တစ်ခါ တည်း တန်းထုတ်သလို
ဖြစ်နေတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

i-Green ဆောက်လုပ်ရေးလုပ်ငန်းမှာ ရန်ကင်းမြို့နယ်၊ စိမ်းလဲမေရိပ်သာလမ်းရှိ ၁၂ ထပ်ခွဲအမြင့်ရှိ
လူနေတိုက်ခန်းကို တည်ဆောက်လျက်ရှိပြီး ယခုအချိန်တွင် ၁၀ လွှာထိ ပြီးစီးနေပြီဖြစ်သည်။

"၁၂ထပ်ခွဲအရင်ပါမစ်ကို ပြန်ရုပ်ပြီး ခြောက်ထပ်ခွဲပဲ ပေးတယ်ဆိုတဲ့စာ ထွက်လာပါတယ်။ ဒါဟာ
ကြီးမားတဲ့နစ်နာမှုပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ ဆုံးရှုံးတာ ရော၊ ကျွန်တော်တို့ဆီက
တစ်ဆင့်ပြန်ဝယ် ထားတဲ့သူတွေ ပိုနစ်နာတယ်။ ဘယ်လိုရှင်း ရမလဲဆိုတဲ့ဟာကို ကျွန်တော်တို့
ပါမစ်ကို ပြန်လည်ပြုပြင်တဲ့ ဌာနကိုပဲ မေးခွန်းထုတ် ရမှာပဲ"ဟု ၎င်းက ပြောသည်။

ဥပဒေဘောင်အတွင်းက လုပ်ကိုင်ခြင်းဖြစ် သော်လည်း ၀ယ်ယူသူများနှင့် ဆောက်လုပ်
သူများဘက်က နစ်နာခဲ့သော အခြေအနေ ကို အမိန့်ထုတ်ပြန်သော အစိုးရထံ ပြန်လည်
တင်ပြ အသနားခံသွားမည်ဖြစ်ကြောင်း ကိုကျော်ကျော်နိုင်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service