နေပြည်တော်က တန်ဖိုးနည်းအိမ်ရာတွေကို အိမ်ငှားတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေးမယ်

နေပြည်တော်က တန်ဖိုးနည်းအိမ်ရာတွေကို အိမ်ငှားတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေးမယ် - Property News in Myanmar from iMyanmarHouse.com
12 Jul 2016 10:18 am တွင် တင်ခဲ့သည်
1137 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်ရွှေနံ့သာရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချရာမှာ ဆောင်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကြပ်မတ်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ် ။

‘နေပြည်တော်က တန်ဖိုးနည်းအိမ်ရာတွေကို အမှန်တကယ်ဝင်ငွေနည်းအိမ်ပိုင်မရှိတဲ့ ပြည်သူလူထုနဲ့ ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီး နေစရာအခက်အခဲဖြစ်နေတဲ့ ဝန်ထမ်းတွေကို ရည်ရွယ်ပါတယ် ၊ ဒါကြောင့်ရောင်းချတဲ့ပုံစံနဲ့ ဘယ်လိုလူမျိုးကိုရောင်းမယ်ဆိုတာကို ဝန်ကြီးကိုယ်တိုင်အဖွဲ့ဖွဲ့ပြီး ကြပ်မတ်မှာဖြစ်ပါတယ်’ လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန (နေပြည်တော်) တည်ဆောက်ရေးအင်ဂျင်နီယာချုပ် ဦးတင်ကြည်က ပြောပါတယ် ။

လက်ရှိအချိန်မှာ ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်မှာ အခြေကျလာပြီဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းတွေကလည်း ရုံးခွဲဖွင့်တာတွေနဲ့ ကုမ္ပဏီလက်ခွဲလာရောက်ဖွင့်လှစ်တာတွေ ရှိနေပါတယ် ။ ဝန်ထမ်းတွေအတွက်တော့ နေထိုင်ဖို့ အခက်အခဲတွေရှိနေပါတယ် ။ နေပြည်တော်ရဲ့ အချက်အခြာကျတဲ့ သပြေကုန်းရပ်ကွက်မှာရှိတဲ့ အိမ်ငှားဈေးနှုန်းကြီးမြင့်နေတာတွေကြောင့် သာမန်လူတွေအတွက် နေထိုင်ဖို့ အဆင်မပြေကြပါဘူး ။

‘တချို့ရတဲ့လစာနဲ့ အိမ်ငှားခနဲ့ ဘယ်လိုမှရပ်တည်လို့ မရဘူး ၊ နောက်တစ်ချက်က ငှားနေပြီး ငါးနှစ် ၊ ၁၀ နှစ်သာ ကြာသွားတယ် ၊ ဘာမှတိုးတက်မလာဘူး ၊ ဒါတွေကြောင့် အရစ်ကျနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ပိုင်ဆိုင်နိုင်အောင် အကောင်အထည်ဖော်တာပါ ၊ နောက်တစ်ခုက အစိုးရဝန်ထမ်းတွေ တာဝန်ယူနေတုန်းကတော့ အစိုးရအိမ်ပြန်အပ်ရတော့မှ လစာကလည်းနည်းသွား ၊ အိမ်ကလည်းမရှိ ၊ အသက်လဲကြီးနေပြီ စတဲ့ဒုက္ခတွေ ကြုံရတော့တာပါပဲ ၊ ဒီလိုလူတွေကိုလဲ အဆင်ပြေအောင် စီစဉ်ပေးချင်တာပါ ၊ ဒါကြောင့်အခုဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝန်ကြီးက သူကိုယ်တိုင် သေချာကြီးကြပ်ရောင်းမှာပါ’ လို့ ဦးတင်ကြည်က ပြောပါတယ် ။

နေပြည်တော်မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို နှစ်မျိုးတည်ဆောက်နေတာဖြစ်ပါတယ် ။ အာရ်စီနဲ့ Steel Structure ဆိုပြီးဖြစ်ပါတယ် ။ အခန်းဖွဲ့စည်းတည်ဆောက်ပုံကတော့ နှစ်မျိုးစလုံးကို ၂၀ x ၂၀ ပေ တိုက်ခန်းအကျယ် ၄၀၀ စတုရန်းပေနဲ့ အတူတူဖြစ်ပါတယ် ။ တန်ဖိုးနည်းအိမ်ရာဖြစ်လို့ ဝန်ကြီးကလည်း တန်ဖိုးနည်းနိုင်သမျှ နည်းရမယ်လို့ လမ်းညွန်ထားပေမဲ့ အဆောက်အအုံရဲ့ ကြံ့ခိုင်မှုနဲ့ တခြားလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကိုလည်း အပြည့်အစုံထည့်သွင်းဆောက်လုပ်နေတယ်လို့ ဆိုပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service