ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးအပိုင် ကျွဲခေါင်းကွင်းလယ်မြေများ အရောင်းအဝယ်ဖြစ်နေဆဲ

ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးအပိုင် ကျွဲခေါင်းကွင်းလယ်မြေများ အရောင်းအဝယ်ဖြစ်နေဆဲ - Property News in Myanmar from iMyanmarHouse.com
7 Jul 2016 10:25 am တွင် တင်ခဲ့သည်
1668 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီး ကျေးရွာအုပ်စု ကျွဲခေါင်းကွင်းလယ်မြေများကို လယ်သမားများက မြေကွက်များဖော်ထုတ်၍ ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှ စ၍ ရောင်းချနေခဲ့ရာ ယခုတိုင် အရောင်း အဝယ်ဖြစ်နေသေးကြောင်း မြေကွက်ဝယ်သူများထံမှ သိရသည်။

''ဒီနေ့ ကျွန်တော် (၁ဝ x ၆ဝ) ပေ မြေကွက်တစ်ကွက် သွားဝယ် တယ်။ ဆွေမျိုးသားချင်းမို့လို့ ငွေကျပ် ခုနစ်သိန်းနဲ့ ရခဲ့ပါတယ်။ ငုတ်စိုက်ပြီး မှတ်ခဲ့ပါတယ်။ ရောင်းသူက သူ့ရဲ့လယ်ပိုင်ဆိုင်မှု မိတ္တူစာရွက်တစ်ရွက်ပေး ပါတယ်။ စာချုပ်ချုပ်တဲ့နေရာမှာ ရာအိမ်မှူးက သိရှိကြောင်း လက်မှတ်ရေး ထိုးပေးတယ်။ ကျွန်တော်ဝယ်ခဲ့တဲ့ မြေက ကျွဲခေါင်းကွင်း ကွင်းအမှတ် (၁၃၉) ဦးပိုင်အမှတ် (၆/ဠ) ထဲကဖြစ်ပါတယ်။ အနီးအနားမှာလည်း မြေကွက်တွေ ဝယ်ထားလို့ ကျောက်တိုင်မှတ်စိုက်ထားတာ အများကြီးပဲ။ တချို့ဆို အိမ်ဆောက်ပြီး နေနေကြပြီ။ ကျွန်တော်လည်း နွေပေါက် ရင် အိမ်ဆောက်နေဖို့ ဝယ်ခဲ့တာပါ''ဟု ရွှေပြည်သာ အမှတ်(၁၂)ရပ်ကွက် စံပယ်လမ်းတွင် အိမ်ငှား နေထိုင်ပြီး မြေကွက်ဝယ်ခဲ့သူ ကိုအောင်ကပြောသည်။

ကျွဲခေါင်းကွင်းရှိ လယ်သမားအများစုသည် ၎င်းတို့ပိုင် လယ်မြေများအား ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များမှစ၍ အကွက်များရိုက်၍ ကိုယ်တိုင်ရောင်းချခြင်းရှိနေခဲ့ပြီး ယခုအခါတွင် လယ်စိုက်သူမရှိသလောက်ဖြစ်ကာ အကွက်များဖော်၍ ရောင်းချ ထားပြီးဖြစ်ကြောင်း၊ ရခိုင်ရိုးကြီး ကျေးရွာ ဧရိယာနှင့်ထိစပ်ရန် အနည်းငယ်သာကျန်တော့ကြောင်း တွေ့ရသည်။

လယ်သမားကြီးတစ်ဦးထံမှ လယ်မြေများကို တစ်ဆင့်ခံ ဝယ်ယူခဲ့ပြီး ရရှိလယ်မြေများကို လူနေထိုင်ရန် အကွက်များရိုက်၍ ရောင်းချမှုများပြုလုပ်နေ သည့် ပေါက်တန်း ဒိပ်ကုန်းရွာအဝင် လမ်းထိပ်တွင်နေထိုင်သော ဒေါ်ဝင်း စန္ဒာက ''ကျွန်မတို့ရဲ့ လယ်သမားဆီက လွန်ခဲ့တဲ့ ငါးနှစ် လောက်က ပေါက်ဈေး တစ်ဧက ငွေကျပ် ၃၅ သိန်း လောက်နဲ့ဝယ်ပြီး လုပ်လာကြတာ။ နောက်ပိုင်း လယ်ဈေးတွေက သိန်း ၅ဝဝ၊ ၆ဝဝ တွေဖြစ်သွားတော့ မဝယ်တော့ဘူး။ ဝယ်ပြီးသား ၃၅ ဧကလောက်ကို ၂ဝ၁၂ ခုနှစ် နောက်ပိုင်းထဲက ရောင်းနေတာ ပါ။ အခုဆိုရင် အားလုံး ရောင်းပြီးသလောက်ပဲ။ နှစ်ကွက်လောက်ပဲ ကျန်တော့တယ်။ လမ်းပေ ၂ဝ ဖော်တယ်။ (၂ဝx၆ဝ) ပေ အကွက် တွေရိုက် တယ်။ ဈေးကတော့ မတူဘူးပေါ့။ ၂၅ သိန်းကနေ ၃၅ သိန်းကြားမှာရပါ တယ်''ဟု ပြောသည်။

၎င်းလယ်မြေများသည် အလယ်ရွာအဝိုင်းမှ အနောက်ပိုင်းတက္ကသိုလ်သို့သွားရာ ကားလမ်းမကြီးဘေး တွင်ရှိနေပြီး ကားလမ်းမကြီး ဝဲ၊ ယာ တစ်လျှောက်တွင် ''တန်ဖိုးနည်းမြေကွက်များ ရောင်းရန်ရှိသည်'' စာသားပါ ဗီနိုင်းပိုစတာ များထောင်ပြီး လယ်မြေများ ရောင်းချသူများ အစီအရီရှိနေသည်ကို ဇူလိုင် ၃ ရက်က မြင်တွေ့ခဲ့ရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service