ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသခံတွေ ဘိုးဘွားပိုင်မြေမှာ ဟိုတယ်ဆောက်လုပ်ခွင့်ပေးဖို့ ရှိမရှိ လွှတ်တော်တင်ပြမည်ဟုဆို

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသခံတွေ ဘိုးဘွားပိုင်မြေမှာ ဟိုတယ်ဆောက်လုပ်ခွင့်ပေးဖို့ ရှိမရှိ လွှတ်တော်တင်ပြမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Jul 2016 10:33 am တွင် တင်ခဲ့သည်
1417 ကြိမ် ကြည့်ရှု့ပြီး
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေနေရာမှာ ဟိုတယ် ၊ မိုတယ် ဆောက်လုပ်ခွင့်တားမြစ်ထားတာကို လွှတ်တော်မှာ တင်ပြဆွေးနွေးမယ်လို့ မန္တလေးတိုင်းလွှတ်တော် သာသနာရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ ဦးဝင်းမြင့်ခိုင်က ပြောခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ် ။

အခုလ ၈ ရက်ပြုလုပ်တဲ့ မန္တလေးတိုင်း လွှတ်တော်သာသနာရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆပ်ကော်မတီနဲ့ ဒေသခံတွေဆုံပွဲမှာ အခုပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

‘ကျွန်တော်တို့ မြို့က တခြားစီးပွားရေးလုပ်ငန်းက ဘာမှလုပ်လို့မရဘူး ၊ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဟိုတယ် ၊ မိုတယ် ၊ အင်းတွေလောက်ပဲ လုပ်လို့ရတယ် ၊ အဲဒါကြောင့် ရှေးဟောင်းအဆောက်အအုံနဲ့ ပေ ၁၂၀ ကျော်ကွာဝေးရင် ဒေသခံတွေကို ဆောက်လုပ်ခွင့်ပေးဖို့ အဲဒီနေ့က တောင်းဆိုခဲ့တာပါ’ လို့ ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးမြင့်ဦးက ပြောပါတယ် ။

ညောင်ဦးမြို့ဟာ မြင်းခြံ ၊ ကျောက်ပန်းတောင်း ၊ ချောက် ၊ ပခုက္ကူမြို့တွေရဲ့ အလယ်မှာရှိတဲ့အတွက် အခြားစီးပွားရေးလုပ်ငန်းလုပ်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ် ။

‘ကျွန်တော်တို့က တခြား ခရိုနီတွေလို ဧက ၂၀ ၊ ၃၀ လောက်ကို ကျပ်သိန်းသောင်းချီအကုန်ကျခံပြီး တည်ဆောက်နေတာမဟုတ်ပါဘူး ၊ တည်ဆောက်နေတာ မဟုတ်ပါဘူး ၊ တခြားစီးပွားရေးလဲ လုပ်လို့မရဘူး ၊ လိုင်စင်တွေချမပေးဘူးဆိုတော့ ဒေသခံတွေနစ်နာတာပေါ့’ လို့ဦးမြင့်ဦးက ပြောပါတယ် ။

ဒေသခံတွေအနေနဲ့ ဥပဒေနဲ့ညီပါက ဆောက်လုပ်ခွင့်ချထားပေးဖို့အပြင် ဟိုတယ်ဝန်ဆောင်မှုသင်တန်းလည်း ဖွင့်လှစ်ပေးစေချင်တယ်လို့ သိရပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service