နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ပါက နိုင်ငံခြားသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်မည်

နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ပါက နိုင်ငံခြားသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
11 Jul 2016 10:56 am တွင် တင်ခဲ့သည်
2026 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းပါဝင်သည့် ကုမ္ပဏီများကို နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ်
ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်
ဦးအောင်နိုင်ဦး က ပြောသည်။

လက်ရှိ ကုမ္ပဏီများ အက် ဥပဒေအရ နိုင်ငံခြားသား
ရှယ်ယာ ၁ ရာခိုင်နှုန်းပါဝင်သော ကုမ္ပဏီ များကိုသာ နိုင်ငံခြားသားကုမ္ပဏီ ဟု သတ်မှတ်နေပြီး
ယင်းအစား အထက်ပါအတိုင်း ပြောင်းလဲမည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

‘‘ဒီလို ရှယ်ယာအချိုးအစား ကို ၀န်ကြီးက သတ်မှတ်မယ်လို့ ဥပဒေထဲမှာ ထည့်ထားတယ်။ ဒီ အချက်က အခုထွက်မယ့် ဥပဒေ အသစ်မှာ တစ်ခါတည်း ပါလာ မယ်။အခုလက်ရှိ ပုဂ္ဂလိကကဏ္ဍနဲ့ သဘောတူထားတာက ၃၅ ရာခိုင် နှုန်း နိုင်ငံခြားသားပိုင်မယ်ဆိုရင် နိုင်ငံခြား ကုမ္ပဏီအဖြစ် သတ်မှတ်မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ နှင့် နိုင်ငံခြားသားပိုင်
ကုမ္ပဏီ ခွဲ ခြားသတ်မှတ်ရန် ပုဂ္ဂလိက ကဏ္ဍ နှင့် အခြေအနေသုံးခုကို ဆွေးနွေး ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ဆို သည်။ ပထမအခြေအနေမှာ မည် သည့် ကုမ္ပဏီမဆို ပြည်တွင်း၌ တည်ထောင်ပါက နိုင်ငံသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းဖြစ် သည်။

ဒုတိယ အမျိုးအစားမှာ နိုင်ငံသားအများစုပါဝင်လျှင် နိုင်ငံ သားပိုင်ကုမ္ပဏီဟုသတ်မှတ်ပြီး နိုင်ငံခြားသားအများစုပါဝင်လျှင် နိုင်ငံခြားသားပိုင်ကုမ္ပဏီဟု သတ် မှတ်ခြင်းဖြစ်သည်။ တတိယနည်း မှာ အထက်ပါအတိုင်း ရှယ်ယာ ပမာဏကို ခွဲခြားသတ်မှတ်ခြင်း ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

‘‘ရှယ်ယာ တစ်ရာခိုင်နှုန်း နိုင်ငံခြားသားပါတာနဲ့ နိုင်ငံခြား သားပိုင်ကုမ္ပဏီသတ်မှတ်တယ်။ အဲဒီလို ဖြစ်သွားရင် ရေခွန်ရော မီတာခရော အကုန်လုံး ဒေါ်လာနဲ့ ဆောင်ရတယ်။ လုပ်ရကိုင်ရတာ အရမ်းခက်ခဲတယ်။ ဘယ်သူမှ မ လိုက်နာချင်ကြဘူး’’ဟု UMFCCI တွဲဖက် အတွင်းရေးမှူး ဦးအေး လွင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ကုမ္ပဏီများနှင့်ပတ်သက်ပြီး ၁၉၁၄ ၌ ပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီများအက်ဥပဒေသာရှိပြီး ယင်းဥပဒေဖြင့်သာ ပုဂ္ဂလိက ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများနှင့် နိုင်ငံခြား ကုမ္ပဏီခွင့်ပြုခြင်းနှင့်ဖျက်သိမ်းခြင်းတို့
ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုအခါအဆိုပါဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်နေသည်။အဆိုပါ ကုမ္ပဏီဥပဒေအပြင် ၂၀၁၂ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။

ထို့ ကြောင့် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံ သားနှင့် နိုင်ငံခြားသား ခွဲခြားမှုရှိနေ သည်ဟု ထောက်ပြမှုများကြောင့် အဆိုပါဥပဒေနှစ်ခုကို ပြန်လည် ပေါင်းစည်းရန် စီစဉ်နေခြင်းဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service