တန်ဖိုးတွေ အမှန်နည်းဖို့လိုပြီ

တန်ဖိုးတွေ အမှန်နည်းဖို့လိုပြီ - Property News in Myanmar from iMyanmarHouse.com
8 Jul 2016 12:50 pm တွင် တင်ခဲ့သည်
1867 ကြိမ် ကြည့်ရှု့ပြီး
လူတစ်ယောက် ၊ မိသားစု တစ်စု အတွက် ဘ၀မှာ စားဝတ်နေရေးဆိုတဲ့ လိုအင် သုံးခုပြည့်စုံဖို့ လိုပေမယ့် ကျောချစရာ နေရေးတစ်နေရာ အရင်ရပြီးမှ စားရေး နဲ့ ၀တ်ရေးကိုလူတိုင်းက စဉ်းစားဖြေရှင်းကြရတာ ဖြစ်ပါတယ် ။ ဒီလိုတစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ နိုင်ငံမှာ
လူတွေရဲ့ လိုအင်ဆန္ဒပြည့်ဝစေဖို့ အတွက် ဈေးကြီးတဲ့ လူသုံးကုန်ပစ္စည်းတွေထက်ဈေးသက်သာတဲ့ ပစ္စည်းလေးတွေ က ပိုမိုအရောင်းအ၀ယ် သွက်တာ က သဘာဝ ဘဲဖြစ်ပါတယ်။

လူအများစု တစ်ဦးချင်း ၀င်ငွေ နိမ့်ပါးနေတဲ့ နိုင်ငံ ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ကုန်ထုတ်လုပ်မှု တွေက မယှဉ်သာအောင်နည်းပါးတဲ့ အခြေအနေထဲမှာ ရေပေါ်ဆီ လူ့မလိုင် လူတန်းစားတွေ ၊ခရိုနီလူတန်းစား တွေကလွဲလို့ ၀န်ထမ်းတွေ ၊ လူလတ်တန်းစားတွေ နဲ့ အခြေခံလူတန်းစားတွေအားလုံး နီးပါး နေ့တဓူဝ ရပ်တည်ရှင်သန်ဖို့အသည်းအသန် အားထုတ် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေနဲ အညီ တာဝန်လွှဲပြောင်းထမ်းဆောင်နေပြီ ဖြစ်တဲ့ ဒီမိုကရေစီ အစိုးရတွေလက်ထက်မှာတော့ လက်ရှိပြည်သူတွေ ရဲ့ ဘ၀အခြေအနေ လိုအင်ဆန္ဒတွေ ကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ အတွက် လုပ်ဆောင်ကြတဲ့ အခါမှာတော့ တန်ဖိုးနည်းဆိုတဲ့ စကားရပ်ကခတ်စားလို့လာပါတယ်။

ဒီဘက်ခေတ် လူတွေ ပါးစပ်ဖျားမှာ တန်ဖိုးနည်းဖုန်း ၊ တန်ဖိုးနည်းအိမ် ၊တန်ဖိုးနည်းကား ၊ တန်ဖိုးနည်းတိုက်ခန်းဆိုပြီး ရေပန်းစားလာကြပါတယ် ၊ အရင်ခေတ် ကလိုဈေးတွေအရမ်းကြီးလို့အိမ်တွေကားတွေ တိုက်ခန်းတွေ ကို စိတ်ကူးတောင် မယဉ်ရဲ့တဲ့ ခတ်တစ်ခုကနေ အခုဆိုရင်တန်ဖိုးနည်းဆိုတဲ့ စကားရပ်ကြောင့် လူလတ်တန်းစားတွေနဲ့ အခြေခံလူတန်းစားတွေရဲ့အတွေးအခေါ်လေးတွေလည်း ပာင်းလဲ တိုးတက်ပြီး ငါနဲ့လည်း သက်ဆိုင်လာပါလား ဆိုတဲ့အသိလေးတွေ ၊ တန်ဖိုးနည်းဆိုတဲ့ သည်းခြေကြိုက် စကားလုံးတွေ အသည်းကြားမှာ
ဘ၀င်ခိုက်စရာဖြစ်လာပါပြီ ။ ကိုယ်မတက်နိုင်လို့ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး ခပ်ကင်းကင်း နေလို့ရပေမယ့်တန်ဖိုးနည်းဆိုတဲ့ စကားလုံးတွေ တွင်ကျယ်လာတဲ့ ယနေ့ အချိန်မှာတော့ သုမနတွေ ကိုယ်တိုင်ကလည်းပာင်းလဲလာတဲ့ ခေတ်အခြေအနေ အရ ဖြစ်ထွန်းလာတဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ ကိုလက်ကမ်းလို့ ကြိုလာကြပါပြီ ။

တစ်ချိန်တစ်ခါတုံးကတော့ ဖုန်းတစ်လုံးဆို ကျပ်သိန်း ၃၀ လောက်ပေးဝယ်ကိုင်ခဲ့ရတဲ့ ခေတ်တစ်ခေတ်ကနေ အခုဆိုကျပ် ၁၅၀၀ လာက်နဲ့ ဖုန်းတွေ ပေါပေါလောလော ၀ယ်ကိုင်နိုင်တဲ့ အထိ အပြောင်းအလဲတွေဖြစ်လာခဲ့ပါပြီ။ အောင်မြင်ခဲ့ပါတယ်။ သိန်းသောင်းချီတန်တဲ့ ကားတွေမူဝါဒအပြောင်းအလဲကြောင့် သိန်းထောင်ဂဏန်း၊ ရာဂဏာန်းအထိ ကျဆင်းလာတာကြောင့်လူတော်တော်များများ လက်လှမ်းမီ ၀ယ်စီးနိုင်လာကြလို့ ရန်ကုန်မှာ ကားတွေ ကြပ်လာတဲ့ ဘေးထွတ်ဆိုးကျိုးကို တောင်ခံစားနေရပါပြီ ၊ ဒါပေမယ့်လည်း ဒီဘက်ခေတ်မှာ လူတော်တော်များများ ကားဝယ်စီးလာနိုင်အောင် လမ်းဖွင့်ပေးတဲ့ မူဝါဒကိုတော့ လက်ခံကြိုဆိုကြရမှာဖြစ်ပါတယ်။

လမ်းတွေ ကြပ်လာတာတော့ တစ်ပိုင်းပေါ့ နေရေး အတွက်ဆိုလည်း ဒီမိုကရေစီ အစိုးရတွေ ဖြစ်တာကြောင့် လူတွေရဲ့ လိုအင်ဆန္ဒကို
ဖြည့်ဆည်းမှ သာ လူထု ထာက်ခံမှု တွ ရနိုင်တာဖြစ်တာကြောင့်လည်း တန်ဖိုးနည်းအိမ် ၊တန်ဖိုးနည်းတိုက်ခန်း ၊ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းတွေ ကို အင်တိုက်အားတိုက် ယခင်အစိုးရလက်ထက်မှာ သူစွမ်းနိုင်သလောက်ရနိုင်တဲ့ ဘတ်ဂျတ် အခြေအနေ နဲ့ ချိန်ဆပြီး ဆောက်လုပ်ခဲ့ပါတယ်။

တန်ဖိုးနည်းကား ၊ တန်ဖိုးနည်း ဖုန်းတွေနဲ့ တန်းဖိုးနည်း အိမ်ရာစီမံကိန်းတွေဆိုတဲ့စကားလုံးတွေ အကြားမှာကို ကွာဟချက်ကတော့ အများကြီးရှိပါတယ်၊ အလွယ်တကူ ထပ်တိုးဖို့ခက်ခဲတဲ့ မနေရာတွေ ၊ တန်ဖိုးနည်းအိမ်ဆောက်ဖို့ အတွက် မြင့်မားတဲ့ ဆောက်လုပ်ရေး
ကုန်ကျစရိတ်တွေ ၊ အချိန်အတန်ကြာ ရင်းနှီးမြုပ်နှံရမယ့် ငွေကြေး အင်အားတွေကြောင့်လည်းတန်ဖိုးနည်းအိမ်ရာတွေ ၊ တန်ဖိုးနည်း တိုက်ခန်းတွေကို အစိုးရပိုင်း ၊ အာဏာပိုင် တွေကဘဲလုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေ ရှိပါတယ် ။ မြေဈေး ကြီးလို့ လုပ်ငန်းရှင်တွေ လက်တွန့်ကြတဲ့အပိုင်းလည်းပါတာပေါ့။

စားသောက်ကုန်ဈေးနှုန်းတွေ ၊ နေထိုင်မှု ကုန်ကျစရိတ်တွေ ၊ လူ့အသုံးအဆောင်ပစ္စည်းတွေရဲ့ဈေးနှုန်းက ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဈေးနှုန်းတွေနဲ့ ယှဉ်ရင်ဖွံ့ဖြိုးပြီးနိုင်ငံတကာက ကုန်ဈေးနှုန်းတွေကို အမှီလိုက်နိုင်ပေမယ့် လူတစ်ဦးချင်း တစ်နှစ်စာ ရတဲ့
ဝင်ငွေတွေက နိုင်ငံတကာ နဲ့ယှဉ်ရင် အတော်လေးနိမ့်ပါးနေတယ် လို့ ကမ္ဘာဘဏ် ကဝေဖန်သုံးသပ်ထားပါတယ် ။

ကုန်ဈေးနှုန်းက နိုင်ငံတကာကို ရင်ဘောင်တန်းပေမယ့်လည်း ရေပေါ်ဆီ လူတစ်စုကလွှဲလို့နိုင်ငံသား တော်တော်များများရဲ့ တစ်ဦးကျ ၀င်ငွေ ၊ ပညာအရည်အချင်း ၊နည်းပညာသစ်တွေကိုသုံးစွဲနိုင်တဲ့ အခြေအနေ စစ်တမ်းတွေနဲ့ ယှဉ်ကြည့်ရင်တော်တော်လေးကို ခေတ်နောက်ကျ ကျန်ရစ်နေတာ ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။

အရင်အစိုးရ လက်ထက်မှာတော့ မြေနေရာ အနည်းအကျဉ်းမှာ တန်ဖိုးနည်းအိမ်ရာတွေ ၊တန်ဖိုးနည်း တိုက်ခန်းတွေ ဆောက်ပြီး အများပြည်သူကို ရောင်းချပေးခဲ့ပေမယ့်လည်းဆင့်ပါးစပ်နှမ်းပက်သလို ထိရောက်မှု မရှိတဲ့ အပြင် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတစ်ခန်း တန်ဖိုးကလည်းအနည်းဆုံး ကျပ်သိန်း ၁၀၀ အထက် ရောင်းချခဲ့တာကြောင့် ပြင်ပလောကမှာ စားဖို့တောင်အနိုင်နိုင် မနက်နဲ့ညရုန်းကန်နေရတဲ့ သုမန တွေ အနေနဲ့ တန်ဖိုးနည်းဆိုတဲ့ စကားလုံးသာကြားလိုက်ရတာသာ ရှိပြီး ဒီတိုက်ခန်းတွေ အိမ်တွေ တော်တော်များများက ငွေကြေးတက်နိုင်တဲ့ လူတွေ ရဲ့လက်ထဲကို ဘဲ အများအပြား ရောက်လို့သွားပါတော့တယ် ။

နိုင်ငံတော်ကအလကား စိုက်ထုတ်လိုက်ရတဲ့ မြေတွေ အတွက်လည်း တကယ်အိမ်ရာပိုင်ဆိုင်ဖို့ခက်တဲ့ ပြည်သူတွေ လက်ထဲ
မရောက်တဲ့ အတွက် အကျိုးမရှိသလို ဖြစ်သွားပါတယ်။နေရာကောင်းက တန်ဖိုးနည်းတွေ ၊ တန်ဖိုးမျှတတိုက်ခန်းတွေကို ယူထားတဲ့
လူတွေတော်တော်များများကလည်း သူတို့နေဖို့ထက် အမြတ်တင်ပြန်ရောင်းဖို့ ၊ ဌားစားဖို့လုပ်နေတာကို အိမ်ခြံမြေ ကြော်ညာတွေမှာကို မြင်နေကြားနေရပါပြီ ၊ဘာကြောင့် တိုက်ခန်းလိုတဲ့ ပြည်သူတွေ လက်ထဲကို တန်ဖိုးနည်းအိမ်ရာ တွေ မရောက်ရသလဲ ဆိုတဲ့အဖြေကို ရှာဖို့လိုလာပါပြီ ၊ သိန်း ၁၀၀ လုံး မသွင်းနိုင်ရင်တောင်ဘဏ်နဲ့ချိတ်ပြီး သိန်း ၃၀ အရင်သွင်း၊ဘဏ်တိုးနဲ့ ပေါင်းလိုက်ပြီး အခန်းတန်ဖိုးကို အလွန်ဆုံး ရှစ်နှစ် အထိ သွင်းဆိုပြီးလုပ်ပေးလိုက်ပါတယ် ၊ အခြေခံလူတန်းစားတွေ လက်ထဲမှာ ငွေသိန်းသုံးဆယ် မပြောနဲ့
ငွေသုံးသောင်းတောင် လက်ထဲမှာ ကြာကြာမကိုင်ထားနိုင်တဲ့ လူတန်းစားတွေက ဆင်းရဲတဲ့ကျွန်တော်တို့ တိုင်းပြည်မှာ ထုနဲ့ထေး ပါ ၊ ဒီတော့ လမ်းဘေးမှာဘဲ ဖြစ်ဖြစ် ၊မြေကွက်လွတ်တွေမှာဘဲ ဖြစ်ဖြစ် အဆင်ပြေသလို တဲလေးထိုး နေလာကြရတဲ့ အတွက် လှိုင်သာယာ
ဆို ကျုးကျော်မြို့တော်လို့တောင် တစ်ချို့က ချစ်စနိုးနဲ့ ခေါ်နေကြပါပြီ ။

တစ်နှစ်တစ်နှစ်မှာ လူသုံးသိန်းလောက် ရန်ကုန်မှာ လာပြီးနေတဲ့ လူများလာသလို ၊ မွေးဖွားလာတဲ့လူဦးရေ တွေကြောင့်လည်း ရန်ကုန်မှာ နှစ်စဉ်အိမ်ခန်း ရှစ်သောင်းကနေ တစ်သိန်းကြားလိုအပ်လျက်ရှိပါတယ် ။ ၂၀၁၄ သန်းခေါင်စာရင်းအရ လည်း ရန်ကုန်လူထုရဲ့ လူဦးရေ ၅ ဒသမ ၂၁ သန်းမှာ၆၀ ရာခိုင်နှုန်းက အိမ်ဌားနေရတယ်လို့ သိထားတဲ့ အတွက် အစိုးရသစ်လက်ထက်မှာ လုပ်မယ့် သိန်း ၁၀၀အောက်တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို လူတိုင်းက မျှော်လင့်နေကြတာဖြစ်ပါတယ် ။

မြန်မာတစ်ပြည်လုံးက မြို့ကြီးတွေမှာ အခန်း တစ်သိန်းလောက်ထိ လုပ်ဖို့ ကြေညာထားတဲ့ အပြင်သိန်း ၇၀ နဲ့ပါ ရောင်းအုံးမယ်ဆိုတော့ ၀င်ငွေနည်းမိသားစုတွေ မျှော်ကုန်ကြတာပေါ့။အရင်အစိုးရလက်ထက်လိုဘဲ မဲနှိုက်ငွေသွင်း စနစ်လား ၊ ၃၀ ရာခိုင်နှုန်းအရင်သွင်း ကျန်တဲ့ငွေနဲ့ ဘဏ်တိုးနဲ့ကိုရှစ်နှစ် အရစ်ကျ သွင်းစနစ်နဲ့ သွားအုံးမယ်ဆိုရင်တော့ တန်ဖိုးနည်းအိမ်ရာတွေက ပြည်သူ့လက်ဝယ်
အမှန်ရောက်ဖို့ အလှမ်းဝေးနေမှာဖြစ်ပါတယ်။

ငွေကြေးနဲ့ မစိုက်ထုတ် ရင်းနှီးတဲ့အစိုးရကော ၊ တကယ်နေစရာ မရှိလို့ ဘ၀ကိုကြပ်ကြပ်တည်းတည်း နဲ့ ကျော်ဖြတ်ရုန်းကန်နေရတဲ့ ပြည်သူတွေ လက်ထဲကို တန်ဖိုးနည်းတွေအမှန်တကယ်ေ၇ာက်ဖို့ အတွက် နိုင်ငံတကာ အိမ်ရာ အဖွဲ့အစည်းတွေ ၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေကအိမ်ရာစနစ်တွေ အတိုင်း အနည်းဆုံး နှစ်ပေါင်း ၂၀ နှစ်ရှည်အရစ်ကျ ပေးသွင်းနိုင်တဲ့ စနစ်ကိုဖော်ဆောင်ဖို့လိုလာပါပြီ ၊ ငွေကြေးချမ်းသာတဲ့ တစ်ဦးတစ်ယောက်ထဲကနေ မြေတွေအများကြီး အိမ်တွေ တိုက်ခန်းတွေ အများကြီး ၀ယ်ယူပိုင်ဆိုင် ဈေးကစားနေတာကိုလည်း
ထိရောက်တဲ့ အခွန်စနစ်တွေနဲ့ အိမ်တစ်လုံးထက် ပိုမိုပိုင်ဆိုင်တာနဲ့ အမျှ တစ်လုံးချင်းဆီကို အခွန်တိုးကောက်တဲ့စနစ် ကျင့်သုံးရင် ဘယ်သူမှလည်း ၀င်ပြီးဈေးကစားတော့ မှာ မဟုတ်လို့ အိမ်ဈေး ၊ မြေဈေး ၊တိုက်ခန်းဈေးတွေလည်း အထိုက်အလျောက် ကျသွားမှာသေချာပါတယ်။အရေးအကြီးဆုံးဖြစ်တဲ့ဘဏ်စနစ်အခုထက်အဆပေါင်းများစွာအားကောင်းဖို့လိုနေပါတယ်။ဒါမှလည်းတန်ဖိုးနည်း အခန်းတွေအမှန်တကယ် နေမယ့်လူတွေ လက်ထဲကို ရောက်သွားမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါလိမ့်မယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service