မြေပြင်စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂ လုံးရလဒ် လာမယ့်အပတ်ထုတ်ပြန်မည်

မြေပြင်စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂ လုံးရလဒ် လာမယ့်အပတ်ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2016 10:28 am တွင် တင်ခဲ့သည်
1290 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့တဲ့ အစိုးရလက်ထက်က အဆောက်အအုံတည်ဆောက်ဖို့ ခွင့်ပြုမိန့်ကျပြီး (ပါမစ်ကြီး)တဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို လာမယ့် အပတ်မှာ စစ်ဆေးလို့ရတဲ့ အဖြေကို ထုတ်ပြန်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကိုစစ်ဆေးတဲ့ ရလဒ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ထားပြီးဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အဖြေကိုထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်မော်ဦးက ရန်ကုန်တိုင်းဒေသကြီးကို ကော်မတီအနေနဲ့ ပို့ထားပြီးပါပြီ ၊result ကတော့ တိုင်းဒေသကြီးကမကြာခင်ထုတ်ပြန်ပေးမှာပါ၊ရှေ့တပက်ကြားတာတော့ ဖြစ်နိုင်ပါလိမ့်မယ်၊တင်ပြထားပြီးပြီဆိုတော့လေ လို့ပြောပါတယ်။

တည်ဆောက်ခွင့်ရပ်ဆိုင်းထားခံရတဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကိုမြေပြင်ကွင်းဆင်းစစ်ဆေးမှု ဇွန်လ ၂၁ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး ၁၁ ကြာတဲ့ အထိ စစ်ဆေးတဲ့ ရလဒ်အဖြေကို မထုတ်နိုင်သေးတာ ဖြစ်ပါတယ်။သည်အဆောက်အအုံ ၁၂ လုံးကိုတည်ဆောက်ခွင့်ရပ်ဆိုင်းထားတာဖြစ်ပြီး ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်တယ်။

အထပ်မြင့်အဆောက်အအုံ ၁၂ လုံး ကိုသက်ဆိုင်ရာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်၊ရပ်မိရပ်ဖ တစ်ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၊မြန်မာနိုင်ငံဗိသုကာအသင်းက ကိုယ်စားလှယ်၊မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ကိုယ်စားလှယ်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာန၊အင်ဂျင်နီယာဌာန (အဆောက်အအုံ)ရန်ကုန်လျှပ်စစ်ဓါက်အားပေးရေးအဖွဲ့ ကမြို့နယ်အင်ဂျင်နီယာ၊မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ Urban Environmental ဌာန၊မီးသတ်ဦးစီးဌာန၊Geo Tech နဲ့ ပတ်သက်သူ YHT တို့နဲ့ စစ်ဆေးခဲ့တာဖြစ်တာဖြစ်ပါတယ်။

ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံ အလုံး ၁၄၀ ကျော်ကိုမြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီစေဖို့အတွက် အဆောက်အအုံ တွေကိုအသေးစိတ်ပြန်စီစစ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၂၀ ရက်နေ့က ကြေညာချက်ထုတ်ထားတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အထပ်မြင့် ၁၂ လုံးကိုစစစ်ခဲ့တာဖြစ်ပြီးစစ်ဆေးလို့ရတဲ့ အဖြေက တော်တော်လေးရှုပ်ထွေးလို့ တိုင်းဒေသကြီးက ထုတ်ပြန်မှ ရလဒ်ကို သိနိုင်မယ်လို့ဒေါ်လှိုင်မော်ဦးက ရှင်းပြပါတယ်။

နောက်ထပ် စစ်ဆေးဖို့ အဆောက်အအုံ ၁၄၁ လုံးရှိပြီး သည်အဆောက်အအုံတွေကို လက်ရှိစာရွတ်စာတမ်းစိစစ်နေပြီ လို့သိရပါတယ်။သည်အဆောက်အအုံတွေက ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပြုထားတဲ့ အဆောက်အဦးတွေဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service