ကမ္ဘာ့လူမျိုးပေါင်း ၂၀ဝ ကျော်အခြေချ နေထိုင်လျက်ရှိပြီး ကမ္ဘာပေါ်တွင် ခေတ် အမီ ဆုံးမြို့ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဒူဘိုင်းရင်ဆိုင်ရလျက်ရှိသော အကြီးမားဆုံးစိန်ခေါ်မှုမှာ တန်ဖိုးမျှတနေ အိမ်များ လိုအပ်လျက်ရှိခြင်းဖြစ်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု ဒုတိယ သမ္မတ၊ ဝန်ကြီးချုပ်ဖြစ်သူ ရှိတ်မိုဟာမက် ဘက်ရာရှစ် အယ်လ်မာ့ခ်တန်က ပြောကြား သည်ဟု အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၂၀၁၆ ခုနှစ်အတွင်း အိမ်ရာစီမံကိန်း များစွာ ဈေးကွက်သို့တင်သွင်းခဲ့သော် လည်း တန်ဖိုးကြီးအိမ်ရာများသာ ဖြစ် နေသည်။ အာရပ်စော်ဘွားများပြည်ထောင်စု စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ နိုင်ငံသားများ၏ပျှမ်းမျှတစ်ဦးချင်း ဝင်ငွေမှာ ဒီးဟမ်ငွေ ၂၀ဝçဝ၀ဝ (ကန်ဒေါ်လာ ၅၄၄၅၈)အောက်သာ ရှိသည်။
နေအိမ်ငှားရမ်းခမှာမူ ဒူဘိုင်းတွင် ပျှမ်းမျှ ဒီးဟမ် ၁၈၁çဝ၀ဝ ခန့်ရှိနေရာ ဝင်ငွေနှင့် လူနေမှုစရိတ် သဟဇာတမဖြစ် မှုကို ညွှန်ပြနေသည်။
ဒူဘိုင်းတွင် မိသားစုတစ်ခု၏ စုစုပေါင်း ဝင်ငွေမှာ ဒီးဟမ် ၂၄၀çဝ၀ဝ မှ ၃၆၀çဝ၀ဝ အကြားရှိသည်။ လက်ရှိတွင် တန်ဖိုးမျှတ အိမ်ရာ ကွက်လပ်ကိုဖြည့်ဆည်းနိုင်ရန် ဒူဘိုင်း Developer တို့က Al Khail Gate နှင့် Remram ကဲ့သို့ အိမ်ရာများ စတင် ဖော်ဆောင်လာနေသည်။
ဒူဘိုင်းတွင် အလယ်အလတ်တန်းဝင် ငွေရှိ လူတန်းစားပမာဏမြင့်တက်လာ လျက်ရှိရာ အဆိုပါအိမ်ထောင်စုများ အတွက် တန်ဖိုးမျှတအိမ်ရာများ လိုအပ် လျက်ရှိနေသည်။
တန်ဖိုးမျှတအိမ်ရာများဆောက် လုပ်ခြင်းဖြင့် အရေးပါသည့် အောက်ပါ ကဏ္ဍများပေါ်တွင် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်သည်။
(၁) ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖျော် ဖြေရေးကဏ္ဍများ
(၂) ဂျီဒီပီအပေါ် အထောက်အပံ့ပေး သည့် အသေးစားနှင့်အလတ်စားလုပ် ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်မှု
(၃) ကွဲပြားခြားနားသော ဈေးကွက်တစ်ခု ဖန်တီးခြင်းအားဖြင့် အိမ်ခြံမြေဈေး ကွက်ကို မျှခြေထိန်းနိုင်ပြီး ဈေးကွက် မပျက်အောင် ကာကွယ်နိုင်ခြင်း
(၄) ဒေသတွင်းနှင့် နိုင်ငံတကာ ဝယ်လက် များ၊ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် နိုင်ခြင်း စသည်တို့ဖြစ်သည်။
အေးအေးအိအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com