သီလ၀ါအထူးစီးပွားဇုန်အစုရှယ်ယာ ရာဂဏန်းခန့်သာ အရောင်းအ၀ယ်ဖြစ်ဟုဆို

သီလ၀ါအထူးစီးပွားဇုန်အစုရှယ်ယာ ရာဂဏန်းခန့်သာ အရောင်းအ၀ယ်ဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Jul 2016 9:58 am တွင် တင်ခဲ့သည်
841 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေး ဇုန် ကုမ္ပဏီရှယ်ယာတန်ဖိုးသည် ယခုလအတွင်း တည်ငြိမ်လာသော်လည်း အစုရှယ်ယာ ရာဂဏန်း ခန့်သာ အရောင်းအ၀ယ်ဖြစ်နေ ကြောင်း သတင်းရရှိသည်။

‘‘ဈေးကွက်မှာ နှစ်ခုတည်း ရှိနေလို့ အီသွားတဲ့သဘောပါပဲ။ ဒီနှစ်ခုပဲ ရောင်းလိုက်ဝယ်လိုက် ဖြစ် နေတော့ ရိုးသွားတာပါ။ မထူး ဆန်းပါဘူး။ နောက်ပိုင်းကုမ္ပဏီ တွေများလာရင်တော့ အရောင်း အ၀ယ်တွေ များလာမှာပါ’’ ဟု ရန်ကုန်စတော့အိတ်ချိန်း အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်း၌ စတင် စာရင်းသွင်းချိန်တွင် ရှယ်ယာဝယ် လိုအား ငါးသိန်းကျော်အထိ တက် ခဲ့သည်။ ကုမ္ပဏီ၏ရှယ်ယာတစ်စုတန်ဖိုးကို ကျပ် ၄၀,၀၀၀ သတ် မှတ်ခဲ့သော်လည်း ဈေးကွက်အဖွင့် ၌ ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။နောက်ပိုင်း ရက်များတွင် ရှယ်ယာဈေးနှုန်းဆက်လက် မြင့်တက်ပြီး ကျပ် ၆၀,၀၀၀ အထိ ဈေးပေါက်ခဲ့သည်။

အဆိုပါ ကုမ္ပဏီသည် နောက်ပိုင်းတွင် ရှယ်ယာဈေးပြန် လည်ကျဆင်းပြီး ယခုလ၌ ရှယ်ယာတစ်စုလျှင် ကျပ် ၅၀,၀၀၀ မှ ကျပ် ၄၉,၀၀၀ ကြားတွင် ပြန် လည် တည်ငြိမ်လာသည်။ သို့ သော် ဇူလိုင် ၁၃ ရက်တွင် အစုရှယ်ယာ ၇၀၀ ခန့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့သည်။

ကုမ္ပဏီအနေဖြင့် ရှယ်ယာ တန်ဖိုး တည်ငြိမ်ခြင်းကိုသာ လို လားကြောင်း အဆိုပါ ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောထား သည်။‘‘ရှယ်ယာတန်ဖိုးက နဂိုက တည်းက ဒီလောက်ပဲပေါက်သင့် တာပါ။ ဒါပေမဲ့ ကုမ္ပဏီက အလားအလာကောင်းတော့ ရှယ်ယာပိုင် ထားတဲ့သူက မရောင်းချင်ကြဘူး’’ ဟု သီလ၀ါကုမ္ပဏီတွင် ရှယ်ယာ ပိုင်ဆိုင်ထားသည့် အမျိုးသမီးက ပြောသည်။

သီလ၀ါအများပိုင်ကုမ္ပဏီ တွင် အစုရှယ်ယာလေးသန်းခန့် ရှိပြီး ကုမ္ပဏီစတင်တည်ထောင် ရန် ရှယ်ယာများရောင်းချစဉ်က ကျပ်တစ်သောင်းဖြင့် ရောင်းချခဲ့ ခြင်း ဖြစ်သည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချခွင့်ရရှိထား သည့် FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများဆက်တိုက်ကျဆင်းနေပြီး ဇူလိုင် ၁၃ ရက်တွင် ရှယ်ယာတစ်စု လျှင် အနိမ့်ဆုံးဈေး ကျပ် ၂၀,၀၀၀ အထိ ကျဆင်းသွားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှသိရသည်။

ယင်းကုမ္ပဏီသည် စတင်ရောင်းချချိန်တွင် ရှယ်ယာတန်ဖိုး ဆက်တိုက်မြင့်တက်ပြီး တစ်ရက်တည်း အစုရှယ်ယာနှစ်သိန်းကျော်အထိ အရောင်းအ၀ယ် ဖြစ်ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service