ရွှေဈေး ကျပ်ရှစ်သိန်းခွဲခန့်ဖြစ်လာ ဈေးကွက်တွင် အ၀ယ်တန့်

ရွှေဈေး ကျပ်ရှစ်သိန်းခွဲခန့်ဖြစ်လာ ဈေးကွက်တွင် အ၀ယ်တန့် - Property News in Myanmar from iMyanmarHouse.com
12 Jul 2016 10:22 am တွင် တင်ခဲ့သည်
3540 ကြိမ် ကြည့်ရှု့ပြီး
သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်း ခွဲခန့်ဈေးဖြစ်လာပြီး ဆိုင်များ တွင် အ၀ယ်ရပ်တန့်သည့်အနေ အထားသို့ ရောက်ရှိနေကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သတင်း ရရှိသည်။

‘‘ရွှေဈေးက သမိုင်း တစ် လျှောက်မှာ နေ့တိုင်း အမြင့်ဆုံး ဈေးတွေဖြစ်နေတယ်။ ဆိုင်တွေ မှာ လာဝယ်တဲ့သူမရှိတော့ဘူး။ လာရောင်းတဲ့ သူတွေပဲရှိတော့ တယ်’’ ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲ ထွက်ခြင်းကြောင့် ကမ္ဘာ့ရွှေဈေး နှင့် စတော့အိတ်ချိန်းရှယ်ယာများ ကမောက်ကမဖြစ်ရာမှ ပြည်တွင်း ရွှေဈေးနှုန်း တက်လာရခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လက်ရှိရွှေဈေးတက်ရခြင်း မှာ ကမ္ဘာ့ရွှေဈေးတက်ခြင်း၊
မိုး လယ်ကာလ အတွင်း ရွှေကုန် ကြမ်းပစ္စည်းများ ရွှေဈေးကွက်အ တွင်း မ၀င်ရောက်ခြင်းနှင့် မြန်မာ ကျပ်ငွေ တန်ဖိုးမာလာခြင်းကြောင့်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

‘‘ပြည်တွင်းရွှေဈေးက ကမ္ဘာ့ ရွှေအဖွင့်ဈေးအောက်မှာပဲ ရှိနေ သေးတော့ အသင်းက ထိန်းချုပ်ဖို့ မလိုလောက်သေးဘူး။ ဒီရွှေဈေးတက်တာကလည်း တခြား ကုန်ဈေးနှုန်းတွေကို ထိခိုက်လောက်တဲ့ အနေအထားမရှိသေးဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ရွှေဝယ်ယူထား သူများက ပြန်လည်ရောင်းချနေ ပြီး ၀ယ်ယူသူ နည်းပါးကြောင်း မန္တလေးမြို့ အောင်သမာဓိရွှေ ဆိုင်မှ မန်နေဂျာ ဦးမောင်က ပြော ကြားသည်။

‘‘အခုရွှေဈေးက အတက်အ ကျကြမ်းနေတယ်။ တစ်ကျပ်သား ကို လေးသောင်းလောက်အမြတ် ရနေတော့ ထုတ်ရောင်းနေကြ တယ်’’ ဟု ဦးမောင်က ပြောကြား သည်။

ဇူလိုင် ၁၁ ရက်တွင် လက်ရှိ ရွှေဈေးသည် အခေါက်ရွှေတစ် ကျပ်သားလျှင် ၈၄၈,၈၀၀ ကျပ် ဖြင့် ဈေးပိတ်ခဲ့သည်။ ရွှေဈေးတက်ခြင်းသည် ရွှေကုန်သည်များက ဈေးကစား၍ ရွှေဈေးတက်ခြင်းမဟုတ်ဘဲ သမားရိုးကျဈေးတက်ခြင်းဖြစ်ကြောင်း ဦးမောင်က ပြောကြားသည်။

ရွှေဈေးအတက်အကျများ နေခြင်းကြောင့် ရွှေပန်းထိမ်
လုပ်ငန်းများ အခက်အခဲဖြစ်နေကြောင်း ရွှေပန်းထိမ် လုပ်သား ဦးသန့်စင်က ပြောသည်။

‘‘အတက်အကျများနေတော့ ဘယ်သူမှ ပန်းထိမ်မလုပ်နိုင်ကြ တော့ဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၅ တွင် အခေါက်ရွှေဈေးနှုန်း ကျပ်ရှစ်သိန်း ဈေးမြင့် တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေ သမိုင်းလောကတွင် ယခုနှုန်းသည် အမြင့်ဆုံးပေါက်ဈေး ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service