မန္တလေးတိုင်းတွင် အသစ်ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာ၏ ထက်ဝက်ကို အခြေခံပညာရေးဝန်ထမ်းများအား အငှားနေထိုင်ခွင့်ပေးမည်

မန္တလေးတိုင်းတွင် အသစ်ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာ၏ ထက်ဝက်ကို အခြေခံပညာရေးဝန်ထမ်းများအား အငှားနေထိုင်ခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2016 11:12 am တွင် တင်ခဲ့သည်
1301 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး တွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွက် အသစ်ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာ၏ ထက်ဝက်ကို အခြေခံပညာရေးဝန်ထမ်းများ အား အငှားနေထိုင်ခွင့်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦး ဇာနည်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသ ကြီးတွင် ၀န်ထမ်းအိမ်ရာအဖြစ် အခန်းပေါင်း ၄၀၀ သာ ဆောက်လုပ်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်၌ အခန်းများကို တိုးချဲ့ဆောက် လုပ်မည်ဖြစ်ကြောင်း ၀န်ကြီး ဦး ဇာနည်အောင်က ပြောသည်။

‘‘မြေနေရာကတော့ ရှာနေ တုန်းပါပဲ။ အရင်အစိုးရက တောင်းသွားတဲ့ ဘတ်ဂျက်အ တိုင်းပဲ ဆောက်မယ်။ ဆောက် လို့ထွက်ရှိတဲ့ အခန်းတွေရဲ့ တစ်ဝက်တိတိကို အခြေခံပညာ ကျောင်းမှာ သင်တဲ့ ဆရာ၊ဆရာမ တွေကို တစ်ဝက်ပေးပါမယ်။ ဘာ လို့လဲဆိုတော့ နိုင်ငံသူ၊ နိုင်ငံသား တွေရဲ့ နှလုံးသားတပ်ဆင်တဲ့ နေ ရာကနေ တာဝန်ယူနေရတဲ့သူ တွေဖြစ်တယ်။ သူတို့ဟာ စား ၀တ်နေရေးမပြေလည်လို့ သူတို့ အလုပ်ကို သူတို့မလုပ်နိုင်ဘူး။ မယုံကြည်ဘူးဆိုရင် နှလုံးသားမရှိ တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဆရာ ၀န်ကြီးတွေ ထွက်လာမယ်။ လူ့အဖွဲ့အစည်းမှာ ဒီနေရာက အရေးကြီးတယ်။ တန်ခိုးရှိရင်တောင် အခြေခံပညာဆရာ၊ ဆရာမတွေ ကို လစာအများဆုံးနဲ့ အကောင်းဆုံးဖြစ်စေချင်တာ။ ပညာရေး ၀န်ထမ်းတွေကို အဓိက ထားပေး မယ်’’ဟု ဦးဇာနည်အောင်က ဆို သည်။

ဝန်ထမ်းအိမ်ရာအငှားချ ထားပေးရာတွင် လစာနည်းပါးသူ ကို ဦးစားပေးမည်ဖြစ်ပြီး လစာ နည်းခြင်းတူနေပါက လုပ်သက် အပေါ် မူတည်၍ ပေးမည်ဖြစ်ကာ ယင်းလုပ်သက်တူညီနေပါက အိမ်ထောင်ဖက်က ၀န်ထမ်းဖြစ် နေပါက ပိုမိုဦးစားပေးမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

‘‘အခြေခံပညာဝန်ထမ်းတွေ အတွက် ဒီလိုစဉ်းစားပေးတာ ကျေးဇူးတင်တယ်။ ဆရာမတို့က လစာအနေနဲ့ နည်းတယ်။ ပညာ ရေးဝန်ထမ်းတွေအတွက် နေထိုင် ဖို့ ချထားပေးတာကလည်း အခု ထိမလောက်ဘူး။ နောက်ပြီး ဆရာမတို့မှာ ကျူရှင်ပြလို့မရတဲ့ အတွက် အပိုဝင်ငွေမရှိပါဘူး’’ ဟု ချမ်းအေးသာစံမြို့နယ်နေ အ ခြေခံပညာအထက်တန်းကျောင်း မှ အထက်တန်းပြဆရာမတစ်ဦး က ပြောသည်။

ထို့အပြင် ၀န်ထမ်းများကို အငှားနေထိုင်ခွင့်ချထားပေးရာ တွင် လက်သင့်ရာ ချထားပေးမည်မဟုတ်ဘဲ တာဝန်ထမ်းဆောင်သည့် မြို့၌ အိမ်ပိုင်၊ မြေပိုင်မရှိသူသာ ချထားပေးမည်ဖြစ်ကြောင်းနှင့် မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ထားသူကိုလည်း လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနမှစုံစမ်းသိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service