“သာသနာ့”မြေ လျှောက်မှာလား “သိမ်မြေ” လျှောက်မှာလား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ အရင်သွား

“သာသနာ့”မြေ လျှောက်မှာလား “သိမ်မြေ” လျှောက်မှာလား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ အရင်သွား - Property News in Myanmar from iMyanmarHouse.com
13 Jul 2016 10:59 am တွင် တင်ခဲ့သည်
4181 ကြိမ် ကြည့်ရှု့ပြီး
၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ နိုင်ငံ တော်အစိုးရသည် မြန်မာပြည်အနှံ့အပြား နယ်တိုင်းမြို့တိုင်း၌ မြို့ကွက်သစ်များ ဖော်ထုတ်ပေးပြီး ၀န်ထမ်းနှင့် ပြည်သူများ ကို နေရာချထားပေးခဲ့သည်ကို တွေ့ရ သည်။ ယင်းသို့ လူအများကို မြေကွက်ဖော် ၍ နေရာချထားပေးရာတွင် ဗုဒ္ဓသာသနာ တော်အတွက် သာသနာမြေများကိုလည်း တစ်ပါတည်းချထားပေးသည်ကို တွေ့ရ သည်။ ထို့အတူ ရဟန်းသံဃာများအတွက် သိမ်မရှိလျှင် ရဟန်းဖြစ်ခွင့်မရှိသဖြင့် သိမ်ရှိဖို့ လိုသည်။ သို့သော် ရဟန်းတော် များသည် လောကီကိစ်္စများနှင့် အလှမ်းဝေး ကြသဖြင့် သာသနာမြေ၊ သိမ်မြေများ ဥပဒေနှင့်အညီ လျှောက်ထားရယူပုံကို သိရှိနိုင်ရန် လိုအပ်ပါသဖြင့် လေ့လာတင်ပြ လိုပါသည်။

သာသနာမြေ သိမ်မြေများကို လျှောက် ထားနိုင်သူများ
သာသနာမြေ သိမ်မြေများကို လျှောက် ထားရာတွင် မည်သူတို့က လျှောက်ထားရ မည်ဖြစ်ကြောင်းကို အောက်ပါအတိုင်း သတ်မှတ်ချက်များ ပြဋ္ဌာန်းထားရှိပါသည်။

အခွန်လွတ် သာသနာမြေ လျှောက်ထား ခြင်း
သာသနာမြေလျှောက်ထားမှုအတွက် ဂေါပကအဖွဲ့ သို့မဟုတ် သာသနာ့ရေးရာ အဖွဲ့အစည်း သို့မဟုတ် ကျောင်းထိုင် ဘုန်းတော်ကြီးက စာဖြင့်ရေးသားလျှောက် ထားနိုင်သည်။

သိမ်မြေအတွက် လျှောက်ထားခြင်း
ဗုဒ္ဓသိမ်အတွက်ဖြစ်ပါက လျှောက်ထား သူသည် သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်မဟုတ် ရဘဲ လူဝတ်ကြောင်သာဖြစ်ရပါမည်။ (Applications for buddha thein grants may be made by layman only Din.31)

သိမ်မြေလျှောက်လျှင် သိမ်ဒကာကသာ လျှောက်ခွင့်ရှိ
သိမ်မြေကို ကျောင်းထိုင်ဘုန်းကြီး က လျှောက်ထားခြင်းမပြုရဘဲ သိမ်ဒကာက သာလျှင် လျှောက်ထားခြင်းပြုရန် သတ် မှတ်ထားသည်ကို သတိပြုရပါမည်။ သို့ သော် သိမ်မြေသတ်မှတ်ပေးရန်အတွက် သာသနာမြေကျပြီး ဧရိယာထဲမှသာ လျှောက်ထားနိုင်သဖြင့် လျှောက်လွှာတွင် မည်သည့်ကျောင်းတိုက်၏ သာသနာမြေကျ ပြီး “အာရာမ်”အတွင်းမှဖြစ်ကြောင်းနှင့် ကျောင်းအမည်၊ ကျောင်းထိုင်ဆရာတော် ၏ ဘွဲ့နာမတို့ကို ထည့်သွင်းဖော်ပြရပါသည်။

သာသနာမြေလျှောက်ထားခြင်း
သိမ်မြေအပါအ၀င် အခွန်လွတ်သာ သနာမြေများကို လျှောက်ထားရာတွင် ပါဝင်ရမည့် အထောက်အထားအချက် အလက်များကို လျှောက်ထားသူများက ပြည့်စုံစွာ တင်သွင်းအထောက်အကူပြုပေး နိုင်သည်နှင့်အမျှ အမှုတွဲဆောင်ရွက်မှု လွယ်ကူမြန်ဆန်မည်ဖြစ်ရာ မည်သို့လျှောက် ထားရမည်။ မည်သည့်စာရွက်စာတမ်းများ ပါဝင်ရမည်ဆိုသည်ကို နားလည်သိရှိစေ ရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

သာသနာမြေအတွက် လျှောက်ထားနည်း နှင့် ဗုဒ္ဓသိမ်အတွက် လျှောက်ထားနည်းတို့ ကို အောက်ပါအတိုင်း ခွဲခြားရှင်းလင်း တင်ပြ လိုပါသည်။

အခွန်လွတ်သာသနာမြေ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ လိပ်မူ လျှောက်
အခွန်လွတ်သာသနာမြေများ လျှောက် ထားမှုကို ယခင်က အရေးပိုင်ထံ လျှောက် ထားရသော်လည်း ယခုအခါ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးထံ လိပ်မူလျှောက်ထား ရပါသည်။ လျှောက်လွှာ၌ အောက်ပါစာရွက် စာတမ်းအထောက်အထားအချက်အလက် များ ဖော်ပြပါရှိရမည်ဖြစ်ပါသည်။

(က) လျှောက်ထားသူအမည်၊ နေရပ် လိပ်စာ၊ အဖွဲ့အစည်း၊ ရာထူးတာဝန်
(ခ) လျှောက်ထားမြေတည်ရှိသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကွင်း အမှတ်၊ ဦးပိုင်အမှတ်
(ဂ) လျှောက်ထားမြေ၏ ဧရိယာဧက
(ဃ) လျှောက်ထားမြေ၏ ဧရိယာနယ် နိမိတ်လေးရပ် သို့မဟုတ် အလားအလာ (၄)ရပ် (ဥပမာ ။ ။ အရှေ့/အနောက်/ တောင်/မြောက်)
(င) မည်သည့်အတွက် လျှောက်ထား ခြင်းဖြစ်သည်။ (ဥပမာ။ ။ ကျောင်းဆောက် ရန်)
(စ) ယင်းမြေနှင့် ပတ်သက်သည့် အထောက်အထားများ (စာရွက်စာတမ်း အပြည့်အစုံ)
(ဆ) မြေစာရင်းဌာန၏ လျှောက်ထား မြေအတွက် မြေရာဇ၀င်နှင့်ပုံစံ (၁၀၅) သက်သေခံ မြေပုံ ၂-ပုံ (ဥပမာ မြို့တော် စည်ပင်မှရရှိသည့် မြေပုံ/မြို့နယ်မြေစာရင်း မှ ရရှိသည့် မြေပုံ)
(ဇ) ဆောက်လုပ်ပြီး သို့မဟုတ် ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ် ရန် လျာထားသော ကျောင်း၊ ဇရပ်၊ အဆောက်အအုံ၏ Front View and Side View ပုံစံများ ဥပမာ (အဆောက်အအုံ လိုင်စင်ရ အင်ဂျင်နီယာနှင့် ရေးဆွဲထား သည့် အဆောက်အအုံပုံစံများ)
(ဈ) အထက်မြန်မာပြည်မြေနှင့် အခွန်ဥပဒေအမိန့်ဆင့်ဆိုချက် ၃၂ (က) (၁)နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာ မြေများ၊ နည်းဥပဒေ ၅၁ (၁)အရ လျှောက် ထားမြေသည် ဘိုးဘွားပိုင်မြေဖြစ်ပါက ယင်းမြေကိုလက်ရှိထားပိုင်ဆိုင်နေသော ပိုင်ရှင်ဖြစ်သူက ၎င်းင်း၏ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်သို့ မှတ်ပုံတင် ထားသော တရားဝင်လွှဲပြောင်းစာချုပ် (registration deed)ဖြင့် “အာလယပြတ်”ပြန်လည်စွန့်လွတ်အပ်နှံထားသော စာချုပ် စာတမ်း
(ည) အစိုးရက စီမံချထားနိုင်သော မြေ (Land at the disposal of government) တွင် ချထားပေးခဲ့သော ဂရန်မြေဖြစ်ပါက အစိုးရထံ စာချုပ်စာတမ်းဖြင့် ပြန်လည်အပ်နှံ ရန်မလိုပါ။ မိမိ၏ လက်ရှိထားမှုကို အခွန် လွတ်သာသနာမြေချထားနိုင်ရန်အတွက် ပြန်အပ်ကြောင်း ကြေညာစာတမ်းကို ရေးသားတင်ပြလိုပါသည်။
(a written declaration by the occupier will suffice to enable the land to be treated as unoccupied land at the disopsed of government for the purpose of a grant under rule 52/32)

လျှောက်ထားပုံအနှစ်ချုပ်
သာသနာ့မြေလျှောက်လျှင် ကျောင်း ထိုင်ဘုန်းကြီးဖြစ်စေ၊ သာသနာရေးအဖွဲ့မှ ဖြစ်စေ၊ ဂေါပကအဖွဲ့မှဖြစ်စေ လျှောက် ထားနိုင်ပါသည်။ “သိမ်”မြေလျှောက်လျှင် သိမ်ဒကာလူပုဂ်္ဂိုလ်က လျှောက်ရမည်။ လျှောက်ထားရမည့်နေရာမှာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးထံတွင် တင်ပြလျှောက် ထားရမည်။

ပူးတွဲတင်ပြရမည့်အချက်များ
မြို့တော်စည်ပင်မှ ထုတ်ယူထားသည့် မြေပုံ/မြေရာဇ၀င်နယ်မြို့များဖြစ်ပါက ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန) ထုတ်ပေးသည့် ပုံစံ (၁၀၅)နှင့် သက်သေခံမြေပုံ ၂ ပုံ လိုင်စင်ရအင်ဂျင် နီယာရေးဆွဲထားသည့် အဆောက်အအုံ ပုံစံများ (BQ)မြေပိုင်ရှင်ဖြစ်ပါက စာချုပ် စာတမ်းမှတ်ပုံတင်ရုံးတွင် မြေပိုင်ရှင်က မိမိမြေအား စွန့်လွှတ်သည့် စာချုပ်ချုပ်ပေး ရပါမည်။ သို့သော် ဂရန်မြေဖြစ်ပါက အစိုးရထံ စာချုပ်စာတမ်းဖြင့် ပြန်လည်အပ်နှံ ရန် မလိုအပ်ပါ။ အခွန်လွတ်သာသနာ့မြေ လျှောက်ထားပုံများကို လာမည့်လတွင် ဆက်လက်ဖော်ပြပေးပါမည်။ လက်ရှိ သာသနာ့မြေ/သိမ်မြေများ လျှောက်ထားနေ သူများ ရှိပါက ၀၉ ၂၅၁၀၁၅၀၈၉, ၀၉ ၇၃၀၁၉၅၀၆ စာရေးသူထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ခေတ္တရာမြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
“သာသနာ့”မြေ လျှောက်မှာလား “သိမ်မြေ” လျှောက်မှာလား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ အရင်သွား - Property News in Myanmar from iMyanmarHouse.com
“သာသနာ့”မြေ လျှောက်မှာလား “သိမ်မြေ” လျှောက်မှာလား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ အရင်သွား - Property News in Myanmar from iMyanmarHouse.com
“သာသနာ့”မြေ လျှောက်မှာလား “သိမ်မြေ” လျှောက်မှာလား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ အရင်သွား - Property News in Myanmar from iMyanmarHouse.com
“သာသနာ့”မြေ လျှောက်မှာလား “သိမ်မြေ” လျှောက်မှာလား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ အရင်သွား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service