အိမ်ဝယ်ရန် ဘဏ်ချေးငွေတိုးမြှင့်ပေးဖို့ စီစဉ်

အိမ်ဝယ်ရန် ဘဏ်ချေးငွေတိုးမြှင့်ပေးဖို့ စီစဉ် - Property News in Myanmar from iMyanmarHouse.com
6 Jul 2016 11:33 am တွင် တင်ခဲ့သည်
18368 ကြိမ် ကြည့်ရှု့ပြီး
ဘဏ်ကနေချေးငွေဖြင့် အိမ်ရာဝယ်ယူသူများအား
ပြန်လည်အကျေပေးဆပ်ရမယ့် ကာလကို ရှစ်နှစ်မှ (၁၅) နှစ် အတွင်း တိုးမြှင့်ပေးဖို့ စီစဉ်နေပြီလို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ သိရပါတယ်။

““အခုအစိုးရသစ် လက်ထက်မှာ ဘဏ်ချေးငွေကို (၁၅) နှစ်ထိ တိုးမြှင့်ပေးနိုင်ဖို့ စီစဉ်နေတယ်။ လောလောဆယ်တော့ ၀န်ကြီးက မူဝါဒတွေပြင်ဖို့ ကြိုးပမ်းနေတယ်”” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။ဒါ့အပြင် ချေးငွေ အတိုးနှုန်းကိုလည်း လျော့ချဖို့ စီစဉ်နေတယ်လို့လည်း ဦးမင်းအောင်အေးက ဆိုပါတယ်။

အရင်က ငွေချေးယူသူများကို လေးနှစ်အတွင်း အကြေပေးဆပ်ဖို့ ကနေ ရှစ်နှစ် အတွင်းအကြေ ပေးဆပ်ရမယ်လို့ တိုးမြှင့်သတ်မှတ်ထားပါတယ်။
ဒီလိုဆောင်ရွက်ပေးတဲ့ အတွက် အိမ်ရာမဲ့ပြည်သူတွေနဲ့ ၀င်ငွေနည်း ၀န်ထမ်းတွေ အတွက် ပိုမို အဆင်ပြေစေမယ့် အပြင်လစဉ်ပေးဆပ်ရမယ့် ငွေကြေးပမာဏမှာလည်း
လျော့နည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်း ကာလတွေမှာ နိုင်ငံတကာ နည်းတူ ဘဏ်ချေးငွေကို နှစ် (၂၀) မှ နှစ်(၃၀) ထုတ်ချေးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုအချိန်မှာလည်း အိမ်ရာမဲ့ ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ဖို့ အတွက် အိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေ ပြီးတော့ မကြာမီ ကာလအတွင်းမှာလည်း တန်ဖိုးနည်း အိမ်ရာတွေ ထပ်ပြီးတော့ ရောင်ချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

““အခုကိုယ်က ဘဏ်ကချေးငွေ ယူထားတဲ့အခါ အတိုးနှုန်း သက်သာလို့ တော်သေးပေမယ့် ရှစ်နှစ်အတွင်းမှာ သိန်းခုနစ်ဆယ် သိန်းရှစ်ဆယ်လောက် ပိုက်ဆံကို အကြေပြန်ပေးမှာ ဖြစ်တော့ တစ်လ တစ်လပေးရတဲ့ အမောက်က များတယ်။ တကယ်လို့ (၁၅) နှစ် နှစ် (၂၀)လောက် အချိန်ရတယ် ဆိုရင်တော့ တော်တော် အဆင်ပြေသွားမှာပါ”” လို့ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူထားသူ မမျိုးမျိုးအေးက ဆိုပါတယ်။

အခုအစိုးရက ရောင်းချနေတဲ့ အရစ်ကျ အိမ်ရာဝယ်ယူသူတွေကို ပထမအရစ် (၃၀) ရာခိုင်နှုန်း ပေးသွင်းစေပြီတော့ ကျန် (၇၀) ရာခိုင်နှုန်းကို ဘဏ်ချေးငွေ ရယူပါက ရှစ်နှစ်အတွင်း အကြေပေးသွင်းစေတဲ့ စနစ်နဲ့ ရောင်းချပေးနေတယ်လို့ အိမ်ရာဝယ်ယူသူတွေဆီက သိရပါတယ်။

ဒီလို ရှစ်နှစ်အတွင်းမှာ ငွေအကြေပြန်လည် ပေးသွင်းတဲ့အခါ တစ်လလျှင် ငွေကျပ်သိန်းဂဏန်းနဲ့ ပေးချေနေရတာ ဖြစ်တဲ့အတွက် မိသားစုနည်းတဲ့ သူတွေ အတွက်ကတော့ ထိခိုက်မူ မရှိပေမယ့် မိသားစုများတဲ့ သူတွေအဖို့တော့ အဆင်မပြေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီအတွက် ၀င်ငွေနည်းပြည်သူတွေ အဆင်ပြေဖို့ အတွက် အစိုးရသစ် အနေနဲ့ နှစ်ရှည်ချေးငွေစနစ်နဲ့ သက်သာတဲ့ အတိုးနှုန်းတွေကို ပြောင်းလဲဖို့ လိုပါတယ်လို အိမ်ခြံမြေ အကျိုးဆောင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

““သက်သာတဲ့ အတိုးနှုန်းနဲ့ ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အတိုးနှုန်းက နိုင်ငံတကာနဲ့ ယှဉ်ရင်မြင့်နေတယ်။ တကယ်တော့ နိုင်ငံတကာက ၀င်လာတဲ့ ဘဏ်တွေက မြန်မာပြည်မှာရှိတဲ့ ဘဏ်တွေနဲ့ သက်သာတဲ့ အတိုးနှုန်းတစ်ခုနဲ့ သွားမယ် ဆိုရင်တော့ ပြည်သူတွေ အတွက် ဘယ်တုန်းကမှ မရှိခဲ့တဲ့ အခွင့်အရေးတွေ ရလာမှာပေါ့”” လို့ အိမ်ခြံမြေ အကျိုးဆောင် အသင်းရဲ့ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောပါတယ်။

ပြီးတော့ အိမ်ရာလိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့ အတွက် နိုင်ငံတော်ပိုင်မြေတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ဆောက်လုပ်ခွင့် ချထားပေးဖို့ လိုအပ်ပြီး ဒီလုပ်ငန်းရှင်တွေက ဆောက်လုပ်ပြီး ပြန်လည် ရောင်းချရင်တော့ အခန်းဈေးနှုန်း သက်သာစေမှာ ဖြစ်တဲ့အတွက် အကောင်အထည် ဖော်သင့်တယ်လို့ ၄င်းကဆက်လက်ပြောပါတယ်။

အခုဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေနဲ့ အိမ်ရာဝယ်လိုသူတွေကို ချေးငွေပေးတဲ့အခါ တစ်နှစ်ကိုချေးငွေရဲ့ (၁၂) ရာခိုင်နှုန်း အတိုးယူတယ်လို့ သိရပါတယ်။ ဒီအတိုးနှုန်းဟာ မြင့်မားတဲ့ အတိုးနှုန်း မဟုတ်ပေမယ့် အခြေခံ လူစားတွေနဲ့ ၀င်ငွေနည်း ပြည်သူတွေ အတွက်ကတော့ အဆင်ပြေ သက်သာစေမယ့် အတိုးနှုန်း မဟုတ်သေးပါဘူး။
အဲဒီအတွက် အိမ်ရာမဲ့ ပြည်သူတွေနဲ့ ၀င်ငွေနည်း ပြည်သူတွေ အတွက် အိမ်ရာပိုင်ဆိုင်နိုင်ဖို့ အတွက် သက်ဆိုင်တဲ့ဝန်ကြီးဌာနက သက်သာတဲ့ အတိုးနှုန်းနဲ့ နှစ်ရှည်ချေးငွေတွေ ထုတ်ချေးပေးနိုင်ဖို့ အတွက် ပံ့ပိုးမူတွေ၊ မူဝါဒတွေ၊ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ပေးဖို့ တာဝန်ရှိနေပါ တယ်။

““နိုင်ငံတကာမှာ ဆိုလည်း အိမ်ဝယ်ရင် အများစုက ဘဏ်နဲ့ပဲ ချိတ်ဆက်ပြီးတော့ ၀ယ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ချေးငွေကိုနှစ် (၃၀) လောက်ထားပေးတယ်။ ပြီးတော့ အတိုးနှုန်း ကလည်း သက်သာတယ်။ အဲဒီတော့ အများစုက ဘဏ်ကချေး ပြီးတော့ အရစ်ကျစနစ်နဲ့ပဲ ၀ယ်ကြတယ်။ ဒီမှာလည်းအစိုးရက အဲဒီလို လုပ်ပေးနိုင်ရင်တော့ တော်တော် အဆင်ပြေသွားမယ်”” လို့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်မြင့်က ဆိုပါတယ်။

အစိုးရသစ် အနေနဲ့ အိမ်ရာမဲ့ ပြည်သူတွေ အိမ်ရာပိုင်ဖို့ အတွက် အမှန်တကယ် ဈေးနှုန်း သက်သာတဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ဖို့ အတွက် ပုဂ္ဂလိကနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ လိုအပ်သလို နိုင်ငံခြား ဘဏ်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်ဖို့ လိုပါတယ်။

ဒါမှဝင်ငွေနည်း ပြည်သူတွေ အိမ်ရာဝယ်ယူနိုင်ဖို့ လက်လှမ်းမီလာမှာ ဖြစ်တဲ့အပြင် သက်သာတဲ့ ဘဏ်ချေးငွေ အတိုးနှုန်းကြောင့်လည်း မိသားစုများတဲ့သူတွေ အတွက် အဆင်ပြေစေတော့မှာ ဖြစ်ပါတယ်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service