ဒရိုင်ဘာမှ ဒါရိုက်တာဖြစ်လာသော ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် - ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၅)

ဒရိုင်ဘာမှ ဒါရိုက်တာဖြစ်လာသော ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် - ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၅) - Property News in Myanmar from iMyanmarHouse.com
7 Jul 2016 11:50 am တွင် တင်ခဲ့သည်
15586 ကြိမ် ကြည့်ရှု့ပြီး
ဂျိမ်းစ်ကင်မရွန်ဆိုလျှင် ကမ္ဘာပေါ်တွင် မကြားဖူးသူမရှိ။
ဂျိမ်းစ်ကင်မရွန်၏ ကြီးကျယ်ခမ်းနားသော ကမ္ဘာကျော်ရုပ်ရှင်များကိုကြည့်ရှုရသူတို့အနေဖြင့် ဒါရိုက်တာသည် ဥစ္စာဓနပေါကြွယ်ဝသော မိသားစုတွင် မွေးဖွားပြီးကမ္ဘာကျော်ရုပ်ရှင်သင်
တန်းကျောင်းကြီးများတွင် တက်ရောက်ဆည်းပူးခဲ့သူတစ်ဦးဖြစ်ရမည်ဟုသာ တွက်ဆကြမည် ဖြစ်သည်။

ကမ္ဘာကျော်ဒါရိုက်တာကြီးတစ်ဦးဖြစ်လာစေမည့် ကျွမ်းကျင်တတ်မြောက်မှုများရစေရန်အတွက် နုငယ်စဉ်
ဘ၀နေ့ရက်များကတည်းက ကောင်းစွာပျိုးထောင် မြေတောင်မြှောက်ပေးခြင်းခံရမည်ဟု သုံးသပ်ကြမည်သာ ဖြစ်သည်။
ဟောလိဝုဒ်၏အကြီးကျယ်ဆုံးဒါရိုက်တာကြီးတစ်ဦးဖြစ်မလာမီတွင် အခက်အခဲအနည်းအကျဉ်းသာ ကြုံရဖွယ်ရှိသည်ဟုလည်း တွေးထင်ကြမည်ဖြစ်သည်။

စင်စစ်တွင်ကားယင်း ထင်မြင်ချက်အားလုံးမှားယွင်းလေ
သည်။ဂျိမ်းစ်ကင်မရွန်သည် ဟောလိဝုဒ်တွင် ရွှေဇွန်းကိုက်၍ မွေးဖွားလာသူမဟုတ်ချေ။
နောင်တစ်ချိန်တွင် ကမ္ဘာ့ပြည်သူတို့၏ စိတ်နှလုံးကို သိမ်းကျုံးလှုပ်ခတ်စေသည့် ရုပ်ရှင်ကားကြီးများ ရိုက်ကူးမည့် ဂျိမ်းစ်ကင်မရွန်ကို ၁၉၅၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တွင် ကနေဒါနိုင်ငံ၊အွန်တေရီယိုပြည်နယ်ရှိ ကျေးလက်တောရွာကလေးတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ဂျိမ်းစ်ကင်မရွန်သည် ငယ်စဉ်ကပင် နည်းပညာဆိုင်ရာများကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး ရူပဗေဒဘာသာရပ်ကို အထူးစိတ်ဝင်စားခဲ့သည်။
သို့ရာတွင် အများတွေးထင်သကဲ့သို့ ကြွယ်ဝချမ်းသာသူမဟုတ်သည့်အပြင် ကောလိပ်တွင် ပညာဆည်းပူးခဲ့ဖူးခြင်းလည်း မရှိရှာချေ။
ဂျိမ်းစ်ကင်မရွန်သည် အထက်တန်းအောင်ပြီးနောက် ကုန်ကားမောင်းခြင်း၊အလုပ်ကြမ်းများလုပ်ခြင်းများကို
နှစ်ပေါင်းများစွာ လုပ်ကိုင်ရင်း အခွင့်အလမ်းကောင်းကို စောင့်နေခဲ့၏။

အလုပ်နားချိန်များတွင် စာကြည့်တိုက်သို့သွားကာ ရုပ်ရှင်တည်းဖြတ်ခြင်းနှင့် စပ်လျဉ်းသည့် စာအုပ်များ၊ special effects အကြောင်းရေးသားထားသည့် စာအုပ်များစွာ ဖတ်ရှုလေ့လာခဲ့ရသည်။
ပညာရှာရာတွင်ဂျိမ်းစ်ကင်မရွန်ကို ထောက်ပံ့ကူညီမည့်သူ၊
ရေလောင်းပေါင်းသင်မည့်သူ မရှိခဲ့။
ကိုယ့်ဒူးကိုယ်ချွန် ပညာဆည်းပူးခဲ့ရခြင်း ဖြစ်၏။

စာကြည့်တိုက်သို့ နွမ်းနွမ်းစုတ်စုတ်ဖြင့် စာလာဖတ်လေ့ရှိသော လူငယ်ကလေးတစ်ဦးသည် နောင်အခါတွင် ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်နိုင်သည့် ဇာတ်ကားကြီးများရိုက်ကူးကာ ကမ္ဘာကျော်ဒါရိုက်တာကြီး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ တွေးထင်ခဲ့ကြမည် မဟုတ်ချေ။

ဒရိုင်ဘာအဖြစ် နှစ်ပေါင်းအတန်ကြာလုပ်ကိုင်ရင်း ရုပ်ရှင်နှင့်ပတ်သက်သည့် စာအုပ်များစွာဖတ်ရှုလေ့လာခဲ့ပြီးနောက် ဂျိမ်းစ်ကင်မရွန်အတွက် အခွင့်အလမ်းတစ်ခုကို ပေါ်လာ၏။
နယူးယောက်ရှိ John Carpenters Escape တွင် animator အဖြစ် အလုပ်ရခဲ့လေသည်။ animator အဖြစ်သာမက ရုပ်ရှင်အထူးပြုလုပ်ချက်များဆိုင်ရာ လက်ထောက်အဖြစ်လည်း တာဝန်ယူရ၏။

ဂျိမ်းစ်ကင်မရွန်သည် ယင်းအလုပ်ကို လစာမည်မျှရစေဟု မျှော်ကိုးကာ ၀င်ရောက်လုပ်ကိုင်ခဲ့ခြင်း မဟုတ်ဘဲ အလုပ်လုပ်ရင်း ရုပ်ရှင်တည်းဖြတ်သည့် အတတ်ပညာများ လေ့လာနိုင်ရန် အဓိကရည်ရွယ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီတွင်လုပ်ကိုင်ရင်း ရုပ်ရှင်တည်းဖြတ်ခြင်းအတွက် လိုအပ်သည့်အတတ်ပညာရပ်များအားလုံးကို အပတ်တကုတ် လေ့လာခဲ့ရာ ယင်းသို့အနွံတာခံလုပ်ကိုင်ဆည်းပူးမှုများက ၁၉၈၀ ပြည့်လွန်များတွင် ရိုက်ကူးခဲ့သည့်ရုပ်ရှင်များတွင် အောင်မြင်မှု အသီးအပွင့်များ ခံစားခဲ့ရစေသည်။

ဂျိမ်းစ်ကင်မရွန်သည် ရည်မှန်းချက်ကြီးမားသူဖြစ်သောကြောင့် သူ၏ ကျွမ်းကျင်မှုကို အမြဲတိုးတက်စေရန် အပြင်းအထန်ကြိုးပမ်း၏။
အဆိုပါကုမ္ပဏီတွင်လုပ်ကိုင်နေချိန်တွင် ဂျိမ်းစ်ကင်မရွန်သည် ကမ္ဘာ့ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက်ကျော်ကြားလာမည့်
The Terminator ဇာတ်လမ်းကို ရေးသားခဲ့သည်။

အဆိုပါဇာတ်လမ်းကို ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများစွာသို့ သွားရောက်ပြသ၏။ရုပ်ရှင်ကုမ္ပဏီအားလုံးက ဂျိမ်းစ်ကင်မရွန်၏ ဇာတ်လမ်းကို သဘောကျကြသည်။
ကုမ္ပဏီများစွာက The Terminator ဇာတ်လမ်းကို ဒေါ်လာ ဂဏန်း ၆ လုံးခန့် ပေး၍ ၀ယ်ကြ၏။

သို့ရာတွင် ဂျိမ်းစ်ကင်မရွန်က မရောင်း။ ယင်းဇာတ်လမ်းကို ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးခွင့်ပေးရန်သာ တောင်းဆိုသည်။
ရုပ်ရှင်လောကနှင့် သူစိမ်းပြင်ပြင်သာဖြစ်သော ဂျိမ်းစ်ကင်မရွန်ကို မည်သည့်ကုမ္ပဏီကမျှ အထင်မကြီးသောကြောင့် ၎င်း၏ တောင်းဆိုမှုကို လက်မခံခဲ့ကြချေ။

နောက်ဆုံးတွင်ကား ယင်းရုပ်ရှင်ကို ထုတ်လုပ်ပေးမည့်သူ ပေါ်လာ၏။
အဆိုပါထုတ်လုပ်သူက The Terminator ဇာတ်လမ်းရိုက်ကူးရန်အတွက် ဂျိမ်းစ်ကင်မရွန်ကို ဒါရိုက်တာလစာကြေးအဖြစ်ပေးသည့်ငွေမှာ ၁ ဒေါ်လာ (တစ်ဒေါ်လာ) သာ ဖြစ်လေသည်။

ယင်းဇာတ်လမ်းတွင် အဓိကသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ရန် ဂျိမ်းစ်ကင်မရွန်ရွေးချယ်လိုက်သည့် သရုပ်ဆောင်မှာလည်း လူမသိသူမသိ သရုပ်ဆောင်တစ်ဦးဖြစ်သူ အာနိုးရှဝါဇနက်ဂါ ဖြစ်လေသည်။
လူမသိသူမသိ ဒါရိုက်တာ၊ သရုပ်ဆောင်တို့ဖြင့် ရိုက်ကူးခဲ့သော The Terminator သည် တဟုန်ထိုး နာမည်ကျော်ကြား အောင်မြင်သွား၏။

ဂျိမ်းစ်ကင်မရွန်သည် ရုပ်ရှင်လောကသို့ ခြေချကာ ဇာတ်ကားတစ်ကားတည်း ရိုက်ကူးအပြီးတွင်ပင် ရုပ်ရှင်လောက၏ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တော့သည်။

ယင်းနောက်ပိုင်းတွင် ရိုက်ကူးသော Aliens၊ Terminator 2 နှင့် True Lies ဇာတ်ကားများ ရိုက်ကူးပြီးနောက်တွင်ကား အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့တော့သည်။

ဂျိမ်းစ်ကင်မရွန်သည် အချိန်ကြာမြင့်လေ ပိုမိုထူးချွန်အောင်မြင်လာလေဟူသော ပုဂ္ဂိုလ်မျိုးဖြစ်၏။
ယနေ့တိုင် ကမ္ဘာ့ရုပ်ရှင်ပရိသတ်တို့၏ ရင်ကို ကိုင်လှုပ်ထားနိုင်ဆဲဖြစ်သော Titanic ဇာတ်ကားကြီးသည် ဂျိမ်းစ်ကင်မရွန်၏ အနုပညာသက်တမ်းတွင် အနုပညာအရသာမက စီးပွားရေးအရလည်း အောင်မြင်မှု အရခဲ့ဆုံး ရုပ်ရှင်ကားကြီး ဖြစ်လေသည်။

သို့ရာတွင် Avatar ဇာတ်ကားကို ရိုက်ကူးလိုက်ချိန်တွင်ကား Titanic ဇာတ်ကားကြီးထက်ပင် စီးပွားရေးအရ အောင်မြင်မှုရခဲ့ပြီး သမိုင်းတစ်လျှောက် ၀င်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ရပ်တည်ခဲ့သည်။

တစ်ချိန်ကမူ ကားဒရိုင်ဘာတစ်ဦးဖြစ်၏။
စာကြည့်တိုက်ထဲတွင် နုံချာစုတ်ပြတ်စွာဖြင့် စာလာဖတ်လေ့ရှိခဲ့သူတစ်ဦးဖြစ်၏။
ဒါရိုက်တာအဖြစ် ရိုက်ကူးစေရန် မည်သည့်ရုပ်ရှင်ကုမ္ပဏီကမျှ အထင်မကြီးခဲ့သူတစ်ဦးဖြစ်ခဲ့၏။
ယနေ့အခါတွင်ကား ဂျိမ်းစ်ကင်မရွန်သာ ရုပ်ရှင်ရိုက်လိုသည်ဆိုပါက ငွေအထုပ်လိုက် ထုတ်ပေးမည့် ကုမ္ပဏီများ တန်းစီနေလေပြီ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒရိုင်ဘာမှ ဒါရိုက်တာဖြစ်လာသော ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် - ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၅) - Property News in Myanmar from iMyanmarHouse.com
ဒရိုင်ဘာမှ ဒါရိုက်တာဖြစ်လာသော ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် - ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၅) - Property News in Myanmar from iMyanmarHouse.com
ဒရိုင်ဘာမှ ဒါရိုက်တာဖြစ်လာသော ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် - ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၅) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service