ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဂျပန်၊ထိုင်းတို့နှင့် ဆွေးနွေးနေသော်လည်း ညွှန်ကြားချက်မထွက်သေးဟုဆို

ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဂျပန်၊ထိုင်းတို့နှင့် ဆွေးနွေးနေသော်လည်း ညွှန်ကြားချက်မထွက်သေးဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Jul 2016 10:45 am တွင် တင်ခဲ့သည်
646 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်အထူးစီးပွား ရေးဇုန်နှင့်ပတ်သက်၍ အစိုးရ သစ်သည် ထိုင်း၊ ဂျပန်နိုင်ငံတို့နှင့် ဆွေးနွေးနေသော်လည်း စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် တစ်စုံ တစ်ရာ ညွှန်ကြားချက် ထွက်မ လာသေးကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ မှ သတင်းရရှိသည်။

‘‘အသေးစိတ်က အစိုးရကို မေးမှရမယ်။ ဦးတို့က စောင့်ကြည့်နေရတဲ့ အနေအထားပါ’’ ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဟံစိန်ကပြောသည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့ပူး ပေါင်းအကောင်အထည်ဖော်နေ သည့် ထားဝယ်အထူးစီးပွားရေး ဇုန်တွင် ဂျပန်နိုင်ငံက ပူးပေါင်းပါ ၀င်ရင်းနှီးမြှုပ်နှံရန် ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူသည် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်၊ ဟီ တာချီကုမ္ပဏီလီမိတက်ဒါရိုက် တာ ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ခံအမှုဆောင်အရာရှိချုပ်တို့နှင့် ဇူ လိုင် ၇ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံစလုံး အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်၍ ထားဝယ်အထူးစီးပွားရေး ဇုန် တည်ဆောက်မှုကို အရှိန်အ ဟုန်မြှင့်ဆောင်ရွက်ရန် ဒေါ် အောင်ဆန်းစုကြည်နှင့်ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဇွန်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိစီမံခန့်ခွဲရေးကော်မတီသည် လုပ်ငန်းလုပ်ကိုင်နိုင် သည်များ လုပ်ကိုင်နေပြီး အစိုးရ သစ် ညွှန်ကြားချက်ကို စောင့်နေသည်ဟု ဦးဟံစိန်ကပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်း အကောင်အထည် ဖော်ရန် ၂၀၁၂ တွင် နှစ်နိုင်ငံစတင်ဆွေးနွေးပြီး ၂၀၁၃ နိုဝင်ဘာ၌
အီတာလျံ-ထိုင်းကုမ္ပဏီက စီမံကိန်းမှ နုတ်ထွက်ပြီးနောက် စီမံကိန်းကိုတစ်နှစ်ခန့် ရပ်နားထားခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံကိုဖိတ်ခေါ်ပြီး ဂျပန်နိုင်ငံက စီမံကိန်း၏ ဒုတိယအဆင့်တွင် ပါဝင်မည်ဟု သဘောတူညီထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service